Latest News

Monday, July 30, 2018

လူမမယ္ကေလး ၆ ဦးကို ထားရစ္ကာ မိဘႏွစ္ဦး ႀကိဳးဆြဲခ်ေသဆုံး


ဧရာဝတီတိုင္း လပြတၱာၿမိဳ႕နယ္တြင္ အရြယ္မေရာက္ေသးေသာ လူမမယ္ကေလး ၆ ေယာက္ကို ထားခဲ့ၾကကာ လင္မယားႏွစ္ဦးစလုံး ႀကိဳးဆြဲခ် သတ္ေသမွု ျဖစ္ပြားခဲ့ေၾကာင္း တိုင္းရဲတပ္ဖြဲ႕မွူး႐ုံးမွ သတင္းရရွိသည္။

လပြတၱာၿမိဳ႕နယ္ သိုင္းကုန္းေက်းရြာ၊ ရြာေတာင္ပိုင္းရွိ လယ္ကြင္းထဲတြင္ ေနထိုင္ေသာ မိသားစု(၈)ဦးတြင္ ဖခင္ျဖစ္သူ ေစာပါပလု(၃၃ ႏွစ္)၊ မိခင္ျဖစ္သူ ေနာ္မာမာေအာင္ (၂၈ ႏွစ္) တို႔က အရြယ္မေရာက္ေသးသည့္ ကေလး ၆ ဦးကို ထားရစ္ကာ ေနအိမ္ထုတ္တန္း၌ ႀကိဳးဆြဲခ်လၽွက္ ေသဆုံးေနၾကာင္း သိရွိရသည္။

ေသဆုံးမွုကို အဆိုပါအိမ္အနီးတြင္ ေနထိုင္ေသာ ေယာက္ဖေတာ္စပ္သူ ရဲထြန္း ဆိုသူက အိမ္ကို အလည္သြားရာမွ ေတြ႕ရွိခဲ့ၿပီး သက္ဆိုင္ရာကို အေၾကာင္းၾကားခဲ့ျခင္းျဖစ္ေၾကာင္း ရဲအရာရွိက ေျပာဆိုခဲ့သည္။
လတ္တေလာေကာက္ခ်က္အေနနဲ႔ စားဝတ္ေနေရး အက်ပ္အတည္းေၾကာင့္ ယခုကဲ့သို႔ အဆုံးစီရင္သြားဖြယ္ရာရွိေၾကာင္း မွတ္ခ်က္ခ်ထားၿပီး အမွုကို ေသမွုေသခင္း ၁၀/၂၀၁၈ ႏွင့္ ဖြင့္လွစ္ထားေၾကာင္းသိရွိရသည္။

က်န္ရွိခဲ့ေသာ သားသမီး ၆ ဦးကို ေဆြမ်ိဳးမ်ားအေနနဲ႔ တိုင္ပင္ညႇိႏွိုင္း ေဆာင္ရြက္လၽွက္ရွိေၾကာင္း သတင္းရရွိသည္။
Popolay

#Unicode Version#


ဧရာဝတီတိုင်း လပွတ္တာမြို့နယ်တွင် အရွယ်မရောက်သေးသော လူမမယ်ကလေး ၆ ယောက်ကို ထားခဲ့ကြကာ လင်မယားနှစ်ဦးစလုံး ကြိုးဆွဲချ သတ်သေမှု ဖြစ်ပွားခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

လပွတ္တာမြို့နယ် သိုင်းကုန်းကျေးရွာ၊ ရွာတောင်ပိုင်းရှိ လယ်ကွင်းထဲတွင် နေထိုင်သော မိသားစု(၈)ဦးတွင် ဖခင်ဖြစ်သူ စောပါပလု(၃၃ နှစ်)၊ မိခင်ဖြစ်သူ နော်မာမာအောင် (၂၈ နှစ်) တို့က အရွယ်မရောက်သေးသည့် ကလေး ၆ ဦးကို ထားရစ်ကာ နေအိမ်ထုတ်တန်း၌ ကြိုးဆွဲချလျှက် သေဆုံးနေကြာင်း သိရှိရသည်။

သေဆုံးမှုကို အဆိုပါအိမ်အနီးတွင် နေထိုင်သော ယောက်ဖတော်စပ်သူ ရဲထွန်း ဆိုသူက အိမ်ကို အလည်သွားရာမှ တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာကို အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း ရဲအရာရှိက ပြောဆိုခဲ့သည်။
လတ်တလောကောက်ချက်အနေနဲ့ စားဝတ်နေရေး အကျပ်အတည်းကြောင့် ယခုကဲ့သို့ အဆုံးစီရင်သွားဖွယ်ရာရှိကြောင်း မှတ်ချက်ချထားပြီး အမှုကို သေမှုသေခင်း ၁၀/၂၀၁၈ နှင့် ဖွင့်လှစ်ထားကြောင်းသိရှိရသည်။

ကျန်ရှိခဲ့သော သားသမီး ၆ ဦးကို ဆွေမျိုးများအနေနဲ့ တိုင်ပင်ညှိနှိုင်း ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

Popolay

No comments:

Post a Comment

Blog Archive

Tags

Accident Ad Agriculture Article Astrology Aung San Suu Kyi Bagan Beauty Bogale Book Car Cartoon celebs Crime Crony Daily Popular Danubyu Dedaye Dhamma Dr Hla Myat Thway Education ELection Entertainment Environment Foreign Affairs General General Aung San General Knowledge Gossip Gov Health Herbal Hinthada History Hluttaw Ingapu Interview Job Kangyidaunt kyaik Lat Kyangin Kyaunggon Kyonpyaw Latputta Laymyethna Lemyethna Letter Ma Shwe Moe Mahn Johnny Maubin Mawlamyinegyun Media MMP MMP 1 money Myan Aung Myanmar Idol Myaungmya Myo Min Paing News Ngapudaw Ngathaingchaung NLD Nyaung Tone Opinion Pagoda Pantanaw Party Pathein People Photo Places Poem Police Politic Political Prisoner Popular Project Pyapon Quote School Bus Song Speech Sport Sports Student SYW SYW 1 Technology Thabaung Time Ayeyar Tourism Trailer Travel U Ba Hein U Ko Ni U Kyaw Myint U Win Htay USDP Video Wakhama Weather World News Yekyi Zalun စိတ္အဟာရ ရသစာမ်ား စိုက္ပ်ိဳးေရး ထူးဆန္းေထြလာ ဒီေရေတာ နာေရး ဗေဒင် မဘသ မံုရြာ လယ္သိမ္းေျမသိမ္း လူပုဂၢိဳလ္မ်ား လူေပ်ာက္ေၾကာ္ျငာ အရွင္သုစိတၱ (ေမာ္ကၽြန္း) အရွင္သုစိတၱ (ေမာ္ကၽြန္း) ဆရာေတာ္ အေထြေထြ ေ၀ဖန္ေရး ေထြအုပ္ ​ေမာ္​တင္​စြန္​း ႏုိင္ငံေရးအက်ဥ္းသား

Labels

Recent Post