Latest News

Monday, July 2, 2018

ကလေး ၁၂ ယောက် နဲ့ နည်းပြကို ရှာတွေ့ပြီ

ထိုင်း ကျေးလက် U-13 အသင်း မှ အသင်းသား ၁၂ ယောက် နှင့် နည်းပြဖြစ်သူတို့ လွန်ခဲ့သော တပါတ်ကျော်က Tham Luang အမည်ရှိ ဂူကြီးထဲတွင် ပျောက်ဆုံးသွားခဲ့ရာမှ အသက်ရှင်လျက် ပြန်တွေ့ရပြီဟု ချင်းရိုင် ပြည်နယ် အုပ်ချုပ်ရေးမှုး နာယောင်ဆတ် အိုဆို တာနာကွန်းက အတည်ပြု ပြောကြားလိုက်ပြီ ဖြစ်ပါတယ်။

ကလေးများရဲ့ ပကတိ အခြေအနေကို မသိရသေးပေမယ့်လည်း ရှာဖွေ တွေ့ရှိခဲ့တဲ့ ထိုင်း Navy Seal ကတော့ အသက်ရှင်လျက် တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

ဗြိတိသျှ။ တရုတ်၊ သြစတေးသျှ နှင့် အမေရိကန် ကျွမ်းကျင်သူများ၊ မြန်မာ၊ လာအို အပါအ၀င် နိုင်ငံတကာမှ ကယ်ဆယ်ရေး အဖွဲ့ဝင်များ နှင့် လူပေါင်း တထောင်ခန့် ရှာဖွေနေခဲ့တာလည်း ဖြစ်ပါတယ်။

ကယ်ဆယ်ရေး အဖွဲ့ဝင် ရေငုတ်သမားများက ရေလွှမ်းမိုးနေတဲ့ ဂူကြီးထဲ စနေနေ့က ကီလိုမီတာ အတော်များများထိ ၀င်ရောက်သွားနိုင်ခဲ့ပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့် ၀င်ပေါက်ကို ပိတ်ဆို့နေခဲ့ရပါတယ်။

သို့သော်လည်း Navy Seal ရေငုပ်သမားများက ကလေးတွေ ရှိနေမယ်လို့ ယုံကြည်ရတဲ့ နေရာနဲ့ တမိုင် နှစ်မိုင်လောက်အကွာ အထိ ရှိ တီ ပုံသဏ္ဍန် လမ်းဆုံ လမ်းခွ ကို ရောက်ရှိလာနိုင်ခဲ့ပါတယ်။ သို့သော်လည်း ရေများ ဒလဟော ၀င်ရောက်လာမှုကြောင့် ပြန်ဆုပ်ခဲ့ရပြီး ကံအားလျော်စွာ တနင်္လာနေ့မှာ တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။

အောက်စီဂျင် ဗူးများအားလည်း အဆင်သင့် သုံးစွဲနိုင်ရန် ၂၅ မီတာ အကွာတိုင်းမှာ ချပေးထားခဲ့ပါတယ်။ မှောင်ကလည်း မှောင် ရေတွေကလည်း ညစ်ပါတ်နေတာမို့ ရေငုပ်သမားများက သူတို့ လက်ကို မျက်နှာရှေ့မှာ ထောင်လိုက်ရင် မမြင်ရသလောက် ဖြစ်နေပါတယ်။

ရေစုပ်စက်ကြီးများနဲ့ ရေများကို စုပ်ထုပ်နိုင်မှုကြောင့် ရေအမြင့် ကျဆင်းသွားခဲ့ရတာကြောင့်လည်း ဖြစ်ပါတယ်။ တနာရီကို ရေတန်ချိန် ၁.၆ သန်း လီတာ စုတ်ထုတ်နိုင်ခဲ့ပါတယ်။

