ချီယေဗိုနှင့် အဝေးကွင်းပွဲမှ စတင်ပွဲထွက်ဖွယ်ရှိ
တူရင် ဇူလိုင် ၂၇
ပြောင်းရွှေ့စရိတ် ပေါင်သန်း ၁၀၀ ၀န်းကျင်အသုံးပြုပြီး
ဂျူဗင်တပ်စ်အသင်းမှ ခေါ်ယူသော တိုက်စစ်မှူး စီရော်နယ်ဒိုသည်ယခုအချိန်ထိ အားလပ်ရက်အပန်းဖြေခရီးထွက်နေသေးရာဂျူဗင်တပ်စ်၏ ရာသီကြိုခြေစမ်းပွဲများတွင် ပါဝင်နိုင်ဦးမည်မဟုတ်ဘဲစီးရီးအေရာသီအဖွင့် ချီယေဗိုနှင့် အဝေးကွင်းပွဲမှ စတင်ပွဲထွက်လာဖွယ်ရှိသည်။
ဂျူဗင်တပ်စ်ပရိသတ်များသည် စီရော်နယ်ဒို စတင်
ပွဲထွက်လာမည်ကို မျှော်လင့်နေကြသော်လည်း တရုတ်နိုင်ငံ ပရိုမိုးရှင်းခရီးစဉ်မှအပြန်တွင် စီရော်နယ်ဒိုသည် ချစ်သူ ဂျော်ဂျီယာနာနှင့် အားလပ်ရက်အပန်းဖြေခရီးထွက်သွားခြင်းကြောင့် အသင်းသို့ ရောက်လာဦးမည်မဟုတ်ပေ။
အီတလီစီးရီးအေ ရာသီသစ်မှာ သြဂုတ် ၁၈ ရက်နှင့် ၁၉
ရက်တွင် စတင်မည်ဖြစ်ပြီး ဂျူဗင်တပ်စ်အသင်း၏ သြဂုတ် ၁၉ ရက်အဖွင့်ပွဲတွင် ပရိသတ် ၄၀၀၀၀ ဆံ့သောချီယေဗို၏ ဘန်တီဂိုဒီကွင်းသို့ သွာားရောက်က်ကစားရမည် ဖြစ်သည်။
စီရော်နယ်ဒို၏ ဂျူဗင်တပ်စ်ကွင်းပွဲဦးထွက်မှာ ပွဲစဉ် (၂) အဖြစ် လာဇီယိုနှင့်ယှဉ်ပြိုင်ရမည့်ပွဲဖြစ်လာမည်ဖြစ်သည်။ စီရော်နယ်ဒိုသည်ဂျူဗင်တပ်စ်သို့ အစောဆုံးရောက်လာပြီး ကစားနိုင်မည့်ပွဲမှာ အသင်းပိုင်ရှင် အဂ္ဂနယ်လီမိသားစုနေထိုင်ရာပါရိုဆာမြို့၌ သြဂုတ် ၁၂ ရက်တွင် ဂျူဗင်တပ်စ်လူငယ်အသင်းနှင့်ခြေစမ်းမည့်ပွဲလည်း ဖြစ်နိုင်ကြောင်းသိရသည်။
Ref:Dailymail@MWD
No comments:
Post a Comment