Latest News

Friday, July 27, 2018

အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးအသင်း အုပ်စုများမဲခွဲမြန်မာအသင်း ဆော်ဒီ၊ အီရန်၊ မြောက်ကိုရီးယားတို့နှင့် ယှဉ်ပြိုင်ရမည်

အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးအသင်း အုပ်စုများမဲခွဲမြန်မာအသင်း ဆော်ဒီ၊ အီရန်၊ မြောက်ကိုရီးယားတို့နှင့် ယှဉ်ပြိုင်ရမည်

အင်ဒိုနီးရှားနိုင်ငံ၌  ကျင်းပမည့် (၁၈) ကြိမ်မြောက် အာရှအားကစား ပြိုင်ပွဲ၏ အမျိုးသားဘောလုံးအသင်းများ အုပ်စုမဲခွဲရာတွင် ကျန်ရစ်ခဲ့သည့် ယူအေအီးနှင့် ပါလက်စတိုင်းအသင်းအား ပြန်လည်ထည့်သွင်းရေးဆွဲခဲ့သည်။ မြန်မာအသင်းသည်  အုပ်စုပြန်ခွဲသော်လည်း  ယခင်အတိုင်း ဆော်ဒီ၊ အီရန်၊ မြောက်ကိုရီးယားတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ဇူလိုင် ၅ ရက်က ပြုလုပ်သည့် အုပ်စုမဲခွဲရာတွင် ယူအေအီးနှင့် ပါလက် စတိုင်းအသင်း ကျန်ရစ်ခဲ့သောကြောင့် ကန့်ကွက်မှုများပြုလုပ်ခဲ့ပြီး ယင်းနှစ်သင်း ကို မဲနှိုက်၍ကျသည့်အုပ်စုတွင် ထည့်သွင်းခဲ့ခြင်းဖြစ်သည်။ ယခင်က အုပ်စု အားလုံး     ပြန်လည်မဲခွဲမည်ဟု   ထုတ်ပြန်ခဲ့သော်လည်း နောက်ဆုံးတွင် ယူအေအီးနှင့်  ပါလက်စတိုင်းနှစ်သင်းကိုသာ မဲနှိုက်ခဲ့ခြင်းဖြစ်ပြီး ပါလက် စတိုင်းအသင်းက အုပ်စု(က)၊ ယူအေအီးအသင်းက အုပ်စု(င)တွင် ပါဝင်ခဲ့ သည်။ အာရှအားကစားပြိုင်ပွဲတွင် အုပ်စု(က)တွင် အင်ဒိုနီးရှား၊ ဟောင်ကောင်၊ လာအို၊ တရုတ် (တိုင်ပေ)၊ ပါလက်စတိုင်း၊ အုပ်စု(ခ)တွင် ထိုင်း၊ ဥဇဘက် ကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ကာတာ၊ အုပ်စု(ဂ)တွင် အီရတ်၊ တရုတ်၊ တီမော၊ ဆီးရီးယား၊ အုပ်စု(ဃ)တွင် ဂျပန်၊ ဗီယက်နမ်၊ ပါကစ္စတန်၊ နီပေါ၊ အုပ်စု(င) တွင် တောင်ကိုရီးယား၊ ကာဂျစ္စတန်၊ မလေးရှား၊ဘာရိန်း၊ ယူအေအီး၊ အုပ်စု(စ) တွင် မြောက်ကိုရီးယား၊ ဆော်ဒီအာရေဗျ၊ အီရန်နှင့်  မြန်မာအသင်းတို့ ပါဝင် နေသည်။ ပြိုင်ပွဲကျင်းပရေးကော်မတီသည် အုပ်စုများသာထုတ်ပြန်ထားပြီး ပွဲစဉ်များကို လက်ရှိအချိန်ထိ ထုတ်ပြန်ခြင်းမရှိသေးပေ။ ပြိုင်ပွဲကို သြဂုတ် ၁၄ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ကျင်းပမည်ဖြစ်သည်။

သတင်း-ရှိုင်းထက်ဇော်၊ ဓာတ်ပုံ-စိုးညွန့်

No comments:

Post a Comment