အယ်လ်ဇိုင်းမားဟု ခေါ်မည်
လွန်ခဲ့သောနှစ်ပေါင်း ၁ဝဝ ကျော်၏ နိုဝင်ဘာလ တစ်လတွင် အသက် ၅၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ဂျာမနီနိုင်ငံ ဖရန်ဖို့ဆေးရုံသို့ အတွင်းလူနာအဖြစ် တက်ရောက်လာခဲ့သည်။ သူမ၏ ရောဂါလက္ခဏာများမှာ လတ်တလောဖြစ်ရပ်များကို မမှတ်မိခြင်း၊ စကားလုံးများကို မေ့လျော့ခြင်း၊ နေရာနှင့်အချိန်ကို မဆုံးဖြတ်နိုင်ခြင်းတို့ဖြစ်သည်။
သူမ၏အခြေအနေမှာ အချိန်နှင့်အမျှ ဆိုးရွားလာပြီး မှတ်ဥာဏ်ချို့ယွင်းမှု အပြင် အသိÓဏ်ချို့ယွင်းမှုပါ ထပ်တိုးလာသည်။ ကိုယ့်ကိုယ်ကိုယ် မထိန်းသိမ်းနိုင်တော့ဘဲ နိစ္စဓူဝကိစ္စများဖြစ်သော စားသောက်ခြင်း၊ ကိုယ်လက် သန့်စင်ခြင်း၊ အိပ်ရာဝင်ခြင်းတို့ကို ပြုလုပ်ရန်ပင် အသိမရှိတော့ချေ။ ဆက်လက်၍ ပိုမိုဆိုးရွားလာပြီး ခန္ခာကိုယ်၏ ပုံမှန်လုပ်ငန်းများဖြစ်သော အသက်ရှူခြင်း၊ နှလုံးခုန်ခြင်း၊ အစာခြေခြင်းတို့ပါ ထိခိုက်လာတော့သည်။ ဝေဒနာကိုခံစားနေရပြီး လေးနှစ်ခန့်အကြာတွင် အသက်ဆုံးရှုံးသွားတော့ သည်။
သေဆုံးသွားပြီးနောက် သူမ၏ ဦးနှောက်ကို ခွဲစိတ်လေ့လာသောအခါ သူမ၏ဦးနှောက်သည် ပုံမှန်ထက် သုံးပုံတစ်ပုံခန့် ကျုံ့ဝင်သေးငယ်နေပြီး ဦးနှောက်ဆဲလ်များစွာမှာလည်း ပျက်စီးနေသည်ကို တွေ့ရှိရသည်။
သူမသည် ယနေ့ဆေးပညာ၏ ပထမဦးဆုံး အယ်လ်ဇိုင်းမား ဝေဒနာရှင် ဖြစ်ပြီး ပထမဦးစွာ တွေ့ရှိမှတ်တမ်းတင်သူ ဒေါက်တာအယ်လိုစ် အယ်လ်ဇိုင်းမားကိုအစွဲပြု၍ ¤င်းရောဂါကို အယ်လ်ဇိုင်းမားရောဂါဟု အမည်ပေးလိုက်သည်။
အယ်လ်ဇိုင်းမားရောဂါဆိုတာ
အသက်ကြီးပိုင်းအရွယ်များတွင် အဖြစ်များသော သတိနှင့် မှတ်Óဏ် ချို့ယွင်းမှုရောဂါများတွင် အယ်လ်ဇိုင်းမားရောဂါသည် ထိပ်ဆုံးမှ ပါဝင်နေ သည်။ ၆ဝ ရာခိုင်နှုန်းမှ ၇ဝ ရာခိုင်နှုန်းသော သတိနှင့် မှတ်Óဏ် ချို့ယွင်းမှု ရောဂါများသည် အယ်လ်ဇိုင်းမားရောဂါကြောင့် ဖြစ်ကြသည်။
¤င်းရောဂါသည် အသက် ၆၅ နှစ်အထက် အရွယ်ပိုင်းတွင် စတင် ဖြစ်ပေါ်လေ့ရှိပြီး ဦးနှောက်ဆဲလ်များ တစ်စထက်တစ်စ ပျက်စီးလာသော နာတာရှည်ရောဂါတစ်မျိုး ဖြစ်သည်။
