Latest News

Tuesday, July 24, 2018

အမေရိကန် ပြည်ထောင်စုကို မည်သည့်အခါမျှ မခြိမ်းခြောက်ရန် ထရမ့်ကရူဟာနီကို သတိပေး

အမေရိကန် ပြည်ထောင်စုကို မည်သည့်အခါမျှ မခြိမ်းခြောက်ရန် ထရမ့်ကရူဟာနီကို သတိပေး

ဝါရှင်တန်   ဇူလိုင်   ၂၃

အမေရိကန်ပြည်ထောင်စုကို မည်သည့် အခါမျှမခြိမ်းခြောက်ရန်နှင့် ခြိမ်းခြောက်လာ ပါကလည်း နောက်ဆက်တွဲ ရလဒ်ကိုခံစား ရစေမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်သမ္မတ ဟက်ဆန် ရူဟာနီကို သတိပေးလိုက်သည်။

အီရန်အပေါ် အမေရိကန်က စစ်ပွဲစတင် ခြင်းသည် စစ်ပွဲအားလုံးစတင်ခြင်းဖြစ်သည် ကို အမေရိကန်အနေဖြင့် နားလည် ထားသင့် ကြောင်း အီရန်သမ္မတကပြောပြီးနောက် နာရီအနည်းငယ်အကြာ ဇူလိုင် ၂၂ ရက်တွင် ထရမ့်က ယခုကဲ့သို့ တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စုကို မည်သည့် အခါမျှထပ်မံမခြိမ်းခြောက်ရန်၊ ထိုသို့ခြိမ်း ခြောက်ပါက သမိုင်းတွင် မည်သည့် အခါမျှ မကြုံဖူးသော နောက်ဆက်တွဲအကျိုးဆက် ကိုခံစားရမည်ဖြစ်ကြောင်း၊ အမေရိကန်သည် ခြိမ်းခြောက်သော စကားလုံးများကို မည်သည့် အခါမျှလက်ခံသွားမည်မဟုတ်ကြောင်းနှင့် ယခုကဲ့သို့ပြော နေခြင်းသည် သတိပေးခြင်း ဖြစ်ကြောင်း ထရမ့်က ရူဟာနီကို တိုက်ရိုက် ရည်ညွှန်း၍ ၎င်း၏ တွစ်တာစာမျက်နှာ တွင် ရေးသား ထားသည်။

အမေရိကန်ပြည်ထောင်စုက အီရန်နိုင်ငံ မှရေနံဝယ်ယူသည့် နိုင်ငံများကို အရေးယူမှု များပြုလုပ်သွားမည်ဟု ထရမ့်အစိုးရက ခြိမ်းခြောက်ပြီးနောက် ရူဟာနီက အီရန်သံတမန် များနှင့်တွေ့ဆုံစဉ် အမေရိကန်က သတိပေး စကားပြောခြင်းဖြစ်သည်။

အီရန်၏နျူကလီးယား အစီအစဉ်နှင့် အကြမ်းဖက် အဖွဲ့များအား ထောက်ပံ့ပေးနေမှု ရပ်ဆိုင်းစေရန်အတွက် ဖိအားပေး ကူညီရန် နှင့် အွန်လိုင်းဆက်သွယ်ရေးမှတစ်ဆင့် မတည် မငြိမ်ဖြစ်စေရန် လှုံ့ဆော်ကာ တိုက်ခိုက်သော စကားများကို အမေရိကန်ပြည်ထောင်စုက ပြောဆို လုပ်ဆောင်လာပြီးနောက် တင်းမာမှု များမြင့်တက် လာခြင်းဖြစ် ကြောင်း အဆိုပါ ကိစ္စနှင့် နီးစပ်သည့် အမေရိကန်က တာဝန်ရှိ သူများကပြောသည်။

၂ဝ၁၅ ခုနှစ်တွင် ရရှိခဲ့သော အီရန် နျူကလီးယား သဘောတူစာချုပ်မှ အမေရိကန် ပြည်ထောင်စုက နုတ်ထွက်ပြီး နောက် အီရန်အနေဖြင့် အမေရိကန် အစိုးရ၏ ဖိအားပေးမှုများနှင့် အရေးယူပိတ် ဆို့မှုများ ပြန်လည်ချမှတ်ခြင်းကို ရင်ဆိုင် လာရခြင်းဖြစ်သည်။ အီရန်ကမူ ၎င်းတို့၏ နျူကလီးယား အစီအစဉ်သည် လျှပ်စစ် စွမ်းအင်အတွက် သာ ဖြစ်သည်ဟု အခိုင်အမာ ပြောထားကြောင်း သိရသည်။

MWD

No comments:

Post a Comment