အသိအမြင်များ နိုးကြားလာစေရန် မျိုးစေ့ချပေးခဲ့သည့်အပြင် ပါဠိစာပေ ထွန်းကားပြန့်ပွားရေးအတွက်လည်း ဆောင်ရွက်ခဲ့သည့် အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်
''သူများကျောင်းကICSတစ်ယောက်ထွက်ရင် ငါ့ကျောင်းက ဗြိတိသျှအစိုးရကို ပုန်ကန်မယ့် သူပုန်ဆယ်ယောက်ထွက်ရမယ်'' ဟု ရဲရဲတောက်ြေ<ွကးကြော်ခဲ့သူကား အခြားသူမဟုတ်။ မြန်မာ တစ်မျိုးသားလုံး သူ့ကျွန်ဘဝမှ လွတ်မြောက်ရေးအတွက် အသက်နှင့်ရင်းကာ လွတ်လပ်ရေးမုခ်ဦးဝသို့ ပို့ဆောင်ပေးခဲ့သူ အာဇာနည်ကိုးဦးထဲမှ တစ်ဦးအပါအဝင်ဖြစ်သည့် ဆရာကြီး ဦးရာဇတ် ပင်ဖြစ်သည်။
ဦးရာဇတ်သည် မိတ္ထီလာမြို့ ရဲဝန်ထမ်းတိုက်ပိုင် အင်စပတ် တော် မစ္စတာ အေရာမန်နှင့် ဒေါ်ငြိမ်းလှတို့၏ သားဖြစ်ပြီး မွေးချင်း ၁၃ ယောက်တွင် တတိယမြောက်သားဖြစ်သည်။
၁၉၁၂ ခုနှစ်တွင် မ္တလေးမြို့ ဝက်စလီယောက်ျားကလေး ကျောင်းမှ တက္ကသိုလ်ဝင်တန်းအောင်ခဲ့ပြီး တက္ကသိုလ် ကျောင်းသားဘဝတွင် တက္ကသိုလ်သပိတ်ကြီး၌ ပါဝင်ခဲ့သည်။
အမျိုးသားရေးစိတ်ဓာတ်ပေးလိုသည့်စိတ်
လူငယ်၊ မောင်မယ်များအား အမျိုးသားရေးစိတ်ဓာတ်များ သွတ်သွင်းပေးလိုသည့်စိတ်ဖြင့် ၁၉၂၁ ခုနှစ်တွင် မ္တလေး ဗဟိုအမျိုးသား အထက်တန်းကျောင်းကြီးကို ဖွင့်လှစ်ခဲ့ကာ ကျောင်းအုပ်ဆရာကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
''သူ့ကျောင်းမှာ ကျောင်းတက်တာနဲ့ ဘုရားဝတ်ပြု ရတယ်။ ကျောင်းခေါင်းလောင်းထိုးတာနဲ့ နိုင်ငံတော်အလံကို အလေးပြုရတယ်။ အဖေက ဘုရားမရှိခိုးတဲ့သူဆို ဆုံးမလေ့ ရှိတယ်။ အဲဒီလို အဖေက ဗုဒ္ဓဘာသာကိုလေးစားတာ'' ဟု သားကြီးဖြစ်သူ ဦးတင်မြင့်က ပြောသည်။
ထိုသို့ မ္တလေးဗဟို အမျိုးသားကျောင်းအုပ်ကြီးအဖြစ် ဆောင်ရွက်စဉ် မြန်မာလူငယ်များ စစ်ပညာ အခြေခံတတ်ပါစေ ဟူသော စေတနာဖြင့် ရဲညွန့်တပ်ဖွဲ့စည်းပြီး မက်ဆိုပိုတေးမီး ယားပြန် ဆာဦးဘတင် (ဗိုလ်ဘတင်) ကို ကျောင်းသားလူငယ် များအား စစ်ပညာသင်ကြားစေခဲ့သည်။ သူကိုယ်တိုင် ဗဟို အမျိုးသားကျောင်း ရဲတပ်ဖွဲ့၏ ရဲဗိုလ်ချုပ်အဖြစ် တာဝန်ယူ ခဲ့သည်။
''အဖေ့ရဲ့ အမျိုးသားကျောင်းကနေ မျိုးချစ်တော်လှန်ရေး သမားတွေ၊ တပ်မတော်ပိုင်းမှာဆိုလည်း ထိပ်ပိုင်းခေါင်းဆောင် တွေ အများကြီးထွက်တယ်။ နိုင်ငံရေးနယ်ပယ်မှာရော၊ အားကစားဘက်မှာပါ ထူးချွန်ထက်မြက်တဲ့သူတွေ ထွက်တယ်'' ဟု ဦးတင်မြင့်က ပြောသည်။
ပါဠိစာပေအလွန်တော်
ဆရာကြီး ဦးရာဇတ်သည် ဖခင် အစ္စလာမ်ဘာသာဝင်၊ မိခင် ဗုဒ္ဓဘာသာမှ မွေးဖွားလာသူဖြစ်သော်လည်း အလွန် မြန်မာဆန်သူဖြစ်သည့်အပြင် ပါဠိစာပေအလွန်တော်သူဖြစ်ပြီး အင်္ဂလိပ်စာ အသင်အပြလည်း အလွန်ကောင်းသူဖြစ်သည်။
''စစ်ပြေးတဲ့အခါကျတော့ မင်းကွန်းမှာ ကိုရင်လေးတွေကို အဖေက ပါဠိသင်ပေးတယ်။ အင်္ဂလိပ်စာလည်း သင်ပေးတယ်။ ပါဠိဆိုအဓိပ္ပာယ်ပါ သင်ပေးတာ။ သင်ပေးတဲ့ ကိုရင်တွေထဲက တချို့ဆို ကျောင်းထိုင်ဆရာတော်ကြီးတွေတောင် ဖြစ်ကုန် တယ်။ အဖေက သံဃာတော်တွေကို အင်မတန်ကြည်ညိုတာ။ ဘာသာအယူဝါဒ ကွဲပြားတာနဲ့ပတ်သက်လို့ ကျွန်တော်တို့ မိသားစုမှာ ဘာခံစားချက်မှ မရှိပါဘူး''ဟု ဦးတင်မြင့်က ပြောသည်။
ဆရာကြီး ဦးရာဇတ်သည် ၁၉၂၂ ခုနှစ်တွင် အမျိုးသား ပညာရေးအဖွဲ့ကြီး၏ ဘီအေစာမေးပွဲကြီးကို အောင်ခဲ့၍ အေ၊ ရာဇတ်- ဘီအေ(နေရှင်နယ်) အမည်ခံခဲ့သည်။ ၁၉၂၂ ခုနှစ်မှ ၁၉၄၁ ခုနှစ်တိုင် ဗဟိုအမျိုးသားအထက်တန်းကျောင်းတွင် ဆရာကြီးအဖြစ် တာဝန်ထမ်းရွက်ခဲ့ပြီး ၁၉၃၈ ခုနှစ်တွင် ဒေါ်ခင်ခင်နှင့် လက်ထပ်ခဲ့ရာ သားသမီး သုံးဦးထွန်းကားခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော အစိုးရအဖွဲ့တွင် ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာနဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်စဉ် ခေါင်းဆောင်များနှင့်အတူ မသမာသူတို့၏ လက်ချက်ဖြင့် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် စနေနေ့ နံနက် ၁ဝ နာရီ ၃၇ မိနစ်တွင် လုပ်ကြံခံရပြီး အသက်ဆုံးရှုံးခဲ့သည်။
''မြို့မကျောင်းက တနင်္ဂနွေနဲ့ ဥပုသ်ပဲပိတ်တာ။ အဲဒီနေ့က ကျောင်းမပိတ်ဘူး။ အိမ်စောစောပြန်ရမယ်ဆိုလို့ ပျော်နေတာ။ အိမ်ရောက်တော့ အမေကငိုနေတယ်'' ဟု ဖခင်ဆုံးသည့်နေ့က တွေ့ကြုံရသည့် မြင်ကွင်းကို ဦးတင်မြင့်က ပြောပြသည်။
¤င်းအနေဖြင့် ဖခင်ဆုံးပါးသည်ကို မ္တလေးမှ ဆွေမျိုးများ ဆီသို့ ဖုန်းဆက်ပြောနေသည်ကို ကြားသော်လည်း ကောင်းစွာ မသိတတ်သေးသည့် ခြောက်နှစ်အရွယ်ကလေးငယ်သာ ဖြစ်၍ ခံစားမှုမှာ ပြင်းထန်မှုမရှိခဲ့ကြောင်း ဦးတင်မြင့်က ပြောသည်။
ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်ကြီးများ၏ ရုပ်အလောင်းများကို ၁၉၄၇ ခုနှစ် ဇူလိုင်လ ၂ဝ ရက် နေ့လယ် ၂ နာရီတွင် ဂျူဗလီခန်းမသို့ ပြောင်းရွှေ့ သယ်ယူ ဂါရဝပြုခံခဲ့ရာ ဦးရာဇတ်နှင့် ရဲဘော်ကိုထွေးတို့ ရုပ်အလောင်းနှစ်လောင်းကို ဂျူဗလီခန်းမမှ တာမွေ ကင်းဘဲလမ်း( ယခု ငါးထပ်ကြီးဘုရား လမ်း) ရှိ မွတ်စလင်သုသာန်သို့ သယ်ဆောင်သွားပြီး အစ္စလာမ် ဘာသာအရ မြှုပ်နှံသဂြုင်္ိဟ်ခဲ့သည်။
''အာဇာနည်ကုန်းမှာရှိတယ်။ တာမွေမှာရှိတယ်။ တာမွေ မှာလည်း ဘာသာတရားအရ လုပ်စရာရှိတာ လုပ်ရတာပေါ့။ ကိုးကွယ်တဲ့ဘာသာအရကတော့ ၂၄ နာရီအတွင်း အသုဘ ချရမယ်ဆိုတဲ့ဟာက ရှိနေတာကိုး'' ဟု ဖခင်နာရေးနှင့် ပတ်သက်၍ ဦးတင်မြင့်က ပြောပြခဲ့သည်။
ထိန်းသိမ်းစောင့်ရှောက်ပေး
အာဇာနည်ခေါင်းဆောင်များ ကျဆုံးသွားပြီးနောက် ထိုခေတ်ထိုအခါက အစိုးရမှ အာဇာနည်ခေါင်းဆောင်ကြီး များ၏ ကျန်ရစ်သူ မိသားစုတစ်စုလျှင် နစ်နာကြေး $ငွေကျပ် တစ်သိန်းစီ ပေးအပ်ခဲ့ရာ ဦးရာဇတ်၏ဇနီးမှာ ငွေကျပ် လေးသောင်းရရှိပြီး အရွယ်မရောက်သေးသည့် သားသမီး တစ်ဦးလျှင် $ငွေကျပ် နှစ်သောင်းနှုန်းဖြင့် သုံးယောက်စာ ငွေကျပ် ခြောက်သောင်းကို မြန်မာ့အလင်း ဦးတင်က ထိန်းသိမ်းစောင့်ရှောက်ပေးပြီး ပြန်လည်ထုတ်ပေးခဲ့ကြောင်း ဦးတင်မြင့်ထံမှ သိရသည်။
''ကင်းဘဲလမ်းက အိမ်ကိုပေးတာ။ အမေက မယူချင် တာနဲ့ မြို့မကျောင်းလမ်းမှာ အစိုးရဆီက မြေရတယ်။ အဲဒီမှာ ခြောက်သောင်းနဲ့ အိမ်ဆောက်တာပေါ့၊ အဲဒီတုန်းက ခြောက်သောင်းကလည်း မနည်းဘူး'' ဟု ဦးတင်မြင့်က ပြောသည်။
ခေတ်အဆက်ဆက် အာဇာနည်နေ့ အခမ်းအနား ကျင်းပ ပုံနှင့်ပတ်သက်၍ ''အာဇာနည်နေ့ အခမ်းအနားက လွတ်လပ် ရေးရပြီးနောက် မှတ်မှတ်ရရ သမ္မတကြီး မန်းဝင်းမောင် လက်ထက်မှာ ကျကျနနလုပ်တာ။ အဲဒီကစလို့ သမ္မတအဆက် ဆက်ပေါ့လေ။ နောက်ပိုင်းတော့လည်း မြို့တော်ဝန် တက်ရောက်တာတို့၊ ဘာတို့အထိ ရှိခဲ့တာပေါ့'' ဟု ¤င်းက ပြောပြသည်။
နိုင်ငံတစ်ဝန်း စည်ကားစွာကျင်းပ
