Latest News

Sunday, July 29, 2018

အမေရိကန်၏ပိတ်ဆို့မှုကို ရှောင်ကွင်းနိုင်မည့် ဒစ်ဂျစ်တယ်ငွေကြေးစနစ်တစ်မျိုးကို အီရန်ဖန်တီးမည်

အမေရိကန်၏ပိတ်ဆို့မှုကို ရှောင်ကွင်းနိုင်မည့် ဒစ်ဂျစ်တယ်ငွေကြေးစနစ်တစ်မျိုးကို အီရန်ဖန်တီးမည်

အီရန်အနေဖြင့်   ယခုနှစ်ကုန်ပိုင်းတွင် စတင်မည့် အမေရိကန်အစိုးရ၏ပိတ်ဆို့မှုများကို ရှောင်ကွင်းနိုင်ရေးအတွက် ပြည်တွင်း သုံး  ဒစ်ဂျစ်တယ်ငွေကြေးစနစ်တစ်မျိုးကို ဖန်တီးမည်ဟု ဒေသတွင်းမီဒီယာများ၏ ထုတ် ပြန်ချက်ကို ကိုးကား၍ Press TV သတင်း ဌာနက ဖော်ပြထားသည်။

အီရန်အခြေစိုက်   နည်းပညာကုမ္ပဏီ အမြောက်အမြားသည် ဒစ်ဂျစ်တယ်ငွေကြေး စနစ်တစ်မျိုးကို ဖန်တီးနိုင်ရေး အတွက် ဗဟို ဘဏ်နှင့်ပူးပေါင်းဆောင်ရွက်နေသည်။ ထိုသို့ဖန်တီးနိုင်ရေးအတွက် အချိန်ကာလတစ်ခု ကြာမြင့် မည်ဖြစ်ကြောင်း သိပ္ပံနှင့်နည်းပညာ ရေးရာညွှန်ကြားရေးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး   အလီရီဇာဒါ လီရီက ဆိုသည်။

အီရန်မှဖန်တီးထုတ်လုပ်မည့် ဒစ်ဂျစ်တယ် ငွေကြေးကို ကမ္ဘာ့အနှံ့အပြားသို့ လွှဲပြောင်းပေးနိုင်မည်ဖြစ်သည်။ ထို့ကြောင့် အမေရိကန်၏ ပိတ်ဆို့မှုကို ရှောင်ကွင်းရာတွင် အီရန်အစိုးရအား အထောက်အကူ ပေးနိုင်မည်ဖြစ် ကြောင်း ၎င်းက ဆက်ပြောသည်။

ဒစ်ဂျစ်တယ် ငွေကြေးများသည် အမေရိကန် အစိုးရ၏ ဘဏ္ဍာရေးစည်းကမ်းထိန်းသိမ်းမှု အဖွဲ့၏ကွပ်ကဲမှု အောက်တွင်   မရှိသောကြောင့်   ပိတ်ဆို့မှုများကို ရှောင်ကွင်းနိုင်သည်ဟု ဆက်သွယ်ရေးနှင့် နည်းပညာဝန်ကြီး မိုဟာ မက်ဂျာဗက် အေဇာရီဂျာရိုမီက ပြောသည်။

အီရန်နိုင်ငံသည်   အမေရိကန်ပြည် ထောင်စု၏ နိုင်ငံရေးနှင့် စီးပွားရေး ဖိအားများကြောင့် ဒစ်ဂျစ်တယ် ငွေကြေး များကို ဖန်တီး ထုတ်လုပ်ရန်  ကြိုးပမ်းနေသည့် နိုင်ငံများအနက် တစ်နိုင်ငံအဖြစ် ပါဝင်လာပြီဖြစ်သည်။

ယခုလအစောပိုင်းကလည်း  အမေရိကန်၏ ပိတ်ဆို့မှုကြောင့် ငွေပေါ်လွယ်မှုရှားပါးခြင်း ကိုရှောင်ရှားနိုင်ရေး အတွက် ဗင်နီဇွဲလား အစိုးရက ပက်ထရိုဟုအမည်ပေးထားသည့် ဒစ်ဂျစ်တယ်ငွေကြေး တစ်မျိုးကို ထုတ်ဝေခဲ့ သည်။

ဗင်နီဇွဲလား၏  ဒစ်ဂျစ်တယ်ငွေကြေး စုစုပေါင်းတန်ဖိုးမှာ  အမေရိကန်ဒေါ်လာ ၆ဘီလီယံရှိပြီး   ယင်းငွေကြေး များ၏ ခိုင်မာမှုအတွက် ဗင်နီဇွဲလား အစိုးရက နိုင်ငံမှ ထွက်ရှိသည့် ရေနံကို အာမခံအဖြစ်ထားရှိသည်။

အမေရိကန်အစိုးရသည် ၂ဝ၁၅ ခုနှစ်တွင် ရရှိခဲ့သည့်   အီရန် နျူကလီးယား သဘောတူစာချုပ်မှ နုတ်ထွက်ပြီး နောက် အီရန်အပေါ် ပိတ်ဆို့မှုများ ပြန်လည် ချမှတ်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အီရန်မှ ရေနံများ ဝယ်ယူတင်သွင်းခြင်း မပြုရန် နိုင်ငံအများအပြားကို တိုက်တွန်းထားပြီး လိုက်နာရန် ပျက်ကွက်သည့်နိုင်ငံအပေါ် အရေးယူပိတ်ဆို့မည်ဟု ခြိမ်းခြောက်ထားသည်။ 

Ref:Sputnik@MWD

No comments:

Post a Comment