Latest News

Wednesday, July 4, 2018

ဒိန်ချဉ်ရဲ့ အကျိုးထူးများ

ဒိန်ချဉ်ရဲ့ အကျိုးထူးများ


လူကိုအကျိုးပြုတဲ့ ဒိန်ချဉ်ဟာ လူသားတွေကို  အကျိုးပြုကြောင်း သိရှိထားတာကြာခဲ့ပါပြီ။ ဘူဂေးရီးယားနိုင်ငံမှာ  လူတစ်ထောင်သေဆုံးတိုင်း  အသက်ရာကျော် လေးဦးနှုန်းပါဝင်လို့ အသက်ရှည်မြင့်မားတဲ့ အကြောင်း သုတေသနပြုတော့ စနစ်တကျ ပြုလုပ်ထားတဲ့ ဒိန်ချဉ်ကို နေ့စဉ်အစားအစာ အဖြစ် စားသုံးနေတာတွေ့ရတယ်။

ပြင်သစ်နိုင်ငံ စချာတက္ကသိုလ်မှ ရုရှားလူမျိုး ပိုးမွှားဗေဒပညာရှင် အီလိုင်မက်ချန်နီကော့ဟာ ဒိန်ချဉ်ကို ဆက်လက်လေ့လာရာ ဒိန်ချဉ်မှာရှိတဲ့ပိုးဟာ လူခန္ဓာကိုယ် အူမကြီးပိုင်းရှိ ဗက်တီးရီးယားပိုးက စွန့်ထုတ်တဲ့အညစ်အကြေးကို သုတ်သင်နေတဲ့ အစွမ်းသတ္တိရှိကြောင်း တွေ့ရှိရတယ်။ ယင်းဗက်တီးရီးယားပိုးရဲ့စွန့်ထုတ်တဲ့ အညစ်အကြေးက  လူတို့အိုမင်း ရင့်ရော်စေတဲ့ ရောဂါအမျိုးမျိုးကို ဖြစ်ပေါ်စေတဲ့ အဆိပ်အတောက်တွေ ပါပဲ။

လူ့ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အပူကယ်လိုရီမှာ နွားနို့ ၁ဝဝ ဂရမ်မှာ ၆၆ ကယ်လိုရီသာပါတယ်။ ဒိန်ချဉ်မှာ ၉ဝ ကယ်လိုရီပါဝင်လို့ ခွန်အားကိုဖြစ်စေရာမှာ နွားနို့ထက်သာလွန်တယ်။ ဥရောပသား(ဘူဂေးရီးယား)တွေက ဒိန်ချဉ်ကို အသက်ရှည်ဆေးအဖြစ်  လက်ခံကြပါတယ်။

လူကိုအကျိုးပြုတဲ့ ဒိန်ချဉ်ရဲ့ အဓိက လိုအပ်ချက်မှာ နို့ကို စနစ်တကျ ကျိုချက်ဖို့ဖြစ်တယ်။ နို့စစ်စစ်ကို ၉ဝ ဒီဂရီစင်တီဂရိတ်ထိ ကျိုချက်တာ ၄၂ ဒီဂရီကို အပူချိန်လျော့ကျပြီး သီးသန့်မွေးမြူထားတဲ့ လက်စတိုဘက်စလဲ့ ပိုးထည့်ပေးခြင်းဖြစ်တယ်။ အများလုပ်တဲ့နည်းက ဒိန်ချဉ် (အလျဉ်) အနည်းငယ်ကို  ကျိုချက်ထားတဲ့  နို့ထဲထည့်ကာ ပိုးမွေးမြူခြင်းပဲဖြစ်တယ်။

ဒန်ပေါက်ချက်ရာမှာ ဒိန်ချဉ်အသုံးပြုခြင်းသိကြတယ်။ အမဲသား၊ ကြက်သား၊ ဆိတ်သား စတဲ့အသားများ ချက်ပြုတ်၊ ကင်ရာမှာ ဒိန်ချဉ်ထည့်ခြင်းဖြင့် အနူးမြန်ပြီး အဆိပ်အတောက်ပြေကာ အရသာ ပိုထူးစေတယ်။

