ပန်းရဲ့လမ်း ဂီတသူရဲကောင်း ဦးရဲလွင်(မဇ္ဈိမလှိုင်း) ကွယ်လွန်
ရန်ကုန် ဇူလိုင် ၁ဝ
ဂီတနယ်ပယ်အတွင်း နှစ်ပေါင်း ၅ဝ ကျော် ရှင်သန်နေထိုင်ခဲ့သည့် ပန်းရဲ့ လမ်း လူမှုကွန်ရက်ခေါင်းဆောင်ဖြစ် သော ဦးရဲလွင်(မဇ္ဈိမလှိုင်း) အသက် (၇ဝ)နှစ်နှင့် ၆ လ မှာ ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ ခုတင် ၅ဝဝ ဆေးရုံ အသည်းကုသ ဆောင်၌ အသည်းရောဂါဝေဒနာ အား ကုသမှုခံယူနေရင်း ဇူလိုင် ၁ဝ ရက် ညနေ ၄ နာရီ ၁ဝ မိနစ်တွင် ကွယ်လွန်သွားခဲ့ကြောင်း သိရ သည်။
ဦးရဲလွင် (မဇ္ဈိမလှိုင်း)သည် တေးရေး၊ တေးဆို၊ ဘေ့စ်ဂီတပညာ ရှင်ဖြစ်ပြီး ¤င်းအား ပေါင်းတည်မြို့ တွင် မွေးဖွားခဲ့ကာ ဖခင်ဖြစ်သူ ဦးမောင်မောင်(စက်ရှင်တရားသူကြီး)နှင့် မိခင်ဖြစ်သူ ဒေါ်ကြိုင်တို့က မွေးဖွားခဲ့သည်။ ခရစ်ယာန်ဘာသာ ကိုကိုးကွယ်ပြီး မွေးချင်းမောင်နှမ ၁ဝ ဦးအနက် ရှစ်ဦးမြောက်သားဖြစ် သည်။
သန္ဓေတည်ခဲ့
ဂီတသူရဲကောင်း တစ်ဦးဖြစ်ခဲ့သော ၎င်းသည် ငယ်စဉ်ကတည်းက ဘုရား ရှိခိုးကျောင်းတွင် သီချင်းများသီဆို ခြင်း၊ ခရစ္စမတ်ကာလများတွင် ဖိတ်ကြားထားသော အိမ်များသို့ သီချင်းများ လှည့်လည်သီဆိုခဲ့ခြင်း တို့ကြောင့် ဂီတကို ချစ်မြတ်နိုးသော စိတ်မှာ ၎င်းတွင်သန္ဓေတည်ခဲ့ကြောင်း သိရသည်။
ဝင်ရောက်တီးခတ်
ကိုးတန်းကျောင်းသားအရွယ်တွင် မိဘများက ရန်ကုန်သို့ ပြောင်းရွှေ့ လာခဲ့ပြီး ဆယ်တန်းအောင်သောအခါ ရန်ကုန်RITကျောင်းတွင် Electronic အထူးပြုဘာသာရပ်ဖြင့် တက်ရောက်ခဲ့ကြောင်းနှင့် တက္ကသိုလ် တက်နေဆဲ အချိန်တွင်ပင် E.Machine တီးဝိုင်း၌ ဘေ့စ်ဂစ်တာ သမားအဖြစ် ဝင်ရောက်တီးခတ်ခဲ့ ကြောင်း သိရသည်။
RIT ကျောင်း၌ နောင်တစ်ချိန် မဇ္ဈိမလှိုင်းအဖွဲ့သားများ ဖြစ်လာမည့် တေးသံရှင် ခင်မောင်တိုး၊ တေးရေး မောင်မောင်တို့နှင့် သိကျွမ်းခဲ့ပြီး ၁၉၈၂ ခုနှစ်တွင် ဦးမောင်မောင် (အဉ္စလီ)နှင့် ဦးရဲလွင် (ဘေ့စ်) တို့မှာ မဇ္ဈိမလှိုင်းဆိုသည့် ဂီတသင်တန်းကို မန္တလေးမြို့၌ စတင်ဖွင့်လှစ်ခဲ့ကြကြောင်း သိရသည်။ နှစ်နှစ်ကြာပြီးနောက် ၁၉၈၄ ခုနှစ်တွင် မဇ္ဈိမလှိုင်းအဖြစ် စတင်ဖွဲ့စည်းခဲ့ပြီး ကချင်ပြည်နယ် တွင်ဖြစ်ပွားနေသော ပြည်တွင်းစစ် ကြောင့် ဒုက္ခရောက်နေကြရသော ပြည်သူများကို အကူအညီပေးနိုင်ရန် အတွက် ဂီတဖြင့် အလှူငွေ ကောက်ခံ ကာ ရန်ပုံငွေရှာဖွေသည့် ''လွတ်လပ် ငြိမ်းချမ်းပန်းရဲ့လမ်း'' ဂီတဖျော်ဖြေ ရေးအဖွဲ့ကို ၎င်းအပါအဝင်သားထွေး၊ ကိုတိုးလွင် (ဥတ္တရအလင်း)တို့နှင့် စုပေါင်း၍ ၂ဝ၁၂ ခုနှစ် မေလတွင် စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
တစ်ဖက်တစ်လမ်းမှကူညီ
ဒုက္ခသည်များအတွက် ၎င်းတတ်ကျွမ်းသော ဂီတအနုပညာဖြင့် တစ်ဖက်တစ်လမ်းမှ ကူညီပေးခဲ့ပြီး ပန်းရဲ့လမ်းကို တည်ထောင်၍ ငြိမ်းချမ်းရေးကို သီချင်းများဖြင့် ဖော် ဆောင်နေသော နာရေးကူညီမှု အသင်း(ရန်ကုန်)၏ ဂုဏ်ထူးဆောင် အသင်းသားတစ်ဦးဖြစ်သည့် ကိုရဲလွင် အား ပြည်ပရောက် မြန်မာတိုင်းရင်း သား မိသားစုများက ဂုဏ်ပြုပေးအပ် သည့် ၂ဝ၁၃ ခုနှစ်အတွက် စတုတ္ထ အကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု များ ပေးအပ်ပွဲတွင် ပြည်သူ့ဂုဏ်ရည် အထူးဆုကို ရရှိခဲ့ကြောင်း သိရ သည်။
ပွင့်သစ္စာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment