Latest News
Tuesday, July 24, 2018
ဟုမ္မလင်းမြို့ လောင်ဖောင်ရွာ ရှိ ဈေးဆိုင်တစ်ဆိုင် ဓားမြတိုက်ခံရ
ဟုမ္မလင်းမြို့ လောင်ဖောင်ရွာ ရှိ ဈေးဆိုင်တစ်ဆိုင် ဓားမြတိုက်ခံရ
  စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် လောင်ဖောင်ရွာ ရှိနေအိမ်ဈေးဆိုင်တစ်ဆိုင်တွင် ဇူလှိုင် ၂၂ ရက် နံနက် ၂နာရီကျော် အချိန်ကဓားပြတိုက်ခံရမှုဖြစ်ပွားခဲ့ကြောင်း  အမှုဖွင့်တိုင်ကြားထားသည့် မိုင်းကိုင်းနယ်မြေ ရဲစခန်းမှ သတင်းရရှိသည်။
    လောင်ဖောင်ရွာရှိ ဆိုင်ပိုင်ရှင် ဦးဝင်းမြင့်ထူး အိမ်သို့ လူ၁၀ ဦးခန့်မှ  ဆိုင်တံခါးဆွဲဖွင့်၍ ဓားကိုယ်စီကိုင်ဆောင်ကာ ၀င်ရောက်ခဲ့ပြီး ဆိုင်ရှင်၏ မျက်နှာကို အ၀တ်ဖြင့် ဖုးံအုပ်လျှက်ဓားဖြင့်ထောက်ကာပစ္စည်းများကို ယူဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း ဓားပြ တိုက်ခံရသူ၏အမှုဖွင့်တိုင်ကြားချက်အရ သိရသည်။
 "ဆိုင်က ရွာထဲနဲ့ နည်းနည်း လှမ်းတယ်၊ဆိုင်ရှင်ကတစ်ယောက်တည်းနေတာပါ၊ကျွန်တော်တို့လည်း အခု ရဲကင်းမှူးတွေနဲ့ စုံစမ်းနေတယ်၊ သေနတ်ပါတယ်လို့  အိမ်ရှင်က မြင်လိုက်တယ် ဆိုပေမယ့် အတည်မပြုနိုင်သေးပါဘူး"  ဟု မိုင်းကိုင်းနယ်မြေ ရဲကင်းစခန်းမှူး ရဲအုပ်မျိုးမင်းညွန့်က ဇူလိုင် ၂၃ ရက်တွင် ပြောဆိုသည်။
 ဓားပြ အဖွဲ့မှ ၅ ဦးသည် အိမ်အပြင်တွင် စောင့်နေပြီး ကျန်၅ ဦးမှ အိမ်အတွင်းဝင်လျက် ခေါင်းအုးံအောက်ရှိ ငွေကျပ်  ၄သိန်း၊နှင့်ဈေးဆိုင်ကောင်တာ အံဆွဲအတွင်းမှ ပွင့်စုရွှေ ၁၀ ရွှေး တို့အား ယူပြီး အိမ်ခန်းအတွင်း မွှေနှောက်ကာ သံသေတ္တာထဲမှ ရွှေအတု ၃ ကျပ်သား ဆွဲကြိုး တစ်ကုးံ၊တစ်မတ်သားရွာ ရွှေအတု လက်ကောက် ၅ကွင်း ၊ဖုန်းတစ်လုးံ ၊နိုင်ငံသားစိစစ်ရေးကတ်၊ယာဉ်မောင်းလိုင်စင်တို့ကို ယူဆောင်ကာ ခဲနန်းရွာဘက်သို့ ထွက်ပြေးသွားကြောင်း ဆိုင်ရှင်၏ အမှုဖွင့်တိုင်စာ အရ သိရသည်.။
ကိုသစ္စာ-မုံရွာ
No comments:
Post a Comment