တိုကျို ဇူလိုင် ၂၄
ဂျပန်နိုင်ငံ၌ မကြုံစဖူး အပူလှိုင်းဖြတ်မှု ဖြစ်ပွားခြင်းကြောင့် သီတင်းတစ်ပတ်အတွင်း လူ ၆၅ ဦးသေဆုံးကြောင်း အစိုးရတာဝန်ရှိ သူများက ဇူလိုင် ၂၄ ရက်တွင်ပြောသည်။
ယခုအခါ အဆိုပါအပူလှိုင်းဖြတ်မှုကို သဘာဝဘေးအန္တရာယ်တစ်ခုအဖြစ် မိုးလေဝသဌာန က မှတ်တမ်းတင် ထား ကြောင်း သိရသည်။ နိုင်ငံအတွင်း ဖြစ်ပွားသော အဆိုပါအပူ လှိုင်းဖြတ်မှုကြောင့် သီတင်းတစ်ပတ်အတွင်း လူ ၂၂၆၄၇ ဦးကို ဆေးရုံတင် ထားရပြီး ၆၅ဦးသေဆုံးကြောင်း မီးသတ်နှင့် သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲရေး ဌာနက အစီရင်ခံစာ တစ်စောင် တွင် ပြောသည်။
ယခုလအစောပိုင်းမှ စတင်ဖြစ်ပွားသည့် အဆိုပါအပူလှိုင်းဖြတ်မှုကြောင့် သေဆုံးသူအယောက် ၈ဝ အထိ ရှိပြီဖြစ်ကြောင်းနှင့် လူ ၃၅ဝဝဝ ကို ဆေးရုံတင် ထားရကြောင်း သိရသည်။
နိုင်ငံအတွင်း အပူလှိုင်းဖြတ်မှုဆက်လက် ဖြစ်ပွားနေခြင်းကြောင့် ကျောင်းနေကလေးများ အသက်အန္တရာယ်ကို ကာကွယ်ရန် အတွက် အရေးတကြီး စီမံဆောင်ရွက်မှုများလုပ်ဆောင်ရန် လိုအပ်ကြောင်း အစိုးရအဖွဲ့ပြောရေးဆို ခွင့်ရှိသူ ယိုရှီဟိုက်သူဂါက သတင်းထောက် များကို ပြောသည်။
ထို့ပြင် လာမည့်နွေရာသီတွင် အပူဒဏ်ကို ကာကွယ်နိုင်ရန် စာသင်ကျောင်းများ အားလုံးတွင် လေအေးပေး စက်များ တပ်ဆင်နိုင်ရန် အတွက် ငွေကြေးများထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း အစိုးရက ပြောသည်။
ဇူလိုင် ၂၃ ရက်တွင် တိုကျိုမြို့အပြင်ဘက် ဆိုင်တာမာအရပ်ရှိ ကူမာဂါယာမြို့၌ အပူချိန် ၄ ဒသမ ၁ ဒီဂရီစင်တီ ဂရိတ် အထိရှိမှုကြောင့် နိုင်ငံ၏အပူချိန် စံချိန်အသစ်တစ်ခုအဖြစ် မှတ်တမ်းဝင်သွားကြောင်း သိရသည်။
Ref:AFP
MWD
No comments:
Post a Comment