ရှေးဦးစွာတွေ့ရသော ရောဂါလက္ခဏာများမှာ လတ်တလောဖြစ်ရပ် များကို မမှတ်မိခြင်း၊ စကားလုံးများကို မေ့လျော့ခြင်း၊ ကြံစည်ဆုံးဖြတ်ချက်များ မပြုလုပ်နိုင်ခြင်းတို့ဖြစ်သည်။
ရောဂါတိုးလာသောအခါ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခြင်းများ ပေါ်ပေါက် လာသည်။ အမူအရာပြောင်းလဲခြင်း၊ အာရုံမှားများ ခံစားတွေ့မြင်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်ဖောက်ပြန်ခြင်းတို့ ပေါ်ပေါက်လာသည်။
ရောဂါရင့်လာသော နောက်ဆုံးအဆင့်တွင် ခန္ခာကိုယ်၏ ပုံမှန် လုပ်ဆောင်ချက်များဖြစ်သော အသက်ရှူခြင်း၊ နှလုံးခုန်ခြင်း၊ အစာကြေချက် ခြင်းတို့ ပြုလုပ်နိုင်ခြင်းမရှိတော့ဘဲ စတင်ဖြစ်သည်မှ သုံးနှစ်မှ ကိုးနှစ်အကြာ တွင် အသက်ဆုံးရှုံးရတော့သည်။
သေမင်းတမန်အမျှင်နှင့် အချပ်များ
အယ်လ်ဇိုင်းမားရောဂါဖြစ်ရသော အကြောင်းရင်းကို မသိရသေးသော် လည်း ¤င်းရောဂါသည် မျိုးဗီဇနှင့်ပတ်သက်နေပြီး သွေးတိုး၊ ဆီးချိုရှိခြင်း၊ ဦးခေါင်းတွင် ဒဏ်ရာရဖူးခြင်း၊ စိတ်ဓာတ်ကျရောဂါရှိခြင်းတို့နှင့် ဆက်စပ် နေသည်ကို တွေ့ရှိရသည်။ ထို့အပြင် စိတ်ဖိစီးမှုဒဏ်ကြောင့် ထွက်ပေါ် လာသော ဟော်မုန်းဓာတ်များသည်လည်း အကြောင်းတစ်ရပ်ဖြစ်သည်ဟု ယူဆနိုင်သော အချက်အလက်များလည်း တွေ့ရသည်။
ရောဂါစတင်ဖြစ်ပွားသူ၏ ဦးနှောက်ဆဲလ်အတွင်း ပုံမှန်မဟုတ်သော ပရိုတိန်းဓာတ်များကို အမျှင်များအသွင်ဖြင့်လည်းကောင်း၊ အလွှာအချပ်များ အသွင်ဖြင့်လည်းကောင်း စတင်စုဆောင်းပေါ်ပေါက်လာသည်ကို တွေ့ရှိရ သည်။ ယင်းတို့သည် ဆဲလ်များကို ပျက်စီးစေပြီး ပျက်စီးသွားသော ဆဲလ်များမှ အမျှင်နှင့်အချပ်များ ထပ်မံပေါ်ပေါက်လာပြန်သည်။ ဤသို့ဖြင့် တစ်နေရာမှ စတင်သော ဆဲလ်ပျက်စီးခြင်းသည် တစ်စထက်တစ်စ ကျယ်ပြန့်လာပြီး နောက်ဆုံးတွင် ဦးနှောက်တစ်ခုလုံး ပျက်စီးခြင်းသို့ ရောက်ရတော့သည်။
ကမ္ဘာ့ကျန်းမာရေးပြဿနာ
အပြည်ပြည်ဆိုင်ရာအယ်လ်ဇိုင်းမားရောဂါအဖွဲ့အစည်း၏ ၂ဝ၁၅ ခုနှစ် ထုတ်ပြန်ချက်အရ ကမ္ဘာနှင့်တစ်ဝန်းတွင် အယ်လ်ဇိုင်းမားရောဂါ အပါအဝင် သတိနှင့် မှတ်ဥာဏ်ချို့ယွင်းမှု ဝေဒနာရှင်ပေါင်း ၄၆ ဒသမ ၈ သန်းရှိမည်ဖြစ်ပြီး သုံးစက္ကန့် အချိန်တိုင်းတွင် တစ်ဦးနှုန်း တိုးပွားလျက်ရှိသည်။ ၄င်းတိုးပွားနှုန်းသည် စီးပွားရေးနိမ့်ကျသောနိုင်ငံများနှင့် စီးပွားရေး အလယ်အလတ်နိုင်ငံများတွင် ပိုမိုမြန်ဆန်လျက်ရှိနေသည်။