ထူးခြားစွာ ဆံပင်ဖြူသူများ၊ ဆံပင်ကျွတ်သူများက ဒိန်ချဉ်ကို မှန်မှန်စွဲစားရင် ဆံပင်ဖြူပျောက်ကာ ပြန်ပေါက်နိုင်တယ်။ မျက်နှာမှာ အနာအစာလေးရှိရင် အသားအရေချောမွေ့စေရင် ဒိန်ချဉ်ဟာ လိမ်းဆေးဖြစ်တယ်။ ကမ္ဘာကျော် ရုပ်ရှင်မင်းသမီး အယ်လီဇဘတ်တေလာက ဒိန်ချဉ်ကို ညစဉ်လိမ်းပြီး အိပ်လေ့ရှိတယ်ဆိုတယ်။

အရက်စွဲကာ အသည်းထိခိုက်နေသူများ၊အစာမကြေရောဂါနဲ့ အသည်းရောဂါရှိသူတွေ အတွက် ဒိန်ချဉ်ဟာ အလွန်ထိရောက်တဲ့ ဆေးဖြစ်တယ်။လူတို့ခန္ဓာကိုယ်မှ ထုတ်လုပ်တဲ့ ကိုလက်စထရောဟာ  လိုအပ်တာထက် ပိုလာပါက သွေးလွှတ်ကြောမာတဲ့ ရောဂါဖြစ်တတ်တယ်။

သွေးကြောမာတဲ့အခါ သွေးတိုးရောဂါနဲ့ နှလုံးရောဂါ ထပ်ဆင့်ခံစားရတတ်တယ်။နှလုံး သွေးကြော၊ သွေးတိုးမျိုးရိုးရှိသူများ သတိထားကာ မလိုင်ထုတ်ထားတဲ့ ဒိန်ချဉ်ကို နေ့စဉ် စားပေးသင့်တယ်။  လူရဲ့အရေပြားကို လှပချောမွတ်စေပြီး အဆီချ၊ ဝိတ်ချလိုသူတွေအတွက်  ဒိန်ချဉ်က  သင့်လျော်ပါတယ်။

လေဖြတ်မယ့် ရှေ့ပြေးလက္ခဏာ ၁ဝ ချက်မှာ (၁) ဦးနှောက်၊ နောက်စေ့ခေါင်းကိုက်ခြင်း၊ မကြာခဏ မူးဝေခြင်း၊ (၂) ခြေ၊လက်တို့မှာ မကြာခဏကျဉ်ခြင်း၊ ကိုယ်လက်လေးလံ ထိုင်းမှိုင်းခြင်း၊ (၃) မျက်ခွံနဲ့မျက်နှာ ကြွက်သားတို့ ဆတ်ခနဲလှုပ်ခြင်း၊  အသားကွက်ကာ တဆတ်ဆတ်လှုပ်ခြင်း၊ (၄) မကြာခဏ ဝမ်းချုပ်ပြီး ဗိုက်မှာလေပွနေခြင်း၊ (၅)ညအိပ်ချိန်ထုံကျဉ်ခြင်း၊ လန့်နိုးခြင်း၊ (၆) ဆီးအနက်ရောင် သွားခြင်း၊ (၇) ပစ္စည်းများ ကိုင်တွယ်ရင် မမြဲခြင်း၊ မကြာခဏ လွတ်ကျတတ်ခြင်း၊ (၈) ဘယ်ဘက်လက် ကိုက်ခဲပြီး လက်မမှာထုံခြင်း၊ ဘယ်ခြေဆွဲခြင်း၊ (၉) အမျိုးသားများ အသက်(၄၅)နှစ်ကျော်ရင် ရက်ရှည် ခြေလက်များထုံကျဉ်ခြင်း၊ အမျိုးသမီးများ သွေးဆုံးချိန်မှာ  ခြေလက်များ ထုံကျဉ်ခြင်း၊ လက်ညှိုး၊ လက်ခလယ်ကွေးရာမှ ချက်ချင်းဆန့်မရခြင်း၊(၁ဝ) ရေချိုးပြီးရင် မျက်စိများကြာမြင့်စွာ နီရဲခြင်းတို့ ဖြစ်တယ်။

