Latest News

Tuesday, July 17, 2018

တိုင္းဧရာမွ က်ားေအာင္းလိွဳဏ္ဂူ- လိွဳင္ေအး(ေလးမ်က္ႏွာ)


ကညင္​တိုင္​း​ေဒသ မွ ႀကိဳ​ေနပါမည္ ....
.......................................................
​ဧရာဝတီတိုင္းေဒသႀကီး ဟသၤာတခရိုင္ ေလးမ်က္ႏွာၿမိဳ႕ အေနာက္ရိုးမေတာင္ေၾကာတြင္ သမိုင္းဝင္ ေရွးေဟာင္း သဘာဝ ယဥ္ေက်းမွူ အေမြအႏွစ္မ်ား ထဲမွတစ္ခု အပါဝင္ျဖစ္ေသာ ကညင္တိုင္း ေက်းရြာ က်ားေအာင္းလိွုင္ဂူ အစုအေဝးသည္ ေရွးယခင္က ပင္လယ္တိမ္ ေဒသျဖစ္ခဲ႕ၿပီး မီးေတာင္ေပါက္ကြဲရာမွ ပန္းထြက္လာသည့္ ေက်ာက္ေရပူမ်ားမွ ေပ်ာ္ဝင္ေနေသာ အခိုးအေငြ႕မ်ားကို ရုတ္တရက္ ထုတ္လႊင့္ကာ ေအးခဲျခင္းေၾကာင့္ မီးေတာင္ေဟာင္း ေခ်ာ္ေတာင္ျဖစ္၍ ႏွစ္ေပါင္း ေထာင္ခ်ီၾကာသည့္ ေရွးေဟာင္းသမိုင္းဝင္ ဘူမိေတာင္ျဖစ္သည္။
ေတာင္ကုန္းထိပ္တည့္တည့္တြင္ က်ားေအာင္းဂူေစတီကို ပုသိမ္-မုံရြာလမ္းမႀကီးေပၚမွ
မွ ုန္ေရးေရးလွမ္းဖူးေမ်ွာ္နိုင္ပါသည္ ။
က်ားေအာင္းဂူ ေစတီေတာ္ကို ျမန္မာနိုင္ငံ ပဋိပတၱိသာသနာဝင္ မႏၱေလးေခတ္ ရဟႏၲာ ႏွင့္ပုဂၢိဳလ္ထူးမ်ား ထဲမွ ယေန႔တိုင္ ဧရာဝတီတိုင္းေဒသႀကီး အဂၤပူၿမိဳ႕နယ္ ပိႏၷဲကြင္း ကပ်ိဳ(ကမ္းပ်ိဳ ) ေတာင္တြင္ မပုပ္မသိုးရွိေနသည္႔ ပိႏၷဲကြင္း ဆရာေတာ္ ဦးကလ်ာဏ သည္ (၁၂၁၂ ) ခုႏွစ္မွ စတင္၍ အဂၤပူၿမိဳ႕နယ္ ေလးမ်က္ႏွာၿမိဳ႕နယ္ အေနာက္ရိုးမ ေတာင္ရိပ္တစ္ခြင္ ၁၅-ဌာန လွည့္လည္ ေတာရေဆာက္တည္ သီတင္းသုံးရာ ေဒသတိုင္း၌ အမွတ္တရ ေစတီမ်ား တည္ေဆာက္ထားခဲ႕သည့္အတြက္ ယခု ဖူးျမင္ရသည့္ က်ားေအာင္းဂူေစတီသည္လည္း ပိႏၷဲကြင္း ဆရာေတာ္ဘုရားႀကီး က်ားေအာင္းဂူတြင္သီတင္းသုံးခိုက္တည္ထားခဲ႕ေသာ ေစတီေတာ္ျဖစ္ပါသည္။

ဆရာေတာ္ ဦးကလ်ာဏ သည္ ၁၅ဌာန ေတာရေဆာက္တည္စဥ္ က်ားေအာင္းသဘာဝ လိွ ုင္ဂူ ကို အထူးႏွစ္သက္ေတာ္မူ၍ ၾကြေရာက္က်င့္ၾကံ အားထုတ္ခဲ႕ျခင္းျဖစ္ပီး တရားထူးမ်ားလည္းရွိခဲ႕ပါသည္။
ဆရာေတာ္ တရားအားထုတ္ေနစဥ္ က်ားမ်ား လာေရာက္ သားေပါက္ ေနထိုင္ၿပီး ဆရာေတာ္ႀကီးကို ရန္မမူၾကပါ ။
က်ားမ်ား လာ၍သားေပါက္သည္ကို အစြဲျပဳ၍ က်ားေအာင္းေတာင္ဟု အမည္တြင္ခဲ႕ျခင္း ျဖစ္သည္။