အရှေ့တောင်အာရှနိုင်ငံများဖြစ်သော အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံများတွင် လူဦးရေ၏ ၅ ဒသမ ၈ ရာခိုင်နှုန်းသည် ရောဂါခံစားနေရမည်ဟု ဖော်ပြထားသည်။ ၄င်း၏ဖော်ပြချက်တွင် မြန်မာ နိုင်ငံ၏ အမည်မပါဝင်ပေ။ သို့သော် Institute for Health Metrics and Evaluation ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ၂ဝ၁၆ ခုနှစ်၌ အသေ အပျောက်အများဆုံးသော ရောဂါစာရင်းတွင် အယ်လ်ဇိုင်းမားသည် စတုတ္ထ နေရာတွင် ပါဝင်နေသည်။
ရောဂါခံစားနေရသော အချိန်ကာလ ရှည်ကြာခြင်းနှင့် အသက်ကြီးပိုင်း အရွယ် လူဦးရေတိုးပွားလျက်ရှိခြင်းတို့ကြောင့် ၄င်းရောဂါသည် နိုင်ငံအတွက် ကြီးမားသော ကျန်းမာရေးဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ဖြစ်နေလေသည်။
အမှောင်တွင်းမှ အလင်းတစ်စ
အယ်လ်ဇိုင်းမားရောဂါကို ပျောက်ကင်းအောင် သို့မဟုတ် ကာကွယ် တားဆီးရန် ဆေးဝါးမရှိသေးချေ။ ရောဂါစတင်သည်နှင့် သေမင်းခေါ်ရာဆီသို့ တရွေ့ရွေ့လိုက်ပါနေရတော့သည်။ ဝေဒနာရှင်သည် ¤င်းအား ပြုစုစောင့်ရှောက် မည့်သူအပေါ် တစ်စထက်တစ်စ ပိုမိုမှီခိုလာရပြီး သုံးနှစ်မှ ကိုးနှစ်အတွင်း အသက်ဆုံးရှုံးရတော့သည်။
သို့သော် ၁၉၈၈ ခုနှစ်တွင် အမှောင်တွင်းမှ အလင်းတစ်စကို သုတေသန ပညာရှင်များ မြင်တွေ့လိုက်ကြသည်။ အမေရိကန်နိုင်ငံ ကာလီဖိုးနီးယား တက္ကသိုလ်မှ ဒေါက်တာရောဘတ်ကဒ်ဇ်မန်နှင့်အဖွဲ့သည် အကြောင်းအမျိုးမျိုး နှင့်သေဆုံးသော အသက်ကြီးပိုင်းအရွယ် ၁၃၇ ဦးတို့၏ ဦးနှောက်ကို ခွဲစိတ် လေ့လာသောအခါ အချို့သောသူတို့၏ ဦးနှောက်ဆဲလ်များမှာ အယ်လ်ဇိုင်းမား ရောဂါသည်များကဲ့သို့ ပျက်စီးနေသည်ကို တွေ့ရှိရသော်လည်း ထိုသူများမှာ အသက်ရှင်စဉ်က အယ်လ်ဇိုင်းမားရောဂါကို တစ်စုံတစ်ရာခံစားခဲ့ရခြင်း မရှိခဲ့ ကြချေ။ ထို့အပြင် ထိုသူများ၏ ဦးနှောက်ထုထည်ပမာဏမှာ အခြားသူများထက် ကြီးမားနေသည့်အပြင် ဦးနှောက်ဆဲလ်အရေအတွက်မှာလည်း ပိုမိုများပြားနေ သည်တို တွေ့ရှိရသည်။ ထိုတွေ့ရှိချက်များအရ ထုထည်ကြီးမားပြီး ဆဲလ်အရေ အတွက် ပိုမိုများပြားသော ဦးနှောက်သည် အယ်လ်ဇိုင်းမားရောဂါကို ခံနိုင်စွမ်း ရှိကြောင်း ကောက်ချက်ချခဲ့ကြသည်။
