Latest News

Friday, July 27, 2018

သီပေါ စံဖိတ်ကျေးရွှာ၌ ကုန်စုံဆိုင်အတွင်း ဆိုင်ရှင်အား သေနတ်ဖြင့် ပစ်ခတ်သွား

သီပေါ စံဖိတ်ကျေးရွှာ၌ ကုန်စုံဆိုင်အတွင်း ဆိုင်ရှင်အား သေနတ်ဖြင့် ပစ်ခတ်သွား

သီပေါ၊ ဇူလိုင် ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု မန္တလေး ၊ လားရှိုး ၊မူဆယ် ပြည်ထောင်စုလမ်းမကြီးအရှေ့ဖက် စံဖိတ်ရွာ၌ ဇူလိုင်၂၆ရက် ည(၉)နာရီ မိနစ်(၅၀)တွင် ဆိုင်ကယ်ဖြင့်လူနှစ်ဦး(စုံစမ်းဆဲ)ရောက်ရှိလာပြီး ဈေးဆိုင်အတွင်းသို့ဝင်ရောက်လာကာ သေနတ်ဖြင့်ပစ်ခတ်ပြီးထွက်ပြေးသွားခဲ့သည်။

ဖြစ်စဉ်မှာ သီပေါမြို့နယ် စံဖိတ်ကျေးရွာ နေ ပလောင်တိုင်းရင်းသား ဦးစန်ဝင်း(၄၄)နှစ်၏ ကုန်စုံဆိုင်သို့ အမည်မသိအမျိုးသားနှစ်ဦးရောက်ရှိလာကာ အသက်(၂၀)ခန့်ရှိ ၀၀ ပုပု ခန္ဓာကိုယ်ရှိသူက ဈေးဆိုင်ရှေ့ပေါက်မှပြေးဝင်လာပြီး တစ်စုံတစ်ရာပြောဆိုခြင်းမရှိဘဲ လွယ်အိတ်အတွင်းမှ သေနတ်အား ထုတ်ကာ အနီးကပ်(သုံး)ချက် ပစ်ခတ်သဖြင့် ဆိုင်ရှင် ဦးစိန်ဝင်းသေဆုံးသွားခဲ့သည်။

အခင်းဖြစ်ပွားရာသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးနိုင် နှင့် တာဝန်ရှိသူများရောက်ရှိလာပြီး နေအိမ်အတွင်းမှ (၉)မ မ ပ တို ကျည်ခွံ သုံးခု ကို တွေ့ရှိသိမ်းဆည်းကာ တပ်မတော်မှ နယ်မြေအေးချမ်းရေးအတွက် လိုက်လံရှင်းလင်းလျှက်ရှိသည်။ဦးစိန်ဝင်းကို သေနတ်ဖြင့်ပစ်ခတ်သွားသောသူအား သီပေါမြို့မရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

စိုင်း(သီပေါ)

No comments:

Post a Comment