ဆရာေတာ္ ဦးကလ်ာဏ တည္ထားခဲ႕ၿပီး ေနာက္ပိုင္း ႏွစ္ၾကာလာသည့္အခါ ခ်ံဳႏြယ္ ပိတ္ေပါင္းမ်ား ဖုံးလႊမ္းလ်ွက္ သပိတ္ေမွာက္အထိ ပ်က္စီးခဲ့ရာ လြန္ခဲ႕ေသာ၃၅-ခန္႕က ဆရာေတာ္ ဦးအာသက (ပ်ံလြန္ ) ဦးေဆာင္၍ ျပန္လည္ျပဳျပင္ တည္ထားခဲ႕ၿပီး ထုံးသကၤန္း ကပ္ခဲ႕ရာမွ ယခုအခါ ေရႊသကၤန္းျဖင့္ တင့္တယ္သပၸါယ္စြာ ဖူးေမ်ွာ္နိုင္သကဲ႕သို႕ သာသနိက အေဆာက္အအုံမ်ားလည္း တိုးပြားလာေနပီျဖစ္သည္။ က်ားေအာင္းလိွုင္ဂူ အစုအေဝးတြင္ လြန္ခဲ႕ေသာႏွစ္ ၂၀၀-ခန္႕က ေညာင္ရမ္းေခတ္ႏွင့္ ကုန္းေဘာင္ေခတ္လက္ရာ ေရွးေဟာင္း ရုပ္ပြားဆင္းတုေတာ္မ်ား ရွိေနပါသည္။ ဂူတခုထဲတြင္ ရွင္ပင္သာေလ်ာင္းရုပ္ပြားေတာ္ႀကီး ရွိေနပါသည္။
ႏွစ္ေပါင္းၾကာလာ သည္ႏွင့္အမ်ွ ယခုအခါ ရုပ္ပြားေတာ္ တစ္ပိုင္း သာရွိေတာ့သည္။ က်ားေအာင္း လိွုင္ဂူမွာ ရိုးရိုး လိွုင္ဂူမ်ားကဲ႕သို႔ တစ္ေျဖာင့္တည္း မဟုတ္ဘဲ အေကြ႕ အဝိုက္မ်ားျဖင့္ ေျမႀကီးေအာက္ပိုင္း ကို ေလ်ာဆင္းသြားပါသည္။
ထိုလမ္းေၾကာင္းတစ္ေလ်ာက္ ဆက္သြားပါက မြန္းတည့္ခ်ိန္ခန္႔တြင္ ေနေရာင္ကိုျမင္ရပီး ဆက္သြားပါက ပင္လယ္ကမ္းစပ္ သို႔ ေရာက္သည္ဟု ၾကားဖူးသည္။ ဒါေၾကာင့္ ပင္လယ္တိမ္ေဒသျဖစ္ခဲ႕သည္မွာ မွန္ပါသည္။
ထိုဂူ အစုအေဝး မ်ားထဲမွ ေရွးသူေတာ္စင္ႀကီးမ်ား ဖန္တီးျပဳလုပ္ထားသည့္ လိွဳဏ္ဂူမ်ား မွာ အေတာ္ေသသပ္ လွပ ပါသည္။
ႏွစ္ေထာင္ခ်ီ ရွိၿပီး သဘာဝ လိွ ုင္ဂူျဖစ္သည့္အတြက္ ေဒသခံမ်ား အထူးတန္ဘိုးထား ထိန္းသိန္းၾကရန္လိုအပ္ပါသည္။
အထူအားျဖင့္ က်ားေအာင္းေစတီေတာ္ေျမာက္ဖက္ ဂူတခု၏ဝင္ေပါက္မွ ေစတီေတာ္ေအာက္တည့္တည့္ ေျမေအာက္လိွုင္အတြင္းသို႕ခက္ခဲစြာ ဆင္းသြားပါက ဆရာစံ၏(ဂဠဳန္တပ္သားမ်ား )သစၥာျပဳ ေသြးေသာက္ခဲ႔ ေသာ ေနရာကိုမေတြ႔နိုင္ပီ ယခုအခါ သိသူမ်ား မရွိသေလာက္ နည္းလ်ွက္ရွိပါသည္။
လိွုဏ္ဂူ ေအာက္ေနရာတြင္ နဂါး ကို ဂဠဳန္သုတ္ေနသည့္ သမိုင္းဝင္ပုံ ထြင္းထုထားပီး ဂဠဳန္တပ္သားမ်ား ေအာငိေျမနင္း၍ သစၥာျပဳခဲ႔ေသာ ေနရာျဖစ္ခဲ႕ပါသည္။
