Latest News

Tuesday, July 24, 2018

ငြိမ်းချမ်းရေး ဖခင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း (၅၄)နှစ်မြောက်အထိမ်းအမှတ် အခမ်းအနားကျင်းပ

ငြိမ်းချမ်းရေး ဖခင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း  (၅၄)နှစ်မြောက်အထိမ်းအမှတ် အခမ်းအနားကျင်းပ

ရန်ကုန် ဇူလိုင် ၂၃

ငြိမ်းချမ်းရေးဖခင် ဆရာကြီးသခင်ကိုယ်တော်
မှိုင်း ကွယ်လွန်ခြင်း (၅၄)နှစ်မြောက် အခမ်း
အနားကို ဇူလိုင် ၂၃ ရက် နံနက် ၁ဝ နာရီက
ရွှေတိဂုံဘုရားလမ်းရှိ ဆရာကြီး သခင်ကိုယ်
တော်မှိုင်းဂူဗိမာန်၌ ကျင်းပသည်။

အဆိုပါအခမ်းအနားကို ဆရာကြီးသခင်
ကိုယ်တော်မှိုင်း ဂူဗိမာန်စောင့်ရှောက်ရေး
အဖွဲ့၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်း
ရေးကွန်ရက်နှင့် ဆရာကြီး၏မိသားစုဝင်များ
က စုပေါင်း၍  နှစ်စဉ်ကျင်းပခြင်း ဖြစ်သည်။

အခမ်းအနားကျင်းပရသည့် ရည်ရွယ်ချက်
နှင့်စပ်လျဉ်း၍  ဆရာကြီးသခင်ကိုယ်တော်
မှိုင်း  ငြိမ်းချမ်းရေးကွန်ရက်မှ ဦးထွန်းဝင်း
ငြိမ်းက ''ဆရာကြီးသခင်ကိုယ်တော်မှိုင်း
ဆိုတာ တိုင်းပြည်အတွက် စာပေအရ၊ ယဉ်ကျေး
မှုအရ၊ ငြိမ်းချမ်းရေးအရ သူပြုခဲ့တဲ့ကျေးဇူးတွေ များပါတယ်၊ တိုင်းပြည်အပေါ်မှာ ကျေးဇူးပြုခဲ့
ဖူးတဲ့ ခေါင်းဆောင်တွေရဲ့ ဖြတ်သန်းမှု၊ ကိုယ်
ကျိုးစွန့်အနစ်နာခံမှု စတဲ့သူတို့ရဲ့ဆောင်ရွက်
ချက်တွေဟာ ဒီနိုင်ငံရဲ့အမွေအနှစ်တွေပါပဲ။ ဒီအမွေအနှစ်တွေ ပြန့်ပွားအောင် ဆောင်ရွက်
ခြင်းအားဖြင့် နောင်လာနောက်သားတွေ သိရှိပြီး လိုက်နာခံယူကျင့်သုံးကြမယ်ဆိုရင် အနာဂတ်
မှာ ဆရာကြီးတို့လို ခေါင်းဆောင်ကောင်းတွေ ပေါ်ထွက်လာနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ ဒါကြောင့် ဒီလိုပွဲမျိုးကို ကျင်းပခြင်းဖြစ်ပါ
တယ်''ဟု ရှင်းပြသည်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်းနှင့် ၁ဝ နှစ်
ကျော် အတူနေထိုင်ခဲ့သည့် မြေးဖြစ်သူ ဒေါ်မြမြ
အေးက  ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် နိုင်ငံရေးများကို လုပ်ဆောင်ရာတွင် နိုင်ငံ့
အရေး၊ နိုင်ငံ့ကောင်းကျိုးကိုသာ အဓိကထား
ဆောင်ရွက်ခဲ့ပြီး ပြည်သူများ၏ကောင်းကျိုးကို
သာ ဆောင်ရွက်ခဲ့ကြောင်း၊ ငြိမ်းချမ်းရေးလမ်း
စဉ်ကိုသာ ရှေးရှုဆောင်ရွက်ခဲ့ပြီး နိုင်ငံဆူပူမှု၊
သင်းကွဲမှုများမဖြစ်အောင် ဆောင်ရွက်ခဲ့
ကြောင်း၊ သူ၏တပည့်များအားလုံးကိုလည်း
လိမ္မာအောင် အမြဲသွန်သင်ဆုံးမတတ်ကြောင်း
ကို ပြောသည်။

''အဘိုးက သားသမီးလေးယောက် မွေးခဲ့
တယ်။ အန်တီတို့အမေက သမီးအကြီးဆုံးပါ။ အဘိုးက နိုင်ငံရေးလုပ်တယ်။ အဘိုးဘာလို့
နိုင်ငံရေးလုပ်တာလဲလို့ အန်တီတို့ကမေးကြည့်
တော့ နိုင်ငံရေးလုပ်တယ်ဆိုတာ နိုင်ငံ့အရေးကို
လုပ်တာ၊ နိုင်ငံကောင်းကျိုးကိုဆောင်ရွက်တာ၊
နိုင်ငံအရေးကိုဆောင်ရွက်ရင်းနဲ့ သူဌေးဖြစ်
အောင် မလုပ်ခဲ့ဘူးတဲ့။ ဘာအခွင့်အရေးမှမယူ
ခဲ့ဘူးတဲ့။ ပြည်သူတွေရဲ့မျက်နှာကိုပဲ ကြည့်ခဲ့
တယ်'' ဟု အဘိုး၏ခံယူချက်များနှင့်ပတ်သက်
၍ ¤င်းကဆက်လက်ပြောသည်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ဘဝကို
ပေါင်းချုပ်လျှင် ဆရာကြီးသည် နယ်ချဲ့စနစ်
စိုးမိုးဖိနှိပ်သည့်ခေတ်တွင်    ယင်းစနစ်ဆိုး
ကြီးကို ဘဝတစ်လျှောက်လုံး ပြည်သူတို့နှင့်
လက်တွဲ၍ နည်းအမျိုးမျိုးဖြင့်  ဆန့်ကျင်
တော်လှန်ခဲ့သော ပုဂ္ဂိုလ်ကြီးဖြစ်သည်။

ထို့ကြောင့် ဆရာကြီးအား  စာပေယဉ်ကျေးမှု၊
လွတ်လပ်ရေးနှင့်      ငြိမ်းချမ်းရေးတို့၏
ဖခင်ကြီးဟုလည်းကောင်း၊       ပြည်သူ
တို့၏ ဖခင်ကြီးဟုလည်းကောင်း ဂုဏ်ပြုကြ
ပေသည်။

ယနေ့ကျင်းပသော အခမ်းအနားသို့ ဆရာ
တော်၊ သံဃာတော်များ၊ စာပေနယ်ပယ်မှ
လူပုဂ္ဂိုလ်များ၊ နိုင်ငံရေးနယ်ပယ်မှ လူပုဂ္ဂိုလ်
များနှင့် ဖိတ်ကြားသူများ တက်ရောက်ခဲ့ကြပြီး သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ တာဝန်ရှိသူ
များက ဆရာကြီးသခင်ကိုယ်တော်မှိုင်းနှင့် ပတ်သက်သည့် အမှတ်တရစကားများပြော
ကြားခြင်းနှင့် ကဗျာရွတ်ဆိုခြင်းများ ပြုလုပ်ခဲ့
ကြောင်း သိရသည်။       

သတင်းနှင့် ဓာတ်ပုံ၊အေးမင်းသူ၊ ဇာနည်မောင်

No comments:

Post a Comment