သို့သော် မည်ကဲ့သို့သော ပုဂ္ဂိုလ်မျိုး၏ ဦးနှောက်သည် ထုထည်ပမာဏ ကြီးမားပြီး ဆဲလ်အရေအတွက် ပိုမိုများပြားမည်နည်း။
ထိုမေးခွန်း၏အဖြေကို အမေရိကန်နိုင်ငံ မက်ဆာချူးဆက် အထွေထွေ ဆေးရုံကြီး၏ စိတ်ရောဂါပညာရှင် ဒေါက်တာဆာရာလာဇာက ၂ဝဝ၅ ခုနှစ်တွင် သမိုင်းတွင်သည့် တွေ့ရှိချက်ကို တင်ပြခြင်းဖြင့် ဖြေဆိုခဲ့သည်။
ဒေါက်တာဆာရာနှင့်အဖွဲ့သည် လူပုဂ္ဂိုလ် ၂ဝ တို့အား တစ်နေ့လျှင် ၁ဝ နာရီဖြင့် ခုနစ်ရက်ကြာအောင် သတိပဋ္ဌာန်နည်းဖြင့် တရားထိုင်စေပြီး ခုနစ်ရက်အကြာတွင် ထိုသူတို့၏ ဦးနှောက်ထုထည်ပမာဏကို MRI နည်းဖြင့် တိုင်းခဲ့ကြသည်။ ထိုပုဂ္ဂိုလ် ၂ဝ တို့သည် အသက် ၃၅ နှစ်မှ ၄ဝ နှစ်အတွင်း ရှိကြပြီး ရဟန်းများ မဟုတ်ကြဘဲ သာမန် အနောက်နိုင်ငံသားများ ဖြစ်ကြသည်။ သို့သော်၎င်းတို့တွင် သတိပဋ္ဌာန်နည်းဖြင့် တရားအားထုတ်သော အလေ့အကျင့် ပျမ်းမျှ ၁၂ နှစ်ခန့် ကိုယ်စီရှိကြသည်။ ခုနစ်ရက်မြောက်နေ့တွင် တိုင်းတာ ချက်များအရ ထိုသူများ၏ ဦးနှောက်ပမာဏမှာ သိသာစွာ ကြီးမားလာကြောင်း တွေ့ရှိရသည်။ ထို့ကြောင့် ဒေါက်တာဆာရာနှင့်အဖွဲ့သည် သတိပဋ္ဌာန် နည်းဖြင့် တရားထိုင်ခြင်းသည် ဦးနှောက်၏ ထုထည်ပမာဏကို ကြီးမားစေ ကြောင်း တင်ပြနိုင်ခဲ့သည်။
အယ်လ်ဇိုင်းမားရောဂါကို ကာကွယ်ထားသော အသိဥာဏ်ပညာပမာဏ
သုတေသနပညာရှင်များသည် ဆက်လက်၍ အသိဥာဏ်ပညာပမာဏ ကြီးမားခြင်းသည် ဦးနှောက်ထုထည်ပမာဏကြီးမားခြင်း၏ အကြောင်းရင်း ဖြစ်ကြောင်း ကောက်ချက်ချကြသည်။ ဦးနှောက်ထုထည်ပမာဏနှင့် အသိဥာဏ်ပညာပမာဏတို့ကို ကွန်ပျူတာတစ်လုံးကိုဥပမာပြု၍ နှိုင်းယှဉ် ဖော်ပြကြသည်။ ဦးနှောက်ထုထည်ပမာဏသည် ကွန်ပျူတာတစ်လုံး၏ အမာခံပစ္စည်းများနှင့်တူပြီး အသိဥာဏ်ပမာဏကြီးမားခြင်းသည် ၄င်း ကွန်ပျူတာလုပ်ဆောင်နိုင်သော ပရိုဂရမ်များနှင့်တူကြောင်း နှိုင်းယှဉ် ဖော်ပြကြသည်။ ၄င်းအသိဥာဏ်ပညာပမာဏကြီးမားခြင်းသည်ပင် အယ်လ်ဇိုင်းမားရောဂါကို ကာကွယ်ထားသည့်အရာဖြစ်ကြောင်း ဆုံးဖြတ် ကြသည်။
