လေဆာဖြင့် အမြင်ဆိုင်ရာ မျက်စိခွဲစိတ်ကုသခြင်း
===================================
ပြည့်အောင် (COA)
လေဆာဖြင့် အမြင်ဆိုင်ရာ မျက်စိခွဲစိတ်
ကုသမှုဆိုသည်မှာ
မျက်မှောက်ခေတ် မျက်စိကုသမှုနယ်ပယ်တွင် မျက်စိ
အထူးကုဆရာဝန်ကြီးများသည် လေဆာရောင်ခြည်
အမျိုးမျိုးကိုအသုံးပြု၍ မျက်စိကုသမှုအမျိုးမျိုးကို ဆောင်ရွက်လျက်ရှိပါသည်။ အမြင်အာရုံ တိုးတက်
ကောင်းမွန်စေရန် ကုသသော လေဆာရောင်ခြည်သုံး ကုသမှုနည်းပညာများအနက် ဤဆောင်းပါးတွင် ဆွေး
နွေးရေးသားလိုသည်မှာ အမြင်အလျားတို (Short – sightedness) သောကြောင့် သို့မဟုတ် အမြင်အလျား
ရှည် (Long –Sightedness) သောကြောင့် အဝေးမှုန်သူ
များနှင့် ဆလင်ဒါပါဝါ (Astigmatism) ရှိသူများအား ကုသမှုပေးသည့် လေဆာဖြင့် အမြင်ဆိုင်ရာ မျက်စိ
ခွဲစိတ်ကုသမှုနည်းပညာနှင့် ဆက်စပ်သော အကြောင်းအရာများဖြစ်ပါသည်။
လေဆာဖြင့် အမြင်ဆိုင်ရာ မျက်စိခွဲစိတ်ကုသမှုနည်း ပညာကို အရပ်သားဝေါဟာရအားဖြင့် လေဆာရောင် ခြည်ဖြင့် မျက်မှန်ပါဝါလျှော့ခြင်း (သို့) ဖျောက်ခြင်းဟု သိကြ သုံးနှုန်းကြပါသည်။ မျက်စိပညာရပ် အခေါ် အားဖြင့်မူ LASIK, ASLA,PRK,SMILE စသည်ဖြင့် ကုသရမည့်အခြေအနေနှင့် သုံးစွဲရမည့်နည်းစနစ်ပေါ် မူတည်၍ သုံးနှုန်းပါသည်။ သက်ဆိုင်ရာဘာသာရပ်တွင် အထူးကျွမ်းကျင်သော မျက်စိဆရာဝန်ကြီးများမှ သင့်
တော်သည်ဟု ယူဆသော နည်းပညာကို ကျင့်သုံး၍ မျက်မှန်ပါဝါလျော့စေရန်အတွက် မျက်ကြည်လွှာကို လေဆာရောင်ခြည်ဖြင့် ပြုပြင်ကုသသော စနစ်ဖြစ်ပါ
သည်။ ဤနည်းပညာကို မျက်မှန်တပ်သူများအကြား လူသိများလာသကဲ့သို့ လူတိုင်းကုသ၍ ရနိုင်မရနိုင်ကို လည်း သိချင်လာကြပါသည်။
အကျဉ်းမှတ်သား နည်းပညာများ
လေဆာဖြင့် အမြင်ဆိုင်ရာ မျက်စိခွဲစိတ်ကုသမှုပြုရာ တွင် အသုံးပြုသော နည်းပညာများကို အကျဉ်းအား ဖြင့် မိတ်ဆက်ပေးလိုပါသည်။
(၁) LASIK (Laser-Assisted in Situ Keratomileusis)။
ဤနည်းပညာသည် အသုံးများသောနည်းဖြစ်ပြီး
မျက်စိကျန်းမာရေးနှင့် အထွေထွေကျန်းမာရေး ပြည့်စုံသူများအတွက် အထူးသင့်လျော်သော နည်းဖြစ်၏။
(၂) ASLA (Advanced Surface Laser Ablation)။LASIK နည်းပညာကိုသုံးရန် အရည်အချင်း
မပြည့်မီသောသူများအတွက် ကုသမှုပြုရာတွင် သုံးပါသည်။ အထူးသဖြင့် မျက်ကြည်လွှာ အခုံး
အခွက် ပုံမှန်မရှိသူများနှင့် မျက်ကြည်လွှာ
ပါးနေသူများ၊ ပျမ်းမျှမျက်မှန်ပါဝါထက် ပိုမိုလွန်ကဲ
သော မျက်မှန်ပါဝါရှိသူများအား ကုသရန် ဤ နည်းပညာကိုသုံးပါသည်။
(၃)PRK (photorefractive keratectomy)။ လေဆာ
နည်းပညာသုံး အမြင်ဆိုင်ရာ မျက်စိခွဲစိတ်ကုသမှု
ပြုသောနည်းများတွင် ပထမဆုံးသောနည်းပညာ ဖြစ်၍ LASIK နည်းပညာ၏ ရှေ့ပြေးဖြစ်ပါ
သည်။
(၄)SMILE (Small incision lenticule extraction)။ အမြင်အာရုံပြုပြင်ပေးသည့် နောက်ဆုံးပေါ် နည်း
ပညာများကို ကိုယ်စားပြုသည့်နည်းဟုပင် ဆိုနိုင်
ပါသည်။ ကုသမှုလိုအပ်ချက်အရ ပုံမှန် မျက်ကြည်
လွှာများကို ကုသရာတွင်LASIK နည်းနှင့် တစ်
လှည့်စီ အသုံးပြုရသောနည်းဖြစ်ပါသည်။ အထူး
သဖြင့် အမြင်အလျားတို အဝေးမှုန် (Myopia)ပါဝါများသူများနှင့် ဆလင်ဒါပါဝါများကို လျှော့ချ ပေးရာတွင် ဤနည်းကိုသုံးပါသည်။
ကုသမှုခံယူနိုင်သူများ
အထွေထွေကျန်းမာရေးကောင်း (မည်သည့်ရောဂါ
မျှမရှိ) သူ၊ အနည်းဆုံး တစ်နှစ်တစ်ခါ မျက်မှန်ပါဝါ ပုံမှန်
စစ်ဆေးနေသူ၊ မျက်မှန်လိုအပ်ချက်ရှိ (မျက်မှန်တပ်
နေရ) သည်ကလွဲ၍ မျက်စိကျန်းမာရေးကောင်း (အထူး
သဖြင့် မျက်ကြည်လွှာကောင်း) သူများသည် ယေဘုယျ
အားဖြင့် လေဆာဖြင့် အမြင်ဆိုင်ရာ မျက်စိခွဲစိတ်ကုသမှု
ပြုနိုင်ပါသည်။ များသောအားဖြင့် ပုံမှန်အခြေအနေ
ရှိသူများအားLASIK နည်းပညာဖြင့် ကုသမှုပေးပါ သည်။ သို့သော်လည်း အမြင်အလျားတို၍ အဝေးမှုန် ပါဝါများသူ၊ မျက်ကြည်လွှာ ပုံမှန်အခြေအနေမရှိဘဲ ပါးသူများအား ASLA နှင့်SMILE နည်းပညာများကို ကျင့်သုံး၍ သက်ဆိုင်ရာ ဘာသာရပ်ကျွမ်းကျင်သူ မျက်စိ
အထူးကုဆရာဝန်ကြီးများမှ ကုသမှုပေးပါသည်။
ကုသမှု မပြုနိုင်သူများ
(၁) အသက်(၄ဝ)ကျော် အနီးမှုန်သူများ (Presbyopia)
