လော့စ်အိန်ဂျလိစ် ဇူလိုင် ၂၆
မန်ယူအသင်းက ပေါ့ဂ်ဘာအတွက် ပေါင် ၈၉ သန်းပေးဝယ်ယူစဉ်က မိမိသည် ကစားသမားတစ်ဦးအတွက် ထိုမျှများပြားသော ငွေကြေးမျိုး ပေးပြီး အသင်းကို တည်ဆောက်သည့် နည်းပြမျိုးမဟုတ်ဟု ဝေဖန် ပြောကြား ခဲ့သော လီဗာပူးနည်းပြ ဂျာဂန်ကလော့ သည် တစ်နှစ်အတွင်း ကစားသမားသစ်ဝယ်ယူမှုအတွက် ပေါင်သန်း ၂၅ဝ အသုံးပြုခဲ့ပြီးနောက် မိမိအတွေးအခေါ်များပြောင်းလဲသွားပြီဟု ဝန်ခံခဲ့ရာ မန်ယူနည်းပြမော်ရင် ဟိုက ရယ်စရာကောင်းသော ကိစ္စဖြစ်ကြောင်းနှင့် ထိုမျှငွေ သုံးခဲ့ခြင်း ကြောင့် လီဗာပူးအသင်းသည် ပရီးမီးယားလိဂ် ချန်ပီယံ ဆုဖလားကို နှစ် ပေါင်း ၂ဝ အတွင်း ပထမဆုံးအကြိမ်ပြန်လည်ရယူနိုင်ရန် ဖိအားရှိနေပြီ ဟု ပြောခဲ့သည်။
ခံစစ်မှူးများ အနက် စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ဗန်ဒစ်၊ ဂိုးသမားများအနက် စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် အဲလစ်ဆန် တို့ကို လီဗာပူး ခေါ်ယူခဲ့ခြင်းကြောင့် မော်ရင်ဟိုက ''လီဗာပူးရဲ့ ရင်းနှီး မြှုပ်နှံမှုက ဘဏ်ထဲမှာ ငွေတွေ ထားတာထက် ပိုကောင်းတယ်။ အတိုးနှုန်း ဆိုတာကလည်း နည်းနည်းလေးပါ။ လီဗာပူးခေါ်ယူလိုက်တဲ့ ကစားသမား တိုင်း အရည်အသွေးပြည့်လို့ သူတို့အတွက်ပျော်မိပါတယ်။ ကလော့ပြောင်းလဲ သွားတာကလည်း ရယ်စရာပဲ။ သူ့မှာ ချန်ပီယံဖြစ်နိုင်ဖို့ ဖိအားပိုများသွား ပါပြီ''ဟု ပြောသည်။
MWD
No comments:
Post a Comment