ဒီမိုကရေစီအစိုးရတက်လာပြီးနောက် အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်တွင် နိုင်ငံတော် အကြီးအကဲများနှင့် အာဇာနည်မိသားစုဝင်များ တက်ရောက် ဂါရဝပြုကြပြီး နိုင်ငံတစ်ဝန်းတွင်လည်း အာဇာနည်နေ့အခမ်း အနားကို စည်ကားစွာကျင်းပလာသည်ကို တွေ့မြင်ရမည် ဖြစ်သည်။
''အာဇာနည်နေ့အခမ်းအနားကို နှစ်တိုင်းတက်ဖြစ်တယ်။ အာဇာနည်နေ့ရောက်တိုင်း အဖေ့အတွက်ရည်စူးပြီး မိဘမဲ့ ကလေးတွေကို ကျွေးမွေးလှူဒါန်းဖြစ်တယ်။ ဒီနှစ်လည်း အဲဒီ လိုပဲ လုပ်ဖြစ်မှာပါ'' ဟု ဦးတင်မြင့်က ပြောသည်။
ဆရာကြီး ဦးရာဇတ်အား အမှတ်ရသည့်အနေဖြင့် မ္တလေး ဗဟိုအမျိုးသားအထက်တန်းကျောင်းမှ ကျောင်းသားဟောင်း များက ဆရာကြီးကြေးရုပ်တုကို ကျောင်းတွင် ထားလို သော်လည်း ထိုခေတ်ထိုအခါက မဝံ့မရဲဖြစ်နေသည့်အတွက် အာဏာပိုင်များ လာရောက်သည့်အခါတွင် ဝှက်ထားရကြောင်း နှင့် တစ်နေ့တွင် ကျောင်းသားဟောင်းထဲမှ အစိုးရထိပ်တန်း ခေါင်းဆောင်တစ်ဦး လာရောက်သည့်နေ့တွင် တင်ပြရာမှ
''ဒီမှာထား'' ဟုဆိုပြီး နေရာသတ်မှတ်ပေးခဲ့၍သာ ကြေးရုပ်တုကို ဗဟိုအမျိုးသား အထက်တန်းကျောင်းတွင် ထားခွင့်ရခဲ့ကြောင်း လွန်ခဲ့သော ဆယ်စုနှစ်များဆီက အတိတ်ကို ဦးတင်မြင့်က ပြန်ပြောင်း ပြောပြသည်။
''အဖေတည်ထောင်ခဲ့တဲ့ကျောင်းဆိုတော့ အမြဲတမ်း စာကြည့်တိုက်အတွက် စာအုပ်စာတမ်းတွေ လှူဖြစ်တယ်။ အခုထိ လိုအပ်တာတွေရှိရင် တတ်နိုင်သမျှ လုပ်ပေးဖြစ်တယ်'' ဟု ဦးတင်မြင့်က ပြောသည်။
မန္တလေးဒီဂရီကောလိပ် ဖွင့်ခွင့်ရ
ဆရာကြီး ဦးရာဇတ်သည် ဗိုလ်ချုပ်အောင်ဆန်း၏ အစိုးရအဖွဲ့တွင် ဝန်ကြီး ဖြစ်လာပြီးနောက် ရန်ကုန်တက္ကသိုလ်နှင့်အပြိုင် မန္တလေးဒီဂ
ရီကောလိပ်အား ဖွင့်လှစ်ရန် ဗိုလ်ချုပ်အား တင်ပြတောင်းဆိုရာတွင် ထိုစဉ်အခါက ရန်ကုန်တွင် တက္ကသိုလ်တစ်ခုရှိသည့်အတွက် မန္တလေးတွင် တက္ကသိုလ်နောက်ထပ်တစ်ခု ဖွင့်လှစ်ရန် သင့်၏၊ မသင့်၏ကို အချက်ကျကျ အကျိုးသင့်၊ အကြောင်းသင့် တင်ပြတောင်းခံခဲ့ရာ နောက်ဆုံး မ္တလေးဒီဂရီကောလိပ်အား ဖွင့်ခွင့်ရခဲ့ကြောင်း သိရသည်။
''အဲဒီခေတ်က အထက်အောက် ဆက်ဆံရေးက တစ်ယောက်နဲ့ တစ်ယောက်က လေးစားတယ်။ ပြောရဲဆိုရဲရှိတယ်။ ဒီလိုဖြစ်ပါ့မလားဆိုတာနဲ့ ဟုတ်ကဲ့ပါဗျာ ဆိုပြီး ရပ်နေတာမဟုတ်ဘူး။ အကျိုးအကြောင်း ပြန်ပြောတယ်။ ဒါမှလည်း အထက်လူကြီး က မှန် မမှန် စဉ်းစားလို့ရမှာပေါ့။ လူကြီးပြောတိုင်း မှန်တယ်ဆိုတာ မဟုတ်သေးဘူး'' ဟု ဦးတင်မြင့်က ¤င်း၏ အမြင်နှင့်ယှဉ်ကာ သုံးသပ်ပြသည်။
မန္တလေးဒီဂရီကောလိပ်အား ဖွင့်လှစ်ရန် မ္တလေးဥပစာကောလိပ်ကျောင်းသား ဟောင်း ဘိလပ်ပြန် ဦးကိုလေးအား တာဝန်ပေးခဲ့ရာ ကျောင်းအုပ်ကြီး ဦးကိုလေးက အရင်ဆုံးပြီးစီးခဲ့သည့် အဆောက်အအုံကို ရာဇတ်ခန်းမဟု အမည်ပေးခဲ့သည်။ ထိုမှတစ်ဖန် တက္ကသိုလ်ကျောင်းသားဟောင်းများက ဆရာကြီး ဦးရာဇတ် ကြေးရုပ်တုကို ထားချင်ခဲ့သော်လည်း လွန်ခဲ့သည့် နှစ်နှစ်ခန့်ကမှစ၍ ရာဇတ် ခန်းမရှေ့တွင် ဦးရာဇတ်၏ ကြေးရုပ်တုကို ထားခွင့်ရခဲ့ကြောင်း သိရ သည်။
''အဖေက မန္တလေးတက္ကသိုလ်တင် မဟုတ်ဘူး။ ဒါဖြစ်ပြီးရင် ပါဠိတက္ကသိုလ် ကိုပါ သူလုပ်ချင်တာ။ သူကွယ်လွန်သွားလို့သာ'' ဟု ဖခင်ဖြစ်သူ၏ ဆန္ဒမပြည့်ဝ လိုက်ခြင်းအပေါ် သားဖြစ်သူ ဦးတင်မြင့်က မချင့်မရဲပြောသည်။
မျိုးချစ်စိတ်ဓာတ်ရှင်သန်စေရန်
မြန်မာ့လွတ်လပ်ရေးရရှိရန် ကြိုးပမ်းအားထုတ်ခဲ့ရုံသာမက မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေသည့် အမျိုးသားကျောင်းများ ပေါ်ထွန်းလာစေရန်နှင့် ပညာရေး၊ စစ်ရေး၊ နိုင်ငံရေးအသိအမြင်များ နိုးကြားလာစေရန် မျိုးစေ့ချပေး ခဲ့သည့်အပြင် ပါဠိစာပေ ထွန်းကားပြန့်ပွားရေးအတွက်လည်း ဆောင်ရွက် ခဲ့သူဖြစ်သည့် အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်နှင့် ပတ်သက်၍ သားဖြစ်သူ ဦးတင်မြင့်က-
''အဖေက ဘာသာအယူဝါဒတွေကို သိပ်ဂရုမစိုက်ဘူး။ တိုင်းပြည်အတွက် ဘာတွေလိုသလဲ။ ဖြည့်ဆည်းပေးချင်တာပဲရှိတယ်။ လွတ်လပ်ရေးရပြီးလို့ အားလုံး အနည်ကျသွားရင် သူက ကျောင်းပြန်ပြီး ကျောင်းဆရာလုပ်မှာ သေချာတယ်'' ဟု သူ့ဖခင်၏ စိတ်ဆန္ဒကို တွေးတွေးဆဆ ပြောပြခဲ့လေသည်။ ။
ဦးရာဇတ်
(၂ဝ ဇန်နဝါရီ ၁၈၉၈ - ၁၉ ဇူလိုင် ၁၉၄၇)
ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော အစိုးရအဖွဲ့တွင် ဦးရာဇတ်သည် ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာနဝန်ကြီး အဖြစ် ပါဝင်ခဲ့သည်။
ဦးရာဇတ်သည် မိတ္ထီလာမြို့ ရဲဝန်ထမ်းတိုက်ပိုင် အင်စပတ်တော် မစ္စတာ အေရာမန်နှင့် ဒေါ်ငြိမ်းလှတို့၏ သားဖြစ်သည်။ ဖခင်မှာ အစ္စလာမ်ဘာသာဝင်၊ မိခင်မှာ ဗုဒ္ဓဘာသာဝင်ဖြစ်၍ မွေးချင်း ၁၃ ယောက်တွင် တတိယ မြောက်ဖြစ်သည်။ မွေးနေ့သက္ကရာဇ်မှာ ၁၈၉၈ ခု ဇန်နဝါရီလ ၂ဝ ရက် ကြာသပတေးနေ့ဖြစ်သည်။