ဒိန်ချဉ်နဲ့ ဆန့်ကျင်ဘက် အနီရောင်လွှမ်းတဲ့ အသား၊ အမဲသား၊ ဆိတ်သားတွေက ခုခံမှုစနစ် ဓာတ်မတည်မှုဖြစ်နိုင်ပြီး၊  တစ်နည်း တစ်ဖုံ နှလုံးရောဂါဖြစ်နိုင်ခြေများတာကြောင့် ဆီးချိုရောဂါ၊   လေသင်တုန်းဖြတ်ရောဂါ၊ ကင်ဆာရောဂါနဲ့  နှလုံးသွေးကြော ရောဂါတွေဟာ အစာစားသုံးမှုတွေမှာ သက်ဆိုင်နေသလို အားလုံးရှောင်ဖို့ မရပြန်ကြောင်း ဆိုတယ်။    အစားအစာနဲ့ ဓာတ်မတည့်ခြင်း ရောဂါဟာ  ဒီဘက်ပိုင်းမှာ  ပိုမိုတွေ့မြင်လာရကြောင်း နှလုံးသွေးကြောနှင့် ဇီဝဗေဒဂျာနယ်မှာ ၂ဝ၁၈ ခုနှစ် ဇွန်လ ၁၅ ရက် သတင်းအဖြစ် ပုံနှိပ်ဖော်ပြထားပါတယ်။

အနီရောင်လွှမ်းတဲ့ အသားမတည့်တာကို ဂျက်လတင်ဂလက်စတို ၁း၃ မတည့်တာနဲ့ သတ်မှတ်ထားတယ်။ 'အနီရောင်အသား' မတည့်တာဟာ ယင်းကြောင့် ခုခံမှုစနစ်ပြောင်းလဲကာ သွေးကြောခက်မာမှု၊ သွေးလွှတ်ကြောမှာ 'အဆီ' အဖွဲ့အစည်းအနည်ကျမှု 'သွေးကြောမာကျောလာမှု၊ သွေးကြောကျဉ်းမှုတို့ ဖြစ်နိုင်သလို၊ တခြားအကြောင်းအရာတွေ  ပါဝင်ပတ်သက်နေမှုတို့ အပေါ် အတိအကျမသိရပါ။

အနီရောင်လွှမ်းတဲ့အသား မတည့်တာက နှလုံးရောဂါ၊ သွေးတိုးရောဂါ အဖြစ်များပြီး သွေးကြောခက်မာမှုနဲ့ နှလုံးသွေးတိုးရောဂါ ဖြစ်နိုင်ခြေများကြောင်း အမေရိကန်၊ ဗာဂျီးနီးယား တက္ကသိုလ် ကျန်းမာရေး အင်စတီကျူ့မှ ဆိုတယ်။

ဒိန်ချဉ်မှာလည်း နို့မတည့်သူတွေ အစာအဆိပ်သင့် စေနိုင်သေးတယ်။ တချို့လူတွေမှာ နို့နဲ့နို့ထွက်ပစ္စည်း မတည့်ရောဂါ ရှိတတ်ပြီး စားသောက်မိရင် ဝမ်းလျှောခြင်း၊ အင်ပျဉ်ထခြင်း၊ ဗိုက်ကယ်ခြင်း၊ ဗိုက်အောင့်ခြင်း ဖြစ်စေနိုင်သလို အနီရောင် အသားဓာတ် မတည့်သူတွေလို နှလုံးသွေးတိုးရောဂါ ခံစားရနိုင်ပါတယ်။ နို့မှာပါဝင်တဲ့  ကယ်စီယမ်နဲ့ ဗီတာမင်ဒီက အရိုးသန်မာစေပြီး အရိုးတွင်း ခြင်ဆီအားဖြည့်ပေးတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သတ္တုဓာတ်နဲ့ ဗီတာမင်များပေါကြွယ်ဝကာ အဆီဓာတ်အနည်းငယ်နဲ့ ပရိုတင်းဓာတ် ပါဝင်ပါတယ်။     အဝလွန်မှာကြောက်သူ အနေနဲ့  အဆီထုတ်ထားတဲ့  နို့နဲ့နို့ထွက်ပစ္စည်း ဒိန်ချဉ်ကို နေ့စဉ်သောက်ပေးရင် ထမင်းစားနည်းသွားလို့ အဝလွန်မှုမှာ ရှောင်ကြဉ်ပြီးဖြစ်သွားတယ်။ ဥပမာ ညစာအတွက် ဒိန်ချဉ်တစ်ခွက်နဲ့ အာလူးပြုတ် တစ်လုံးစား

လိုက်ရင် အဆင်ပြေတယ်ဆိုတော့ အဝလွန်သူတို့အတွက် ဆေးတစ်ပါးပဲဖြစ်တယ်။ သည့်အတွက် ''အစာလည်းဆေး၊  ဆေးလည်းအစာ''ဆိုသလို   ကိုယ်နဲ့ဓာတ်တည့်မယ့် အသား၊  ဒိန်ချဉ်  စားသုံးသင့်ပါကြောင်း အကြုံပြု အပ်ပါတယ်။

MWD

No comments:

Post a Comment