Latest News

Wednesday, July 18, 2018

အမ်မီရာကန်နဲ့ အခုနှစ်ထဲမှာ ထိုးသတ်ဖို့ဆန္ဒရှိနေတဲ့ ပက်ကွီယို

အမ်မီရာကန်နဲ့ အခုနှစ်ထဲမှာ ထိုးသတ်ဖို့ဆန္ဒရှိနေတဲ့ ပက်ကွီယို

ဖိလစ်ပိုင်လက်ဝှေ့အကျော်အမော် ပက်ကွီယိုဟာ အထူးစိန်ခေါ်ပွဲ အဖြစ် ဗြိတိန်ပရော်ဖက်ရှင်နယ်လက်ဝှေ့သမား အမ်မီရာကန်နဲ့ အခုနှစ်ထဲမှာ ယှဉ်ပြိုင်ထိုးသတ်ဖို့ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

ပက်ကွီယိုဟာ သူ့ရဲ့လက်ဝှေ့ သမားဘဝတစ်လျှောက်မှာ ဖလိုင်းဝိတ်၊ ဖယ်သာဝိတ်၊ လိုက်ဝိတ်၊ ဝယ်တာဝိတ် စတဲ့ပြိုင်ပွဲတွေမှာ ပိုမိုအားသန်ပြီး မတူညီတဲ့ ဝိတ်တန်း ငါးခုကနေ ချန်ပီယံ ၁၁ ကြိမ်အထိရထားသူပါ။

အမ်မီရာကန်ကတော့ ဗြိတိန်ရဲ့ ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားတစ်ဦးဖြစ်ပြီး သူ့ရဲ့ ကစားသမားဘဝမှာ ၃၆ ပွဲယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ ၃၂ ပွဲအထိ နိုင်ပွဲရရှိထား ခဲ့သူဖြစ်ပြီး လေးပွဲကတော့ ရှုံးခဲ့ပါတယ်။ အမ်မီရာကန်အနေနဲ့ ၃၂ ပွဲ
အထိ နိုင်ပွဲရရှိအောင် စွမ်းဆောင်ခဲ့တဲ့နေရာမှာ ပွဲ ၂ဝ က အလဲထိုးနိုင်ပွဲရရှိခဲ့တာဖြစ်ပါတယ်။

အမ်မီရာကန်ဟာ လက်ဝှေ့လောကမှာ အကောင်း
ဆုံးယှဉ်ပြိုင်ထိုးသတ်ပြီး အနိုင်ယူနိုင်ခဲ့တာတွေအတွက် သူ့ကို လက်ဝှေ့လောကရဲ့ ဘုရင်လို့ တင်စားခံထားရသူဖြစ်ပါတယ်။ လက်ရှိမှာတော့ ပက်ကွီယိုကသာ အမ်မီရာကန်နဲ့ အခုနှစ်ထဲမှာ ယှဉ်ပြိုင်ထိုးသတ်ဖို့ဆန္ဒရှိ နေတာဖြစ်ပြီး ဘယ်အချိန်ထိုးသတ်မလဲဆိုတာကတော့ တိကျတဲ့အဖြေ
တစ်ခုမထွက်သေးပါဘူး။

နိုင်လင်းကြည်(Mirror)

No comments:

Post a Comment