ထိုသူများသည် အသက်အရွယ်အရ သဘာဝ
အတိုင်း အနီးမှုန်လာခြင်းဖြစ်ပါသည်။ အသက်
ပို၍ပို၍ ကြီးလာသည်နှင့်အမျှ အနီးကြည့်တွင်
လည်း ပိုမှုန်လာမည်ဖြစ်၏။ ရွေးချယ်ရန် နည်း
လမ်းများမှာ မျက်စိအထူးကုဆရာဝန်၊ မျက်စိ
ပညာရှင်တို့နှင့် တိုင်ပင်၍ အနီးကြည့်မျက်မှန်
တပ်ခြင်းနှင့် အနီးမှုန်သူများအတွက် လေဆာဖြင့်
ခွဲစိတ်ကုသနည်း (Laser Lens Surgery) ဖြင့် ကုသ
ခြင်းတို့ဖြစ်ပါသည်။
(၂) မျက်မှန်ပါဝါ အလွန်အမင်းများနေသူများ
အမြင်အလျားတို(Myopia)နှင့် အမြင်အလျားရှည် အဝေးမှုန်(Hyperopia)သူများတွင် ပျမ်းမျှ ပါဝါ
ထက် ပို၍များနေသူများအားLASIK သို့မဟုတ်
ASLA နည်းပညာများဖြင့်ကုသ၍ မရပေ။(ဥပမာ Myopia များအတွက် ပျမ်းမျှအဆင့် သတ်မှတ် ချက်မှာ -8.00 နှင့် - 20.00 diopters အကြားဖြစ်
ပါသည်)။ ရွေးချယ်ရန် နည်းလမ်းမှာ ကျွမ်းကျင်
သော မျက်စိအထူးကုဆရာဝန်ကြီးများနှင့် တိုင်
ပင်၍ SMILE နည်းပညာကို အသုံးပြုကာ ကုသ၍
မရပါက မျက်စိအတွင်းရှိ သဘာဝမှန်ဘီလူး၏ ရှေ့ တွင် မှန်ဘီလူးတု (Phakic IOL or implantable contact lens) တစ်မျိုး တပ်ဆင်ခြင်းပင်ဖြစ်ပါသည်။
(၃) မျက်စိကျန်းမာရေးနှင့် အထွေထွေကျန်းမာရေး ချို့တဲ့သူများ
မျက်စိရောဂါတစ်မျိုးမျိုးရှိသူများ၊ အထွေထွေ
ကျန်းမာရေးချို့တဲ့သူ ရောဂါတစ်မျိုးမျိုးရှိသူများ၊
ခန္ဓာကိုယ်၏ သဘာဝခုခံအားစနစ် ချို့ယွင်းနေ
သူများနှင့် မျိုးရိုးလိုက်သူများ၊ မျက်ကြည်လွှာ
ကျန်းမာရေးမကောင်းသူများ၊ ဆီးချိုသွေးချို
ရောဂါရှိသူများအား လေဆာဖြင့် အမြင်ဆိုင်ရာ မျက်စိခွဲစိတ်ကုသ၍ သာမန်အားဖြင့် မရပါ။ ရွေး
ချယ်ရန် နည်းလမ်းမှာ မျက်စိအထူးကုဆရာဝန်
နှင့် စဉ်ဆက်မပြတ် တိုင်ပင်၍ ကုသ၍ရနိုင် မည့်အချိန်ကို စဉ်းစားဆုံးဖြတ်ရန်ဖြစ်၏။
(၄) အသက် ၂ဝ အောက်လူငယ်များ
အသက် ၂ဝ အောက်လူငယ်များသည် မျက်မှန်
ပါဝါတည်ငြိမ်မှုမရှိသေးဘဲ ပြောင်းလဲနိုင်သေး သည့် သဘာဝရှိပါသည်။ လေဆာဖြင့် အမြင်
ဆိုင်ရာ မျက်စိခွဲစိတ်အထူးကု မျက်စိဆရာ
