ဂူထဲမှာ ပိတ်မိနေတဲ့ ၁၃ ဦးလုံးအသက်ရှင်လျက် ပြန်တွေ့ပြီ
၂ ဇူလိုင်
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်ရှိ ထမ်လန်း ဂူထဲမှာ ပိတ်မိနေတဲ့ အသက် ၁၁ နှစ်ကနေ ၁၆ နှစ်အရွယ် လူငယ်ဘောလုံးသမား ၁၂ ဦး နဲ့ သူတို့ရဲ့ လက်ထောက်နည်းပြ ဖြစ်သူ အီကပွန် အသက် ၂၅ နှစ် တို့ကို ဇူလိုင်လ ၂ ရက်နေ့ညပိုင်း မှာ အသက်ရှင်လျှက် ပြန်လည်တွေ့ရှိပြီ လို့ ချင်ရိုင်ခရိုင် အုပ်ချုပ်ရေးမှူးက သတင်းထောက်တွေကို ပြောလိုက်တာဖြစ်ပါတယ်။
ဂူထဲမှာ ပိတ်မိနေတဲ့ လူငယ် ၁၂ ဦးထဲမှာ မြန်မာနိုင်ငံသားကလေးငယ်တစ်ဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။ အဲဒီကလေးငယ်အပါအဝင် ၁၃ ဦးလုံး အသက်ရှင်လျှက်ပြန်တွေ့တဲ့အတွက် မိသားစုတွေကလည်း ပျော်ရွှင်နေကြောင်း သိရပါတယ်။
သူတို့အားလုံးဟာ ဂူထဲကို ပြီးခဲ့ ဇွန်လ ၂၃ ရက် ညနေပိုင်းက ဝင်သွားခဲ့တာဖြစ်ပါတယ်။ သူတို့ ဝင်သွားပြီးနောက်ပိုင်းမှာ မိုးတွေ သည်းသည်းမည်းမည်းရွာတဲ့အတွက် သူတို့ ဂူထဲမှာ ပိတ်မိနေခဲ့တာ ၁၀ ရက်မြောက်နေ့မှာ သူတို့ကို ကယ်ဆယ်ရေးအဖွဲ့တွေက ပြန်လည်တွေ့ရှိခဲ့တာဖြစ်ပါတယ်။
အခုထိ ကယ်ဆယ်ရေးအဖွဲ့တွေက လူငယ် ၁၃ ဦးကို ဂူအပြင် ပြန်ထုတ်ပြီး ဆေးရုံကို ပို့ဆောင်ဖို့ လုပ်ဆောင်နေဆဲဖြစ်တယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ရေငုပ်တတ်တဲ့ ဆရာဝန်တွေကလည်း အဲဒီလူငယ်တွေရှိရာကို လိုက်သွားဖို့ ပြင်ဆင်နေပါတယ်။ လူငယ်တွေကို ဂူအပြင်မထုတ်ခင် လိုအပ်တဲ့ ဆေးဝါးဆိုင်ရာ အထောက်အကူ ပေးဖို့အတွက် အတွက်ဖြစ်ပါတယ်။
ဂူထဲမှာ ပိတ်မိနေတဲ့ လူငယ်တွေကို ပြင်ပကို ကယ်ထုတ်မယ့် အစီစဉ်တွေ အားလုံကလည်း အဆင်သင့် ဖြစ်နေပြီလို့ ခရိုင်အုပ်ချုပ်ရေးမှုးက ပျော်ပျော်ရွှင်ရွှင်နဲ့ပြောသွားပါတယ်။
MDN
#Myanmar_Digital_News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment