Latest News

Wednesday, July 11, 2018

ခြိမ်းခြောက်ငွေကြေးတောင်းခံပြီး ဥပဒေမဲ့လုပ်ရပ်များ ပြုလုပ်ခဲ့သည့် နေပြည်တော်တိုင်း(မ်) သတင်းထောက်များအား တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်

ခြိမ်းခြောက်ငွေကြေးတောင်းခံပြီး ဥပဒေမဲ့လုပ်ရပ်များ ပြုလုပ်ခဲ့သည့်
နေပြည်တော်တိုင်း(မ်) သတင်းထောက်များအား တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်

နေပြည်တော် ဇူလိုင် ၁ဝ

စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင် မြို့နယ် နန်းမော်လိုက်ကျေးရွာအုပ်စု  အုပ်ချုပ်ရေးမှူး    ဦးထိန်လင်းအား ခြိမ်းခြောက်ငွေကြေးတောင်းခံပြီး  ဥပဒေမဲ့လုပ်ရပ်များ ပြုလုပ်ခဲ့သည့် နေပြည်တော်တိုင်း(မ်)    သတင်း ထောက်များကို တည်ဆဲဥပဒေများ နှင့်အညီ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အဆိုပါသတင်းထောက် များသည်      ဇူလိုင် ၉ ရက်က အုပ်ချုပ်ရေးမှူး   ဦးထိန်လင်း၏ နေအိမ်သို့ ရောက်ရှိလာပြီး ၎င်းတို့မှာ  ထောက်လှမ်းရေးသတင်းထောက်များ ဖြစ်ကြောင်း၊    နေပြည်တော်မှ မော်လိုက်ခရိုင်တွင် တာဝန်ပေးထား သော စစစ၊ ဒ/န၊ SB၊ မီဒီယာအဖွဲ့  ပေါင်းစုံဖြစ်ကြောင်း၊ ဦးခင်မောင်ဝင်း ၏ နေအိမ်ခြံဝင်းအတွင်း၌ အထကခွဲ နှင့်   ဝန်ထမ်းအိမ်ရာဆောက်ရန် သစ်တစ်တန်ခန့်     တွေ့သဖြင့် ဓာတ်ပုံရိုက်ထားကြောင်း၊ ဥပဒေနှင့် ငြိစွန်းကြောင်းနှင့် တာဝန်ရှိသူများနှင့် လိုက်လျောညီထွေ ပူးပေါင်းဆောင် ရွက်နေသည့်အတွက် နေပြည်တော် မှ   တိုက်ရိုက်လွှတ်လိုက်ခြင်းဖြစ် ကြောင်း၊ ကျေးရွာအတွင်း၌ သစ်စက်  လုပ်ကိုင်သူ အမည်စာရင်း ၁ဝ ဦး ရှိသည်ဟု ပြောကြားခဲ့ကြောင်း သိရ သည်။

ထို့ပြင် ယင်းသတင်းထောက်များ သည် အုပ်ချုပ်ရေးမှူး ဦးထိန်လင်း အား   အဆိုပါသစ်စက်လုပ်ကိုင်သူ ၁ဝ ဦးကို ခေါ်ခိုင်းကာ သစ်စက် လုပ်ကိုင်သူ ၁ဝ ဦး၏ မှတ်ပုံတင်များ ကို   ဓာတ်ပုံရိုက်ပြီး   တစ်ဦးလျှင် ငွေကျပ် တစ်သိန်းခွဲနှုန်းဖြင့် ၁၅ သိန်း ပေးရမည်ဖြစ်ကြောင်း၊  မပေးပါက ဖမ်းဆီးပြီး ရိုက်ပုတ်နှိပ်စက်မည်ဖြစ် ကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့သည့် အတွက် အုပ်ချုပ်ရေးမှူး ဦးထိန်လင်း က ကျေးရွာရှိ    တာဝန်ရှိသူများနှင့် တိုင်ပင်ကာကျေးရွာစာသင်ကျောင်း အုတ်တံတိုင်းခတ်ရန် စုဆောင်းထား သည့် ငွေ ၁ဝ သိန်းအား ပေးအပ်ခဲ့ ရကြောင်း သိရသည်။

ထိုသို့  ပေးအပ်ခဲ့ရသည့်အတွက် အရေးယူပေးရန်  တိုင်တန်းခဲ့သဖြင့် ဖောင်းပြင်မြို့မရဲစခန်းမှ နေပြည်တော် တိုင်း(မ်)    မှုခင်းသတင်းထောက် (မော်လိုက်ခရိုင်တာဝန်ခံ)များ ဖြစ်ကြ သည့် မောင်ဆန်း ၃၆ နှစ် (ဘ)ဦးညွန့် ရှောက်တောကျေးရွာ ပွင့်ဖြူမြို့နယ်၊ အောင်ဖြိုးဝေ ၂၁ နှစ် (ဘ)ဦးညွန့် ရှောက်တောကျေးရွာ ပွင့်ဖြူမြို့နယ်၊ မောင်စိုး ၅၄ နှစ် (ဘ)ဦးအောင်ရှိန် ကံကြီးကျေးရွာ  ကလေးမြို့နယ်နှင့် ကီးအောင်မင်း ၄၆ နှစ် (ဘ)ဦးလေ ဟာကီး ကြံသာကျေးရွာ ကလေးမြို့ နယ်နေသူ လေးဦးတို့အား တည်ဆဲ ဥပဒေများနှင့်အညီ အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ ယင်းသတင်းထောက် လေးဦးသည် ဇူလိုင် ၁ ရက် ညနေ ၃ နာရီခန့်ကလည်း စစ်ကိုင်းတိုင်းဒေသကြီး  ဖောင်းပြင်မြို့နယ် ဟဲလှော်ကျေးရွာနေ  ဒေါ်မြင့်အုန်း၏ နေအိမ်ဈေးဆိုင်သို့  အရက်ရောင်းသည်ဟုဆိုကာ ဖမ်းဆီး မည်ဟု  ခြိမ်းခြောက်၍  ငွေကျပ် ၂ဝဝဝဝ    တောင်းယူခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့်  ၎င်းတို့အား တည်ဆဲဥပဒေဖြင့် ထပ်မံရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

''နိုင်ငံတော်လုံခြုံရေးအဖွဲ့အစည်း များ၏  အသွင်သဏ္ဌာန်ဖြင့်  ယူနီ ဖောင်းများ ဖန်တီးဝတ်စားဆင်ယင် ခြင်း မပြုကြရန်နှင့် ဝတ်ဆင်ကြောင်း တွေ့ရှိပါက  တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း''  ပြည်ထဲရေးဝန်ကြီးဌာန က ဇန်နဝါရီ ၁၇ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင်   ကြေညာချက် ထုတ်ပြန်ခဲ့သည့်အပြင် ဇွန် ၁၆ ရက် ထုတ်  နိုင်ငံပိုင်သတင်းစာများတွင် လည်း  မှုခင်းသတင်းထောက်များ  အပါအဝင် သတင်းထောက်အသင်း ဝင်များအနေဖြင့် နိုင်ငံတော်လုံခြုံရေး  အဖွဲ့အစည်းများနှင့် အသွင်သဏ္ဌာန် တူသော ဝတ်စုံများ ဝတ်ဆင်ခြင်းနှင့် ဥပဒေမဲ့   ငွေကြေးတောင်းခံခြင်း၊ ဥပဒေမဲ့လုပ်ရပ်များ  လုပ်ကိုင်ခြင်း တို့အပေါ် စိစစ်တွေ့ရှိပါက တည်ဆဲ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထပ်မံအသိပေး ကြေညာထားခဲ့ပြီးဖြစ်ကြောင်း သိရ သည်။                

သတင်းစဉ်

No comments:

Post a Comment