ဝန်ကြီးများသည် လွန်ခဲ့သော တစ်နှစ်အတွင်း မျက်မှန်ပါဝါ မပြောင်းလဲသောသူများကိုသာ ဦးစားပေးကုသမှုပြုပါသည်။ မျက်မှန်ပါဝါ တည်
ငြိမ်သူများသာ ကုသမှုရလဒ် ကောင်းသောကြောင့် ဖြစ်ပါသည်။ ရွေးချယ်ရန် နည်းလမ်းမှာ ကုသမှု
ရလဒ်ကောင်းသည့် အသက် ၂ဝ ကျော်အရွယ် ရောက်မှသာ ကုသမှုခံယူရန် ဖြစ်ပါသည်။
(၅) မျက်မှန်ပါဝါ အမြဲတိုးနေသူများ (Progressive Myopia)
ထိုသူများတွင် အကြောင်းအမျိုးမျိုးကြောင့် မျက်
လုံး တဖြည်းဖြည်းရှည်လာခြင်း (Progressive
Axial Length) သဘောရှိသဖြင့် မျက်မှန်ပါဝါ
အမြဲတိုးနေတတ်သည်။ မျက်မှန်ပါဝါတည်ငြိမ်မှု မရှိသောကြောင့် လေဆာဖြင့် အမြင်ဆိုင်ရာ မျက်စိခွဲစိတ်ကုသမှုပြု၍မရပါ။
အကြံပြုချက်
အမြင်အာရုံ ဖွံ့ဖြိုးတိုးတက်မှုလိုအပ်ချက်သည် မျက်
မှောက်ခေတ် လူနေမှုပုံစံများကြောင့် မျက်စိကျန်းမာရေး
ကောင်းနေသူများ အကြားတွင်ပင် ၉ဝ ရာခိုင်နှုန်းကျော် မျှရှိနေသည်ဖြစ်ရာ ထိုသူများအားလုံးအား လေဆာ ဖြင့် အမြင်ဆိုင်ရာ ခွဲစိတ်ကုသမှုပြု၍ အမြင်အာရုံ တိုးတက်ကောင်းမွန်စေရန် ပြုပြင်၍ရသည် မဟုတ်ပေ။
လေဆာဖြင့် မျက်မှန်ပါဝါဖျောက်ရာတွင် ကုန်ကျစရိတ်
ကြီးမြင့်ခြင်း၊ စက်ကိရိယာကောင်းမွန်အဆင့်မြင့်ရန်
မဖြစ်မနေလိုအပ်ခြင်း၊ နည်းပညာကျွမ်းကျင်မှုနှင့် အတွေ့အကြုံ များစွာလိုအပ်ခြင်းတို့ကြောင့် မလွန်ကဲ
သော (ပျမ်းမျှ) မျက်မှန်ပါဝါမျိုး ဖြစ်ပါက ပုံမှန်မျက်စိ
စမ်းသပ်စစ်ဆေး၍ မျက်မှန်တပ်ခြင်း သို့မဟုတ် မျက်ကပ်
မှန်အသုံးပြုခြင်းသည်သာ အကောင်းဆုံးဖြစ်ပါသည်။
အကယ်၍ မိမိ၏ အမြင်အာရုံစစ်ဆေးခြင်း၊ အမြင်အာရုံ
တိုးတက်ကောင်းမွန်အောင် ပြုပြင်ခြင်းများ ပြုလုပ်
လိုပါက သက်ဆိုင်ရာ မျက်စိအထူးကုဆရာဝန်ကြီးများ
နှင့် အချိန်ယူတိုင်ပင်၍ ဆောင်ရွက်သင့်ပါကြောင်း အကြံပြုရေးသားအပ်ပါသည်။
Ref; https://visioneyeinstitute.com.au/eyematters/ everyone-suitable-laser-eye-surgery
Subscribe to:
Post Comments (Atom)
No comments:
Post a Comment