အေသင် ဇူလိုင် ၂၄
နိုင်ငံအတွင်းဖြစ်ပွားနေသည့် တောမီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူဦးရေ ၅ဝ အထိမြင့်တက် လာသည်ဟု ဂရိအစိုးရက ဇူလိုင် ၂၄ ရက်တွင်ထုတ်ပြန်ပြီး တောမီးငြှိမ်းသတ်ရာတွင်အကူအညီပေးရန် နိုင်ငံတကာ ကိုတောင်းဆိုသည်။
တောမီးလောင်ကျွမ်းမှုသည် အေသင်မြို့ တော်အနီးရှိ တောအုပ်နှစ်ခု၌ ဇူလိုင် ၂၃ ရက်အစောပိုင်းတွင်ဖြစ်ပွားခြင်း ဖြစ်သည်။ ယင်းဒေသရှိ နေအိမ်အများအပြားမှာမီးလောင် ပျက်စီးသွားပြီး ဒေသခံများမှာပင်လယ်ပြင်သို့ ထွက်ပြေး တိမ်းရှောင် သွားခြင်းကြောင့် ဂရိ ကမ်းခြေစောင့် တပ်ဖွဲ့က ၎င်းတို့ကို ကယ်ဆယ်ထားသည်။
အဆိုပါ တော မီးကြောင့် အေသင်မြို့အနီးရှိ အက်တီကာဒေသ၌ အရေးပေါ် ကြေညာချက်တစ်ရပ်ကို အစိုးရက ထုတ်ပြန်ထားသည်။ တောမီးငြှိမ်းသတ်ရာတွင် ပါဝင်ကူညီရန် ဆိုက်ပရပ်နိုင်ငံကသဘောတူပြီး မီးလောင်မှု များဖြစ်ပွားနေသည့်ဒေသသို့ မီးသတ် သမား များကိုစေလွှတ်လိုက်ကြောင်း သိရသည်။
အလားတူ တောမီးကိုထိန်းချုပ်နိုင်ရန်အတွက် လေယာဉ်ဖြင့် မီးငြှိမ်းသတ်ပေးရန် စပိန်အစိုးရက သဘောတူသည်။ လက်ရှိတွင် တောမီး ကိုငြှိမ်းသတ်ရန် အတွက် ဂရိအစိုးရက မီးသတ်တပ်ဖွဲ့ဝင် ၆ဝဝ ကျော်နှင့် မီးသတ်ကားအစီး ၃ဝဝ ကျော်ကို စေလွှတ်ထားသည်။ တောမီးလောင်ကျွမ်းမှု အတွင်း နေအိမ်အလုံး ၁ဝဝ ခန့်မီးလောင် ပျက်စီး သွားသည်။
တောမီးလောင်ကျွမ်းမှုဖြစ်စဉ်ကြောင့် လူ ၆၉ ဦးကို ဆေးရုံသို့ပို့ဆောင်ထားပြီး ၎င်းတို့အနက် အချို့မှာ စိုးရိမ်ရ သည့် အခြေအနေတွင် ရှိကြောင်း အစိုးရအဖွဲ့မှပြောရေးဆိုခွင့်ရှိသူ ဒီမီထရစ်ဇာနာကို ပေါလော့က ပြောသည်ဟု သိရသည်။
Ref:Sputnik,Reuters
MWD
No comments:
Post a Comment