ဂရိနိုင်ငံ ၌ တောမီးသင့်၊ သေဆုံးသူ ၅ဝ အထိရှိ
အေသင် ဇူလိုင် ၂၄
ဂရိနိုင်ငံမြို့တော် အေသင်ဒေသ၏ သစ်တောနယ်မြေများ နှင့် ကျေးရွာများ၌ တောမီးပြင်းထန်စွာလောင်ကျွမ်းနေမှု ကြောင့် သေဆုံးသူ ဦးရေ ၅ဝ အထိ ရှိလာပြီး ထိခိုက် ဒဏ်ရာရသူ ၁၇ဝ အထိရှိလာကြောင်း၊ အာဏာပိုင်များ သည် ပင်လယ်ကမ်းခြေဒေသတစ်လျှောက်တွင် သောင် တင်နေသည့် ခရီးသွားများနှင့် ဒေသခံများအား ဇူလိုင် ၂၄ ရက်တွင် ဘေးကင်းရာသို့ အလျင်အမြန်ရွှေ့ပြောင်းပေးလျက်ရှိကြောင်း အေအက်ဖ်ပီသတင်းဌာနက ယနေ့သတင်းထုတ်ပြန်သည်။
ပင်လယ်ကမ်းခြေအပန်းဖြေစခန်းမြို့ဖြစ်သည့် မာတီ မြို့ရှိ ရိပ်သာတစ်ခု၏ခြံဝင်းအတွင်း သေဆုံးနေသူများ၏ ရုပ်အလောင်း ၂၆ လောင်းကို ရှာဖွေတွေ့ရှိခဲ့ရသည်ဟု ကြက်ခြေနီ အဖွဲ့မှ သတင်းပေးပို့ချက်အရ သေဆုံးသူဦးရေ တိုးမြင့်လာနေကြောင်း သိရှိရသည်။
သေဆုံးသူများ၏ ရုပ်အလောင်းများမှာ တစ်ခုနှင့်တစ်ခု ထပ်နေပြီး ¤င်းတို့သည် ပြင်းထန်သော မီးလောင်ဒဏ်ရာ များရရှိကာ သေဆုံးခဲ့ရကြောင်း အခင်းဖြစ်ရာသို့ ရောက်ရှိခဲ့သည့် အေအက်ဖ်ပီဓာတ်ပုံသတင်းထောက်က ပြောကြားသည်။ မီးတောက်မီးလျှံများစွဲလောင် ခံရသူများ သည် ပင်လယ်ရေပြင်သို့ ရောက်ရှိရန် ကြိုးပမ်းခဲ့
ပုံရကြောင်း တာဝန်ရှိသူများက ထုတ်ပြန်ကြေညာခဲ့သည်။
ဂရိနိုင်ငံမြို့တော် အေသင်မြို့၏ အရှေ့မြောက်ဘက် ကီလိုမီတာ ၄ဝ (၂၅မိုင်)အကွာရှိ မာတီမြို့တွင် မီးလောင်မှု ကြောင့် သေဆုံးရသူများအနက် အများစုကို ¤င်းတို့၏နေအိမ်အတွင်း သို့မဟုတ် မော်တော်ယာဉ်များအတွင်း သေဆုံးနေသည်ကို တွေ့ရှိရသည်။ ဂရိအာဏာပိုင် များက ထိခိုက်ဒဏ်ရာရသူ ၂၄ ဦးရှိကြောင်း အစောပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။ ထိခိုက်ဒဏ်ရာရသူများထဲတွင် လူ ၁၁ ဦးမှာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေသည်။
အမျိုးသမီးသုံးဦးနှင့် ကလေးငယ်တစ်ဦးတို့၏ ရုပ်အလောင်းကို ပင်လယ်တွင်း၌ တွေ့ရှိခဲ့ကြောင်း ဆိပ်ကမ်းတာဝန်ရှိသူများက အေအက်ဖ်ပီသို့ ပြောကြား သည်။ ¤င်းတို့မှာ မီးတောက်မီးလျှံများမှ လွတ်မြောက်ရန် ကြိုးပမ်းခဲ့ပုံရသည်ဟု ဆိုသည်။
ဇူလိုင် ၂၃ ရက် ညပိုင်းက နေရာအနှံ့တွင် မီးလောင် ကျွမ်းမှုများဖြစ်ပွားခဲ့ပြီး ဇူလိုင် ၂၄ ရက် အရုဏ်တက်ချိန် အထိ မြို့တော်အေသင်ဝန်းကျင်တွင် မီးလောင်ကျွမ်းမှုများ ဖြစ်ပွားဆဲရှိသည်။
Mirror Daily
Subscribe to:
Post Comments (Atom)
No comments:
Post a Comment