ထို႔အတူ ဂူအတြင္း ထြက္ရပ္ေပါက္ ပုဂၢိဳလ္ မ်ား၏ က်င့္ႀကံ အားထုတ္ခဲ႕ရာ အေငြ႔အသက္မ်ားႏွင့္ ေဇာ္ဂ်ီ ေဆးႀကိတ္ခဲ႕ေသာ ေနရာကိုလည္း ေတြ႕နိုင္ပါသည္။ အလင္းေရာင္အားနည္း၍ ဓာတ္မီးမ်ားယူေဆာင္ သြားသင့္သည္။ ထိုေနရာတြင္သစၥာျဖင့္ အဓိ႒ာန္ျပဳပါက အထူးေအာင္ျမင္မွူမ်ား ႐ွိေၾကာင္း သိရပါသည္ ။
လိုွုဏ္ဂူ အစု အေဝးႏွင့္ အေနာက္ဖက္တစ္ေခၚ ေလာက္တြင္ ေက်ာက္လဒ ရွိခဲ႔ၿပီး သိုက္ဆရာမ်ားက ဦးေခါင္းကို ျဖဳတ္ယူသြားၾကေသာေၾကာင့္ ယခုအခါ ေက်ာက္လဒ ကိုယ္ထည္သာ ရွိေတာ့သည္ကိုလည္း ယေန႔တိုင္ေတြ႔နိုင္သည္။
က်ားေအာင္း လူိဏ္ဂူႏွင့္အတူ တစ္ဆက္တစ္စပ္တည္း ဂူ-၁၅-ဂူ ရွိခဲ႕ပါသည္။ ကညင္တိုင္း ရြာအနီးရွိ ေစတီကုန္းပ်က္ႏွင့္ ေရွးေဟာင္းေသာက္ေရကန္မွ ေတြ႔ရွိရသည့္ အုပ္ခ်ပ္မ်ားတြင္ ျဗဟၼိအကၡရာမ်ားကို ေတြ႔ရွိရျခင္းျဖင့္ ပ်ဴေခတ္ ႏွစ္ ၂၀၀၀ ေက်ာ္ သက္တမ္းရွိ သဘာလိူဏ္ဂူျဖစ္သည္မွာ အမွန္ျဖစ္ပါသည္။
ထိုကဲ႕သို႔ သမိုင္းဝင္အေထာက္ထားမ်ားျဖင့္ မွတ္တမ္း တင္နိုင္သည့္ က်ားေအာင္း သဘာဝလိူဏ္ဂူကို ေရွးေဟာင္း သုေတသနဌာန အေနျဖင့္ လာေရာက္ သုေတသနျပဳလွ်က္ ထိန္းသိမ္းသင့္ပါသည္။
ျမန္မာျပည္ခရီးသြားလုပ္ငန္းႏွင့္ ဘုရားဖူးမ်ားအေနျဖင့္လည္း ဧရာဝတီတိုင္းေဒသႀကီး ခရီးစဥ္တြင္ ျပည္တြင္းခရီးသြားလုပ္ငန္းတစ္ခု အျဖစ္ ထင္ေပၚမွူ အားနည္းလ်ွက္ရွိသည့္ က်ားေအာင္းလိူဏ္ဂူသို႔ ဝင္ေရာက္ဖူးေျမာ္ ေလ့လာနိုင္ ပါေၾကာင္းဖိတ္ေခၚအပ္ပါသည္။
က်ားေအာင္းလိူဏ္ဂူႏွင့္ ေစတီပုထိုး ဘုရားမ်ားကို လာေရာက္ဖူးေမ်ွာ္ ေလ့လာလိုပါက ပုသိမ္-မုံရြာ ေရဦး လမ္းမႀကီး၏ ေလးမ်က္ႏွာၿမိဳ႕နယ္အပိုင္း ေစာျပာရြာ (ေစာျပာရြာအဝင္တြင္လမ္းညႊန္ဆိုင္းဘုတ္ရွိသည္)-မွ လိူဏ္ဂူေတာင္ေျခထိ ၁၀-မိနစ္ခန္႔သာ ကားျဖင့္ လာေရာက္နိုင္ပါေၾကာင္းႏွင့္ လာေရာက္ပါက ရိုးသားျဖဴစင္ေဖာ္ေရြလွသည့္ ကညင္တိုင္းအုပ္စု ေက်းရြာသူ ေက်းရြာသားမ်ားက ဝမ္းပမ္းတစ္သာ ႀကိဳဆိွလ်ွက္လိုက္လံျပသေပးပမည္ျဖစ္ပါေၾကာင္း။
ဦးလိွဳင္ေအး(ေလးမ်က္ႏွာ) ေဆာင္းပါးမ်ားမွ ျပန္လည္ ေဖၚျပအပ္ပါသည္​။

စာ​ေရးသူကို ​ေလးစားလ်ွက္​
လမ္​းမဘုရင္​
MCRA









ကညင်​တိုင်​း​ဒေသ မှ ကြို​နေပါမည် ....
