Latest News

Sunday, July 15, 2018

သိမ်ဇရပ်ကျေးရွာတွင် တောင်ကမ်းပါးရံ မြေသားများပြိုကျမှုကြောင့် ကားလမ်းနှင့်ရထားလမ်းပိတ်ဆို့မှုဖြစ်ပွား

သိမ်ဇရပ်ကျေးရွာတွင် တောင်ကမ်းပါးရံ မြေသားများပြိုကျမှုကြောင့် ကားလမ်းနှင့်ရထားလမ်းပိတ်ဆို့မှုဖြစ်ပွား


ကျိုက်ထို ဇူလိုင် ၁၅

ကျိုက်ထိုမြို့နယ်တွင်မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဇူလိုင် ၁၄ ရက် ည
၁၀ နာရီခန့်တွင် သိမ်ဇရပ်ကျေးရွာ၌တောင်ကမ်းပါးရံပြိုကျမှုကြောင့် ကားလမ်းနှင့်ရထာလမ်းပိတ်ဆို့မှုဖြစ်ပွားကြောင်းသိရသည်။
ယင်းသို့ပြိုကျသည့်နေရာမှာ သိမ်ဇရပ်ကျေးရွာ ရန်ကုန် မော်လမြိုင် ကားလမ်းဟောင်းမိုင်တိုင်အမှတ်(၈၆/၀)နှင်ရထားလမ်းမိုင်တိုင်အမှတ် (၇၇/၁၄)စစ်တောင်း တံတား(သိမ်ဇရပ်)ထိပ် ကားလမ်းဘေးအ
နီးရှိ ပေ(၃၀)ခန့်မြင့်သောတောင်ကမ်းနံရံ သည်မိုးရွာသွန်းမှုကြောင့်မြေ သားများပြိုကျ၍ မော်လမြိုင်ရန်ကုန်ကားလမ်းဟောင်းနှင့်ကပ်လျက် ရှိသောရထားလမ်းတို့မှာအရှည်ပေ(၅၀)နှင့်ထု(၁၅)ပေခန့်အထိမြေသားများကားလမ်းနှင့်ရထားလမ်းအားဖုံးလွှမ်းပိတ်ဆို့ခဲ့သော်လည်းလူနှင့် တိရစ္ဆာန်အဆောက်အဦးထိခိုက်ဒဏ်ရာပျက်စီးဆုံးရှုံးမှုမရှိကြောင်း
အဆိုပါလမ်းများပိတ်ဆို့မှု​ကြောင့်ရန်ကုန်ဘူ့​တာကြီးမှထွက်ခွာလာသော
အမှတ်(၁၅)အဆန်၊ရန်ကုန်ထားဝယ်ခရီးသည်တင် အမြန်ရထားသည် ပဲခူးတိုင်းဒေသကြီးဝေါမြို့နယ်ဆပ်သွားကုန်းဘူတာ၌ရပ်တန့်ထား ရပြီးလမ်းပွင့်မည့်အချိန်အားစောင့်ဆိုင်းလျှက်ရှိကြောင်းသိရှိရသည်။

                           ဝင်းမောင်(ကျိုက်ထို)

No comments:

Post a Comment