အသိဥာဏ်ပညာပမာဏကြီးမားခြင်းသည် တစ်ရက် တစ်လ တစ်နှစ် အတွင်းဖြစ်ပေါ်နိုင်သော အခြင်းအရာမဟုတ်ရကား ငယ်ရွယ်စဉ်မှစ၍ အဆင့်မြင့်ပညာရပ်များကို အစဉ်တစိုက် ဆည်းပူးလေ့လာတတ်မြောက် စေခြင်းဖြင့် မှတ်ဥာဏ်နှင့်အသိဥာဏ်ကို လေ့ကျင့်ခဲ့သူများတွင်သာ ပေါ်ပေါက် နိုင်သော အခြင်းအရာဖြစ်သည်။ ဦးတည်ချက်၊ ရည်မှန်းချက်တစ်ခုကို အောင်မြင်ရန် နည်းလမ်းများကို တစ်နည်းမဟုတ်တစ်နည်း ပြောင်းလဲ အသုံးပြုနိုင်သော အရည်အချင်းလည်းဖြစ်သည်။
အယ်လ်ဇိုင်းမားနှင့် တို့မြန်မာ
စာရေးသူတို့ မြန်မာလူမျိုးများသည် ငယ်ရွယ်စဉ်မှစ၍ မြတ်စွာဘုရား၏ တရားတော်များဖြစ်သော ဘုရားရှိခိုးအမျိုးမျိုး၊ ပဋ္ဌာန်းတရား၊ ပရိတ်တရား တော်များကို ကျက်မှတ်ရွတ်ဖတ်ခြင်းဖြင့် အသိÓဏ်နှင့် မှတ်Óဏ်ကို လေ့ကျင့်လာခဲ့ကြသည်။ အရွယ်ရောက်သောအခါ ရှင်ပြုခြင်း၊ ပဉ္စင်းတက် ခြင်းဖြင့် ဆက်လက်၍ လက်တွေ့ကျင့်ကြံကြသည်။ ထိုထက်ပို၍ အသက် အရွယ်ရလာသော ၄ဝ ကျော် ၅ဝ အရွယ် အယ်လ်ဇိုင်းမားရောဂါ အစပျိုးမည့် အချိန်တွင် သတိပဋ္ဌာန်တရားကိုအားထုတ်ပြီး စိတ်ဖိစီးမှုဒဏ်ကို ကာကွယ်ရင်း သတိအမှတ်နှင့် အသိÓဏ်ကို ရာသက်ပန် လေ့ကျင့်သွားတော့သည်။ ¤င်း အလေ့အထများသည် စာရေးသူတို့မြန်မာလူမျိုးများအတွက် အယ်လ်ဇိုင်းမား ရောဂါမှ အလိုအလျောက်ကာကွယ်တားဆီးပြီးဖြစ်နေသည်ဟု ယုံကြည်မိ ပါသည်။
ကမ္ဘာနှင့်တစ်ဝန်းတွင် သုံးစက္ကန့်အချိန်တိုင်း ရောဂါသည် အသစ်တစ်ဦး တိုးပွားလျက်ရှိသည်။
ကုသရန် ကာကွယ်ရန် ဆေးမရှိသေးချေ။
အသိÓဏ်ပညာကြီးမားခြင်းသည် အယ်ဇိုင်းမားရောဂါကို ကာကွယ် တားဆီးထားနိုင်စွမ်းရှိပြီး ဦးနှောက်ထုထည်ပမာဏကြီးမားခြင်းနှင့် ဆက်နွှယ် လျက်ရှိသည်။
သတိပဋ္ဌာန်တရား အားထုတ်ခြင်းသည် ဦးနှောက်ထုထည်ပမာဏ ကြီးမားခြင်းကို ဖြစ်ပေါ်စေသော်လည်း အယ်ဇိုင်းမားရောဂါကို ကာကွယ် တားဆီးနိုင်ကြောင်း တိုက်ရိုက်အထောက်အထား မရှိသေးချေ။
မြန်မာလူမျိုးတို့၏ သတိမှတ်ဥာဏ်နှင့် အသိဥာဏ်ကို အစဉ်တစိုက် လေ့ကျင့်ကြသော အလေ့အထသည် အယ်ဇိုင်းမားရောဂါကို အလိုအလျောက် ကာကွယ်တားဆီးထားသည်ဟု ယူဆသော်လည်း ခိုင်မာစွာ ကမ္ဘာကို တင်ပြ နိုင်စွမ်းမရှိသေးချေ။ ။
ပါမောက္ခဒေါက်တာမောင်
No comments:
Post a Comment