.......................................................
​ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့ အနောက်ရိုးမတောင်ကြောတွင် သမိုင်းဝင် ရှေးဟောင်း သဘာဝ ယဉ်ကျေးမှူ အမွေအနှစ်များ ထဲမှတစ်ခု အပါဝင်ဖြစ်သော ကညင်တိုင်း ကျေးရွာ ကျားအောင်းလှိုင်ဂူ အစုအဝေးသည် ရှေးယခင်က ပင်လယ်တိမ် ဒေသဖြစ်ခဲ့ပြီး မီးတောင်ပေါက်ကွဲရာမှ ပန်းထွက်လာသည့် ကျောက်ရေပူများမှ ပျော်ဝင်နေသော အခိုးအငွေ့များကို ရုတ်တရက် ထုတ်လွှင့်ကာ အေးခဲခြင်းကြောင့် မီးတောင်ဟောင်း ချော်တောင်ဖြစ်၍ နှစ်ပေါင်း ထောင်ချီကြာသည့် ရှေးဟောင်းသမိုင်းဝင် ဘူမိတောင်ဖြစ်သည်။
တောင်ကုန်းထိပ်တည့်တည့်တွင် ကျားအောင်းဂူစေတီကို ပုသိမ်-မုံရွာလမ်းမကြီးပေါ်မှ
မှ ုန်ရေးရေးလှမ်းဖူးမျှော်နိုင်ပါသည် ။
ကျားအောင်းဂူ စေတီတော်ကို မြန်မာနိုင်ငံ ပဋိပတ္တိသာသနာဝင် မန္တလေးခေတ် ရဟန္တာ နှင့်ပုဂ္ဂိုလ်ထူးများ ထဲမှ ယနေ့တိုင် ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် ပိန္နဲကွင်း ကပျို(ကမ်းပျို ) တောင်တွင် မပုပ်မသိုးရှိနေသည့် ပိန္နဲကွင်း ဆရာတော် ဦးကလျာဏ သည် (၁၂၁၂ ) ခုနှစ်မှ စတင်၍ အင်္ဂပူမြို့နယ် လေးမျက်နှာမြို့နယ် အနောက်ရိုးမ တောင်ရိပ်တစ်ခွင် ၁၅-ဌာန လှည့်လည် တောရဆောက်တည် သီတင်းသုံးရာ ဒေသတိုင်း၌ အမှတ်တရ စေတီများ တည်ဆောက်ထားခဲ့သည့်အတွက် ယခု ဖူးမြင်ရသည့် ကျားအောင်းဂူစေတီသည်လည်း ပိန္နဲကွင်း ဆရာတော်ဘုရားကြီး ကျားအောင်းဂူတွင်သီတင်းသုံးခိုက်တည်ထားခဲ့သော စေတီတော်ဖြစ်ပါသည်။


ဆရာတော် ဦးကလျာဏ သည် ၁၅ဌာန တောရဆောက်တည်စဉ် ကျားအောင်းသဘာဝ လှိ ုင်ဂူ ကို အထူးနှစ်သက်တော်မူ၍ ကြွရောက်ကျင့်ကြံ အားထုတ်ခဲ့ခြင်းဖြစ်ပီး တရားထူးများလည်းရှိခဲ့ပါသည်။
ဆရာတော် တရားအားထုတ်နေစဉ် ကျားများ လာရောက် သားပေါက် နေထိုင်ပြီး ဆရာတော်ကြီးကို ရန်မမူကြပါ ။
ကျားများ လာ၍သားပေါက်သည်ကို အစွဲပြု၍ ကျားအောင်းတောင်ဟု အမည်တွင်ခဲ့ခြင်း ဖြစ်သည်။
