Latest News

Saturday, July 28, 2018

ကျန်းမာရေးကောင်းမွန်လာသည့်အတွက် ဖာဂူဆန်ကျေးဇူးတင်စကားဆို

ကျန်းမာရေးကောင်းမွန်လာသည့်အတွက် ဖာဂူဆန်ကျေးဇူးတင်စကားဆို

မန်ချက်စတာ ဇူလိုင် ၂၇

မေ ၅ ရက်က နေအိမ်၌ခေါင်းကိုက်သည်ဟုဆိုကာ လဲကျ
သွားပြီး ဦးနှောက်တွင်း သွေးယိုစီးခြင်းကြောင့် အရေးပေါ်ခွဲစိတ်ကုသမှုခံယူခဲ့ရသော မန်ယူဂန္ထ၀င်နည်းပြဖာဂူဆန်သည် ခွဲစိတ်ကုသမှုခံယူပြီးပြန်လည်သက်သာလာသည့်အတွက်၎င်းကို ဂရုစိုက်ပေးကြသူများ၊အထူးသဖြင့် ကုသပေးသောဆရာဝန်နှင့် ၀န်ထမ်းများအားလုံး
ကို ဗီဒီယိုမှတစ်ဆင့် ကျေးဇူးတင်စကားပြောကြားသည်။

အသက်အန္တရာယ် အလွန်စိုးရိမ်ရသော အခြေအနေရောက်ခဲ့ကာခွဲစိတ်ပြီးနောက် ပြန်လည်ကောင်းမွန်လာရန် တစ်ဆင့်ချင်း ပြုစုခံနေရသေးသော်လည်း ဖာဂူဆန်မှာမှတ်ဉာဏ်အကောင်းအတိုင်းရှိနေပြီးနိုင်ငံရေး၊ ဘောလုံးရေးရာကိစ္စများကို မိတ်ဆွေများနှင့် စကားပြောနိုင်ပြီဖြစ်ကြောင်း သိရသည်။

ဖာဂူဆန်က "ကျွန်တော့်အပေါ်အစွမ်းကုန်ပြုစုကုသပေးပြီး ဂရုစိုက်ပေးခဲ့ကြတဲ့ ခင်ဗျားတို့မရှိရင်ဒီနေ့ ဒီနေရာမှာ ထိုင်နိုင်မှာမဟုတ်ဘူး"ဟု ကျေးဇူးတင်စကားဆိုခဲ့သည်။

Ref:Dailymail@MWD

No comments:

Post a Comment