Latest News

Sunday, July 15, 2018

စီရိုနယ်လ်ဒိုနေရာတွင် အစားထိုးရန် ဟာဇက်အား ပေါင်သန်း ၁၅ဝ ဖြင့် ခေါ်ယူရန် ရီးယဲလ် ပြင်ဆင်

စီရိုနယ်လ်ဒိုနေရာတွင် အစားထိုးရန် ဟာဇက်အား
ပေါင်သန်း ၁၅ဝ ဖြင့် ခေါ်ယူရန် ရီးယဲလ် ပြင်ဆင်

ရီးယဲလ်မက်ဒရစ်အသင်းသည် အသင်း မှ ထွက်ခွာသွားသည့် တိုက်စစ်မှူး  စီရိုနယ်လ်ဒိုနေရာတွင် အစားထိုးရန် ယခုနှစ်နွေရာသီ အပြောင်းအရွှေ့ ကာလအတွင်း   ချယ်လ်ဆီးအသင်း မှ      ဘယ်လ်ဂျီယံတိုက်စစ်မှူး  ဟာဇက်အား ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၅ဝ ဖြင့် ခေါ်ယူရန် ပြင်ဆင် လျက်ရှိကြောင်း သိရသည်။

ရီးယဲလ်မက်ဒရစ်အသင်းက တိုက် စစ်မှူး စီရိုနယ်လ်ဒိုအား ဂျူဗင်တပ် အသင်းသို့   ရောင်းချခဲ့ပြီးနောက် အသင်းအတွက်   လိုအပ်နေသည့် တိုက်စစ်မှူးနေရာအတွက် ဘယ်လ် ဂျီယံ တိုက်စစ်မှူး ဟာဇက်ကို အဓိက ပစ်မှတ်ထားလျက်ရှိကြောင်း သိရ သည်။

ဘယ်လ်ဂျီယံအသင်းခေါင်းဆောင်  ဟာဇက်သည် လက်ရှိ ပရီမီယာလိဂ် ကလပ် ချယ်လ်ဆီးအသင်းနှင့် စာချုပ် သက်တမ်း   နှစ်နှစ်ကျန်ရှိနေသေး သော်လည်း   ချန်ပီယံလိဂ်ချန်ပီယံ ရီးယဲလ်မက်ဒရစ်အသင်းက ဟာဇက် အား  ခေါ်ယူရန်  ပထမဦးစားပေး အဖြစ် စီစဉ်နေခြင်းဖြစ်သည်။

ချယ်လ်ဆီးတိုက်စစ်မှူး ဟာဇက် သည် လက်ရှိကစားနေသည့် စတမ်း ဖို့ဒ်ဘရစ်ခ်ျတွင် ပျော်ရွှင်မှုရရှိနေသည် ဟု ဆိုသော်လည်း ဘာနေဗျူးတွင်  ကစားရန် ဆန္ဒရှိကြောင်း မကြာခဏ ပြောကြားခဲ့ခြင်းကြောင့်    ရီးယဲလ် မက်ဒရစ်အသင်းက  ဟာဇက်အား ခေါ်ယူနိုင်မည်ဟု ယုံကြည်ထားခြင်း ဖြစ်သည်။  သို့ရာတွင် ချယ်လ်ဆီး အသင်းကလည်း     တိုက်စစ်မှူး ဟာဇက်အား တစ်ပတ်လုပ်ခ လစာ ပေါင်သုံးသိန်းဖြင့်  စာချုပ်သစ် ထပ်မံ ချုပ်ဆိုရန်    စီစဉ်လျက်ရှိကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

Mirror

No comments:

Post a Comment