ဆရာတော် ဦးကလျာဏ တည်ထားခဲ့ပြီး နောက်ပိုင်း နှစ်ကြာလာသည့်အခါ ချုံနွယ် ပိတ်ပေါင်းများ ဖုံးလွှမ်းလျှက် သပိတ်မှောက်အထိ ပျက်စီးခဲ့ရာ လွန်ခဲ့သော၃၅-ခန့်က ဆရာတော် ဦးအာသက (ပျံလွန် ) ဦးဆောင်၍ ပြန်လည်ပြုပြင် တည်ထားခဲ့ပြီး ထုံးသင်္ကန်း ကပ်ခဲ့ရာမှ ယခုအခါ ရွှေသင်္ကန်းဖြင့် တင့်တယ်သပ္ပါယ်စွာ ဖူးမျှော်နိုင်သကဲ့သို့ သာသနိက အဆောက်အအုံများလည်း တိုးပွားလာနေပီဖြစ်သည်။ ကျားအောင်းလှိုင်ဂူ အစုအဝေးတွင် လွန်ခဲ့သောနှစ် ၂၀၀-ခန့်က ညောင်ရမ်းခေတ်နှင့် ကုန်းဘောင်ခေတ်လက်ရာ ရှေးဟောင်း ရုပ်ပွားဆင်းတုတော်များ ရှိနေပါသည်။ ဂူတခုထဲတွင် ရှင်ပင်သာလျောင်းရုပ်ပွားတော်ကြီး ရှိနေပါသည်။
နှစ်ပေါင်းကြာလာ သည်နှင့်အမျှ ယခုအခါ ရုပ်ပွားတော် တစ်ပိုင်း သာရှိတော့သည်။ ကျားအောင်း လှိုင်ဂူမှာ ရိုးရိုး လှိုင်ဂူများကဲ့သို့ တစ်ဖြောင့်တည်း မဟုတ်ဘဲ အကွေ့ အဝိုက်များဖြင့် မြေကြီးအောက်ပိုင်း ကို လျောဆင်းသွားပါသည်။
ထိုလမ်းကြောင်းတစ်လျောက် ဆက်သွားပါက မွန်းတည့်ချိန်ခန့်တွင် နေရောင်ကိုမြင်ရပီး ဆက်သွားပါက ပင်လယ်ကမ်းစပ် သို့ ရောက်သည်ဟု ကြားဖူးသည်။ ဒါကြောင့် ပင်လယ်တိမ်ဒေသဖြစ်ခဲ့သည်မှာ မှန်ပါသည်။
ထိုဂူ အစုအဝေး များထဲမှ ရှေးသူတော်စင်ကြီးများ ဖန်တီးပြုလုပ်ထားသည့် လှိုဏ်ဂူများ မှာ အတော်သေသပ် လှပ ပါသည်။
နှစ်ထောင်ချီ ရှိပြီး သဘာဝ လှိ ုင်ဂူဖြစ်သည့်အတွက် ဒေသခံများ အထူးတန်ဘိုးထား ထိန်းသိန်းကြရန်လိုအပ်ပါသည်။
အထူအားဖြင့် ကျားအောင်းစေတီတော်မြောက်ဖက် ဂူတခု၏ဝင်ပေါက်မှ စေတီတော်အောက်တည့်တည့် မြေအောက်လှိုင်အတွင်းသို့ခက်ခဲစွာ ဆင်းသွားပါက ဆရာစံ၏(ဂဠုန်တပ်သားများ )သစ္စာပြု သွေးသောက်ခဲ့ သော နေရာကိုမတွေ့နိုင်ပီ ယခုအခါ သိသူများ မရှိသလောက် နည်းလျှက်ရှိပါသည်။
လှိုဏ်ဂူ အောက်နေရာတွင် နဂါး ကို ဂဠုန်သုတ်နေသည့် သမိုင်းဝင်ပုံ ထွင်းထုထားပီး ဂဠုန်တပ်သားများ အောငိမြေနင်း၍ သစ္စာပြုခဲ့သော နေရာဖြစ်ခဲ့ပါသည်။
