ပေါင်သန်း ၂ဝဝ အထိ ချယ်လ်ဆီး သတ်မှတ်
ချယ်လ်ဆီးအသင်းသည် တိုက်စစ်မှူး ဟာဇက်ကို ရောင်းချရန် မရှိသော်လည်း ၄င်း၏ အပြောင်းအရွှေ့နှင့် ပတ်သက်၍ ခေါ်ယူရန်ဆန္ဒရှိနေသည့်အသင်းများအား ပြောင်းရွှေ့ကြေးပေါင်သန်း ၂ဝဝ အထိတောင်းဆိုထား ကြောင်း သိရသည်။
နည်းပြဆာရီ၏ နည်းဗျူဟာကြောင့် ကွင်းလယ် ကစားသမား ဝီလီယံအား ဘာစီလိုနာအသင်းသို့ ရောင်းချ မည့်ကိစ္စပျက်ပြယ်ခဲ့ရသည့်အပြင် တိုက်စစ်မှူး ဟာဇက် ကိုလည်း ရောင်းချရန်မရှိကြောင်း ချယ်လ်ဆီးအသင်းက ပြောကြားထားသော်လည်း ဟာဇက်၏ တန်ဖိုးကို ပေါင် သန်း ၂ဝဝ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
ယင်းသို့ ချယ်လ်ဆီးအသင်းက ဟာဇက်အား ရောင်းချရန်ဆန္ဒမရှိသော်လည်း ဟာဇက်ကမူ စာချုပ်သစ် ချုပ်ဆိုရန် ဆန္ဒမရှိကြောင်း ပြောကြားခဲ့သည်။ ထို့ကြောင့် ချယ်လ်ဆီးအသင်းက တိုက်စစ်မှူး ဟာဇက်အား တစ်ပတ် လုပ်ခလစာပေါင် သုံးသိန်းဖြင့် စာချုပ်သစ်တစ်ရပ်ထပ်တိုး ချုပ်ဆိုရန် ကမ်းလှမ်းထားကြောင်း သိရသည်။
ချယ်လ်ဆီးအသင်းသည် နောက်တန်းကစားသမား များဖြစ်ကြသည့် ရူဂါနီနှင့် ကယ်လ်ဒါရာတို့အား ခေါ်ယူရန်ရှိနေပြီး တိုက်စစ်မှူး ဟီဂူအင်ကိုလည်း ခေါ်ယူ ရန် ဆွေးနွေးလျက်ရှိကြောင်းသိရသည်။ ချယ်လ်ဆီး အသင်းသည် ဟီဂူအင်ကို ခေါ်ယူရန်အတွက် အေစီမီလန် အသင်းနှင့် အပြိုင်ကြိုးပမ်းနေရကြောင်း သိရသည်။
The Mirror Daily
No comments:
Post a Comment