Latest News

Wednesday, July 4, 2018

ဂူအတွင်းပိတ်မိနေသော ထိုင်းကျောင်းသားများ ကျန်းမာရေးအခြေအနေကောင်းမွန်၊အပြင်သို့ကယ်ထုတ်ရန် အချိန်ယူရဦးမည်​ဖြစ်

ဂူအတွင်းပိတ်မိနေသော ထိုင်းကျောင်းသားများ ကျန်းမာရေးအခြေအနေကောင်းမွန်၊အပြင်သို့ကယ်ထုတ်ရန် အချိန်ယူရဦးမည်​ဖြစ်

ချင်းရိုင်   ဇူလိုင်  ၎

ထိုင်းနိုင်ငံမြောက်ပိုင်း ထမ့်လုံလိုဏ်ဂူအတွင်း ပိတ်မိနေသော ကျောင်းသား ၁၂  ဦးနှင့် ¤င်းတို့၏ဘောလုံးနည်းပြဆရာ         တို့ကို  ရိုက်ကူးထားသော ဗီဒီယိုအသစ်  ထွက်ပေါ်လာရာ ယင်းဗီဒီယိုထဲတွင်   ကျောင်းသားများနှင့်  နည်းပြဆရာ၏                   ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း တွေ့ရသည်။  ကျောင်းသားများမှာ    ပြုံးရွှင်လျက်ရှိပြီး တစ်ဦးချင်း မိတ်ဆက်ကြသည်ကိုလည်း တွေ့ရသည်။ ¤င်းတို့ ပျောက်ဆုံးမှုမှာ ကိုးရက်တာကြာမြင့်ပြီးနောက် တနင်္လာနေ့ တွင် ကျောင်းသားများအားလုံးကို ပြန်လည်ရှာတွေ့ခဲ့ခြင်း ဖြစ်ပြီး ယခုအခါ အစားအသောက်များနှင့် ဆေးဝါးကုသမှုများ ရရှိနေပြီဖြစ်သည်။

သို့သော်  ၄င်းတို့အားလုံးကို အပြင်သို့ကယ်ထုတ်ရန်               မှာ    ကြာမြင့်ဦးမည်ဖြစ်သည်။      ဂူအတွင်း   ရေများ ကျန်ရှိနေသေး၍ ရေပြန်ကျသည့်အချိန်ကို စောင့်ဆိုင်းခြင်း သို့မဟုတ်   ကလေးများအားလုံးကို   ရေငုပ်သင်ပေးခြင်း အစရှိသည်တို့  ဆောင်ရွက်မှသာ ဂူအပြင်ပြန်ထွက်နိုင်မည့် အခြေအနေပင်ဖြစ်သည်။ ယခုအခါ ကလေးများအားလုံးကို ရေကူးနှင့် ရေငုပ်သင်ပေးလျက်ရှိပြီး  ရေကျလာပြီး ရေစီး နှေးသွားပါက ကလေးငယ်များကို အလျင်အမြန် ဂူအတွင်း               မှ ကယ်ထုတ်နိုင်မည်ဖြစ်ကြောင်းနှင့် လက်ရှိအချိန်တွင် ရေစီး သန်နေပြီး ဂူအတွင်းအချို့နေရာများမှာ ကျဉ်းမြောင်းလွန်း ခြင်း၊ ရေနောက်ကျိသဖြင့် ရှေ့ကိုမြင်နိုင်ရန် ခက်ခဲခြင်း၊ ဂူ အတွင်းလမ်းများမှာ ရှုပ်ထွေးလွန်းခြင်းတို့ကြောင့် ကယ်ဆယ် ရေးလုပ်ဆောင်ရာတွင် လူအင်အားများစွာအသုံးပြုရမည် ဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ် Prawit Wongsuwan  က သတင်းထောက်များကို ပြောသည်။  ကျောင်းသားများတွင် ရေမကူးတတ်သူများပါရှိရာ  ¤င်းတို့ကို  ရေငုပ်သင်ပေးရန် အချိန်ယူရဦးမည်ဖြစ်သည်။

ဗုဒ္ဓဟူးနေ့တွင် ရေငုပ်သမား ၃ဝ ၊  ထိုင်းတပ်ဖွဲ့မှအရာရှိ များနှင့်  နိုင်ငံခြားသားလိုဏ်ဂူကျွမ်းကျင်သူ  ၃ဝ ခန့်တို့သည် ဂူအတွင်းဝင်ရောက်သွားသည်ကိုလည်း တွေ့ရသည်။ ဗုဒ္ဓဟူး နေ့တွင် ကျောင်းသားများကို ကယ်ထုတ်ရန်     ဆောင်ရွက် ဦးမည်မဟုတ်ကြောင်း၊ သို့သော် ပြီးပြည့်စုံသည့် အစမ်းလေ့ကျင့် မှုကို  လုပ်ဆောင်နိုင်ခဲ့ကြောင်း  သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ အဂ¯နေ့ ညနေပိုင်းအထိ ရေလီတာပေါင်း သန်း ၁၂ဝ ကိုစုပ်ထုတ်ပြီးဖြစ်သည်။ ရေတပ်မှ   ရေငုပ်သမား နှစ်ဦးသည်လည်း  ကျောင်းသားများနှင့်   အတူရှိနေမည် ဖြစ်သည်။ မျက်နှာတစ်ခုလုံးဖုံးသည့် ရေငုပ်မျက်နှာဖုံး ၁၅ ခုကို သယ်ဆောင်သွားရန် ရေတပ်အာဏာပိုင်များက  ပြောထား ကြောင်း  ကယ်ဆယ်ရေးအဖွဲ့တွင် ပါဝင်သော ရေငုပ်သမား တစ်ဦးက သတင်းထောက်များကို ပြောသည်။

ယင်းရေငုပ်မျက်နှာဖုံးများသည် ရေငုပ်အတွေ့အကြုံ မရှိသည့် ကျောင်းသားလေးများ အသုံးပြုရန်အတွက်ဖြစ်သည် ဟုလည်း ¤င်းက ဆက်ပြောသည်။

မြန်​မာ့အလင်း၊ဘီဘီစီ၊ အင်န်အိတ်ခ်ျကေ

No comments:

Post a Comment