ထို့အတူ ဂူအတွင်း ထွက်ရပ်ပေါက် ပုဂ္ဂိုလ် များ၏ ကျင့်ကြံ အားထုတ်ခဲ့ရာ အငွေ့အသက်များနှင့် ဇော်ဂျီ ဆေးကြိတ်ခဲ့သော နေရာကိုလည်း တွေ့နိုင်ပါသည်။ အလင်းရောင်အားနည်း၍ ဓာတ်မီးများယူဆောင် သွားသင့်သည်။ ထိုနေရာတွင်သစ္စာဖြင့် အဓိဋ္ဌာန်ပြုပါက အထူးအောင်မြင်မှူများ ရှိကြောင်း သိရပါသည် ။
လိုှုဏ်ဂူ အစု အဝေးနှင့် အနောက်ဖက်တစ်ခေါ် လောက်တွင် ကျောက်လဒ ရှိခဲ့ပြီး သိုက်ဆရာများက ဦးခေါင်းကို ဖြုတ်ယူသွားကြသောကြောင့် ယခုအခါ ကျောက်လဒ ကိုယ်ထည်သာ ရှိတော့သည်ကိုလည်း ယနေ့တိုင်တွေ့နိုင်သည်။
ကျားအောင်း လိူဏ်ဂူနှင့်အတူ တစ်ဆက်တစ်စပ်တည်း ဂူ-၁၅-ဂူ ရှိခဲ့ပါသည်။ ကညင်တိုင်း ရွာအနီးရှိ စေတီကုန်းပျက်နှင့် ရှေးဟောင်းသောက်ရေကန်မှ တွေ့ရှိရသည့် အုပ်ချပ်များတွင် ဗြဟ္မိအက္ခရာများကို တွေ့ရှိရခြင်းဖြင့် ပျူခေတ် နှစ် ၂၀၀၀ ကျော် သက်တမ်းရှိ သဘာလိူဏ်ဂူဖြစ်သည်မှာ အမှန်ဖြစ်ပါသည်။
ထိုကဲ့သို့ သမိုင်းဝင်အထောက်ထားများဖြင့် မှတ်တမ်း တင်နိုင်သည့် ကျားအောင်း သဘာဝလိူဏ်ဂူကို ရှေးဟောင်း သုတေသနဌာန အနေဖြင့် လာရောက် သုတေသနပြုလျှက် ထိန်းသိမ်းသင့်ပါသည်။
မြန်မာပြည်ခရီးသွားလုပ်ငန်းနှင့် ဘုရားဖူးများအနေဖြင့်လည်း ဧရာဝတီတိုင်းဒေသကြီး ခရီးစဉ်တွင် ပြည်တွင်းခရီးသွားလုပ်ငန်းတစ်ခု အဖြစ် ထင်ပေါ်မှူ အားနည်းလျှက်ရှိသည့် ကျားအောင်းလိူဏ်ဂူသို့ ဝင်ရောက်ဖူးမြော် လေ့လာနိုင် ပါကြောင်းဖိတ်ခေါ်အပ်ပါသည်။
ကျားအောင်းလိူဏ်ဂူနှင့် စေတီပုထိုး ဘုရားများကို လာရောက်ဖူးမျှော် လေ့လာလိုပါက ပုသိမ်-မုံရွာ ရေဦး လမ်းမကြီး၏ လေးမျက်နှာမြို့နယ်အပိုင်း စောပြာရွာ (စောပြာရွာအဝင်တွင်လမ်းညွှန်ဆိုင်းဘုတ်ရှိသည်)-မှ လိူဏ်ဂူတောင်ခြေထိ ၁၀-မိနစ်ခန့်သာ ကားဖြင့် လာရောက်နိုင်ပါကြောင်းနှင့် လာရောက်ပါက ရိုးသားဖြူစင်ဖော်ရွေလှသည့် ကညင်တိုင်းအုပ်စု ကျေးရွာသူ ကျေးရွာသားများက ဝမ်းပမ်းတစ်သာ ကြိုဆှိလျှက်လိုက်လံပြသပေးပမည်ဖြစ်ပါကြောင်း။
ဦးလှိုင်အေး(လေးမျက်နှာ) ဆောင်းပါးများမှ ပြန်လည် ဖေါ်ပြအပ်ပါသည်​။

စာ​ရေးသူကို ​လေးစားလျှက်​
လမ်​းမဘုရင်​
MCRA

No comments:

Post a Comment