နောက်ထပ် နည်းလမ်းတရပ်အဖြစ် အဖွဲ့တဖွဲ့က ပေ ၁၃၀ ခန့် ရှည်တဲ့ ခေါင်းတိုင် လို အပေါက်ကြီးကို တူးခဲ့ကြပေမယ့် ဂူထဲ ရောက်မရောက် ကို မပြောနိုင်သေးပဲ ဖြစ်နေပါတယ်။

ကလေးတွေအဖို့ ပိတ်မိနေတဲ့ ကိုးရက်ကာလအတွင်း သောက်ဖို့ရေများကို ကျောက်တုံး ကျောက်ဆိုင်များ အကြားမှ စီးဆင်လာတဲ့ ရေများနဲ့ ဂူဝင်ပေါက်တွေက စိမ့်ဝင်လာတဲ့ ရေတွေကတဆင့် ရရှိခဲ့ပုံ ရပါတယ်။

ဂူပေါ်က တောနက်ကြီးထဲကို အဖွဲ့ပေါင်းများစွာ ၀င်ရောက်ခဲ့ပြီး ၀င်ပေါက်ရှိမယ့် နေရာကို ရှာဖွေခဲ့ကြပြန်ပါတယ်။

လက်ရှိ ဦးစားပေး တာဝန်ကတော့ ဂူရဲ့ အဓိက ၀င်ပေါက်ကြီးကနေ ကလေးတွေဆီ ရောက်ရှိနိုင်ရေးပဲ ဖြစ်ပါတယ်။ ကလေးများက မြင့်တက်လာတဲ့ ရေနဲ့ လွတ်ရာ အမြင် မီတာ လေးရာရှိ ဂမူတခုကို ရွှေ့ခဲ့ကြပုံ ရှိပါတယ်။ ကလေးများကို ဂူထဲက ဘယ်လို ပြန်ကယ်ထုတ်ရမလဲ ဆိုတာနဲ့ လောလောဆယ် အစားအသောက်နဲ့ ဆေးဝါးများ ကလေးများထံ ရောက်အောင်ပို့ဆောင်ပေးနိုင်ရေးပဲ ဖြစ်ပါတယ်။

Than Luang ဂူကြီးကား အတွင်းတွင် ၀င်္ဂဘာလို မြွေလိမ်မြွေကောက် ပုံစံ ရှုပ်ထွေးနေပြီး ခြောက်မိုင်ခန့် ရှည်လျားတာမို့ ထိုင်းနိုင်ငံ အတွင်း အရှည်လျားဆုံး နဲ့ အကြမ်းတမ်းဆုံး ဂူကြီးလည်း ဖြစ်ပါတယ်။

ကလေးများကို ဂူထဲက ဘယ်လို ပြန်ကယ်ထုတ်ရမလဲ ဆိုတဲ့ ကိစ္စက အရေးတကြီး လုပ်စရာ ရှိနေပါတယ်။ ဂူထဲက ရေတွေကို ဆက်ပြီး စုပ်ထုပ်နေဥိးမှာ ဖြစ်ပြီး ဆရာဝန် နဲ့ သူနာပြုများ အား ရေငုပ်ပြီး ကလေးများရှိရာကို စေလွှတ်ပြီး သူတို့ ကျန်းမာရေး ကို စစ်ဆေးဖို့ ရှိနေပါတယ်။ သူတို့ရဲ့ ကိုယ်ခံအားက ကောင်းနေတယ်ဆိုရင် ဂူထဲက ထုတ်ဖို့ လုပ်မယ် လို့ ဆိုပါတယ်။

ပြီးရင် ကလေးများရဲ့ ကျန်းမာရေး ကို ကျောင်းပြန်တက်နိုင်တဲ့ အထိ စောင့်ရှောက်ပေးသွားမယ်လို့ ပြည်နယ် အုပ်ချုပ်ရေးမှုး က ဆိုပါတယ်။
လှစိုးဝေ

ကိုးကား ။ ။ BBC / The Telegraph (UK)/ CNN

No comments:

Post a Comment