Latest News

Saturday, July 28, 2018

ပရိသတ်များအတွက် သီချင်းအသစ်တစ်ပုဒ် သီဆိုထားသည့်ရေဗက္ကဝင်း

ပရိသတ်များအတွက် သီချင်းအသစ်တစ်ပုဒ် သီဆိုထားသည့်ရေဗက္ကဝင်း

အဆိုတော်ရေဗက္ကဝင်း သီဆိုထားသည့် အရင်လိုအသက်ရှူမဝတဲ့ ပဋိပက္ခအလွမ်း နေ့ရက်ရှည်များ အမည်ရှိ သီချင်းကို သြဂုတ် ၁ ရက်တွင် ပရိသတ်များ နားဆင်ရတော့မည်ဖြစ်ကြောင်း သိရသည်။

ပရိသတ်အားပေးမှု အခိုင်အမာ ရရှိကာ အောင်မြင်နေကြသည့် အမျိုးသမီး အဆိုတော်လေးဦးဖြစ်သော ရေဗက္ကဝင်း၊ မေစံပယ်ညို၊ ခင်ဘုဏ်းနှင့် ယုဇနတို့၏ သီချင်းတစ်ပုဒ်ချင်းစီမှ စာသားများ ပေါင်းစပ်၍ သီချင်းတစ်ပုဒ်ဖြစ်အောင် ပြန်လည်ဖန်တီးသီဆိုထားခြင်းဖြစ်ကြောင်း အဆိုတော် ရေဗက္ကဝင်းကပြောသည်။

''ပရိသတ်တွေနားထဲစွဲနေတဲ့ သီချင်းစာသားတစ်ကြောင်း၊ နှစ်ကြောင်းကိုပဲ ယူထားတာပါ။ ဖန်တီးမှုကတော့ အကုန်လုံး အသစ်ချည်းပါပဲ။ သီချင်းခေါင်းစဉ်ကိုတော့ အရင်လို အသက်ရှူမဝတဲ့ ပဋိပက္ခအလွမ်းနေ့ရက်ရှည်များလို့ ပေးထားတယ်။ လေးယောက်ပေါင်းတော့ သီချင်းနာမည်က တော်တော်ရှည်သွားတယ်။ အမှတ်တရ အနေနဲ့ လုပ်တာဖြစ်တဲ့အတွက် ဆိုရတဲ့အပိုင်းမှာ သူ့လုပ်ကွက်၊ ကိုယ့်လုပ်ကွက်ရယ်လို့ မဟုတ်ဘဲ ပရိသတ်လည်း နားဆင် ရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဆိုဖြစ်တာပါ'' ဟု ရေဗက္ကဝင်းက ပြောသည်။

MWD

No comments:

Post a Comment