၁၉၁၂ ခုနှစ်တွင်မန္တလေးမြို့ ဝက်စလီယောက်ျားကလေး ကျောင်းမှ တက္ကသိုလ်ဝင်တန်းအောင်ခဲ့သည်။ တက္ကသိုလ် ကျောင်းသားဘဝတွင် တက္ကသိုလ်သပိတ်ကြီး၌ ပါဝင်ခဲ့သည်။ ၁၉၂၁ ခုနှစ်တွင် မန္တလေး ဗဟိုအမျိုးသားအထက်တန်း ကျောင်းကြီးကို ဖွင့်လှစ်ခဲ့၏။
၁၉၂၂ ခုနှစ်တွင် အမျိုးသားပညာရေးအဖွဲ့ကြီး၏ ဘီအေစာမေးပွဲကြီးကို အောင်ခဲ့၍ အေ၊ ရာဇတ်-ဘီအေ (နေရှင်နယ်) အမည်ခံခဲ့သည်။
မန္တလေး ဗဟိုအမျိုးသားကျောင်းအုပ်ကြီးအဖြစ် ဆောင်ရွက်စဉ် ရဲညွန့်တပ် ဖွဲ့စည်းပြီး ကျောင်းသားလူငယ် များကို စစ်ပညာသင်ကြားပေးခဲ့သည်။
၁၉၂၂ ခုနှစ်မှ ၁၉၄၁ ခုနှစ်တိုင် ဗဟိုအမျိုးသားအထက် တန်းကျောင်းတွင် ဆရာကြီးအဖြစ် ထမ်းရွက်ခဲ့သည်။ ၁၉၃၈ ခုတွင် ဒေါ်ခင်ခင်နှင့် လက်ထပ်သည်။ (၁၉၄၅ ခုနှစ်တွင် စစ်အတွင်းက ပိတ်ထားခဲ့ရသော အမျိုးသားကျောင်းကြီးကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။ မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲကော်မတီဝင်တစ်ဦးလည်း ဖြစ်သည်)
ခေါင်းဆောင်ကြီးများနှင့်အတူ မသမာသူတို့၏လက်ချက်ဖြင့် ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁ဝ နာရီ ၃၇ မိနစ်တွင် လုပ်ကြံခံရပြီး အသက်ဆုံးရှုံးခဲ့ရသည်။
ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ခင်ခင်နှင့် သား မောင်တင် မြင့်၊ သမီး ခင်ခင်စိန်၊ သား မောင်လှကြည်တို့ ကျန်ရစ်သည်။
သတင်းဆောင်းပါး- သီသီမင်း၊ ဓာတ်ပုံ- အေးမင်းသူ
Sunday, July 15, 2018
အသိအမြင်များ နိုးကြားလာစေရန် မျိုးစေ့ချပေးခဲ့သည့်အပြင် ပါဠိစာပေ ထွန်းကားပြန့်ပွားရေးအတွက်လည်း ဆောင်ရွက်ခဲ့သည့် အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်
အသိအမြင်များ နိုးကြားလာစေရန် မျိုးစေ့ချပေးခဲ့သည့်အပြင် ပါဠိစာပေ ထွန်းကားပြန့်ပွားရေးအတွက်လည်း ဆောင်ရွက်ခဲ့သည့် အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်
Reviewed by Ar Ti
on
5:46 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment