Latest News

Tuesday, July 10, 2018

မိုးအဆက်မပြတ်ရွာသွန်းမြေပြိုမှုကြောင့် ဂျပန်၌ သေဆုံးသူဦးရေ ၁၄၈ ဦးအထိဖြစ်လာ

မိုးအဆက်မပြတ်ရွာသွန်းမြေပြိုမှုကြောင့် ဂျပန်၌ သေဆုံးသူဦးရေ  ၁၄၈ ဦးအထိဖြစ်လာ

တိုကျို   ဇူလိုင်   ၁ဝ

ဂျပန်နိုင်ငံ အနောက်ပိုင်းတွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးမှုနှင့် မြေပြိုမှုများဖြစ်ပွားခဲ့ရာ  သေဆုံးသူ ဦးရေမှာ  ၁၄၈ ဦးအထိ ရှိလာပြီ ဖြစ်သည်။ အစိုးရနှင့်  ဒေသခံ  မြူနီစီပယ်များ သည်   ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင် ခဲ့ကြရာ ၅၉ ဦး ထပ်မံရှာဖွေတွေ့ရှိခဲ့သည်။ ဟီရိုရှီးမား စီရင်စုတွင် လူပေါင်း ၅၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဝန်ကြီးချုပ်  ရှင်ဇိုအာဘေးသည်   ဥရောပနှင့်  အရှေ့ အလယ်ပိုင်းဒေသများသို့ သွားရောက်ရန်  ခရီးစဉ်ကိုလည်း ဖျက်သိမ်းခဲ့ရသည်။ ထိခိုက်ခံစားရသူများ၏ လိုအပ်ချက်များကို ပြန်လည်ဖြည့်ဆည်းပေးမည်ဖြစ်ပြီး  ပြန်လည်တည်ဆောက် ရေးလုပ်ငန်းကိုလည်း အလျင်အမြန်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း  ဂျပန်ဝန်ကြီးချုပ်က ပြောသည်။

ရေအောက်နစ်မြုပ်ခဲ့
သီးသန့်ရန်ပုံငွေထဲမှ  ယန်းနှစ်ဘီလီယံခန့်  သုံးစွဲသွား မည်ဖြစ်ကြောင်း  ဂျပန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ   ယိုရှီ ဒါဆူဂါက  သတင်းစာရှင်းလင်းပွဲတွင်  ပြောသည်။  မိုးရွာ သွန်းမှုနှင့် မြေပြိုမှုများကြောင့်  တောင်ပေါ်သစ်တောများ၊   စပါးခင်းများ၊ ဆည်များ၊ ပျက်စီးခဲ့ရကြောင်း လယ်ယာဝန်ကြီးက ပြောသည်။ မြေပြိုမှုကြောင့် အိမ်ပေါင်း  ၃၄၇ လုံး ပျက်စီးခဲ့ရပြီး  နေအိမ်ပေါင်း ၉၈၆၈ လုံး  ရေအောက်နစ်မြုပ်ခဲ့ရသည်။                                                                                            


MMAL

No comments:

Post a Comment