Latest News

Tuesday, July 10, 2018

စီရော်နယ်ဒို ဘက်က ရီးယဲလ်မှ ထွက်ခွာလိုသည် ဆိုသော စကားကို ရီးယဲလ်ဥက္ကဋ္ဌ အလိုရှိ

စီရော်နယ်ဒို ဘက်က ရီးယဲလ်မှ ထွက်ခွာလိုသည် ဆိုသော စကားကို ရီးယဲလ်ဥက္ကဋ္ဌ အလိုရှိ

မက်ဒရစ် ဇူလိုင် ၁၀

ရီးယဲလ်အသင်းမှ တိုက်စစ်မှူးစီရော်နယ်ဒိုသည် ဂျူဗင်တပ်စ် အသင်းသို့ ပြောင်းရွှေ့ရန် အရေးမှာ ပိုမိုနီးစပ်သည် ထက် နီးစပ်လာပြီး ယမန်နေ့က စီရော်နယ်ဒို၏ အေးဂျင့် ဂျော့ခ်ျမန်ဒက်စ် ကိုယ်တိုင် အီတလီသို့ ရောက်ရှိကာ ဂျူဗင်တပ်စ် တာဝန်ရှိသူများနှင့် အပြောင်းအရွှေ့ကိစ္စအတွက်  ဖြစ်နိုင်ဖွယ်ရာများ  ဆွေးနွေးတိုင်ပင်ခဲ့သည်။ အီတလီ သတင်းစာ   ကယ်လ်စီယိမာကာဒိုက  စီရော်နယ်ဒိုသည် ဂျူဗင်တပ်စ်သို့ပြောင်းရန် သဘောတူ ထားပြီး ဖြစ်ရာ ချန်ပီယံလိဂ်တွင် အောင်မြင်ပါက ရရှိနိုင်မည့်ဆုကြေးပင် ထည့်သွင်း သဘောတူ ထားကြောင်း ဖော်ပြခဲ့သည်။

ဂျူဗင်တပ်စ် အသင်းသည် စီရော်နယ်ဒို အတွက် ပြောင်းရွှေ့ကြေးပေါင် ၈၈သန်းပေးရန် အသင့်ပြင်ထားပြီး တစ်နှစ် လစာ ပေါင် ၂၇ သန်းနှင့် တခြားအပိုဆု ကြေးများပါ ပေးသွားရန် သဘောတူထားသော်လည်း ရီးယဲလ်ဥက္ကဋ္ဌ ပီရက်ဇ်က အပြောင်းအရွှေ့ကို လိုက်လျောရန်မှာ စီရော်နယ်ဒိုဘက်က  အသင်းမှထွက်ခွာချင်သည်ဟု ပြောဆိုလာ ခြင်းအား တရားဝင်သိရှိပြီးမှ ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသဖြင့် အပြောင်းအရွှေ့မှာ ချက်ချင်းမဖြစ် လာနိုင် သေးဘဲ ရှိနေသည်။

ဂျူဗင်တပ်စ်တိုက်စစ်မှူးဟောင်း ပါအိုလိုရော့စီက ''စီရော်နယ်ဒိုကို ဂျူဗင်တပ်စ်အသင်း ရလိုက်နိုင်ရင် ချန်ပီယံ လိဂ်မှာ အောင်ပွဲရနိုင်ဖို့ ဘာမှ မခဲယဉ်းတော့ဘူး။ သူ့အသက်အရွယ်ကြောင့် ရီးယဲလ်မှာဆက် နေဖို့စဉ်းစား နေရပြီလို့ ပြောနေကြပေမယ့် သူက ၂၇ နှစ်သားအရွယ်မျိုး ကစားနေနိုင်ဆဲပါ'' ဟု ပြောသည်။

MWD

No comments:

Post a Comment