Latest News

Sunday, July 1, 2018

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ပုသိမ်ခရိုင်အတွင်းရှိ ငဝန်ရေကာတာ ပြုပြင်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ပုသိမ်ခရိုင်အတွင်းရှိ ငဝန်ရေကာတာ ပြုပြင်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

ပုသိမ် ဇူလိုင် ၁

ဧရာဝတီတိုင်းဒေသကြီး  အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင် ဦးဆောင်သည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သက်ဆိုင်ရာ တိုင်း၊ ခရိုင်၊ မြို့နယ်နှင့် မြို့ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ရှိ ငဝန်ရေကာတာ ဗောဓိရေကင်းစခန်း ယာယီရှင်းလင်းဆောင်သို့ ယနေ့ညနေပိုင်းက ရောက်ရှိကာ ပုသိမ်ခရိုင် အတွင်း ရေကြည်မြို့နယ်နှင့် သာပေါင်းမြို့နယ်များ ရှိ ငဝန်ရေကာတာ ပြုပြင်မွမ်းမံပြီးစီးမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးသည်။

ပုသိမ်ခရိုင်အတွင်းရှိ ရေကြည်မြို့နယ်နှင့် သာပေါင်းမြို့နယ်တွင် ငဝန်ရေကာတာ စုစုပေါင်းမိုင်အရှည် ၃၆ မိုင် ၇ ဖာလုံတွင် ယခုနှစ်မိုးရာသီမတိုင်မီ ရေကာတာ ပြုပြင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဖြိုးမြင့်နှင့် ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းဌေးတို့က ရှင်းလင်းပြသခဲ့ပြီး ရေကာတာ ကြံ့ခိုင်မှု ပိုမိုကောင်းမွန်စေရေးနှင့် သဘာဝဘေး (ရေဘေး) ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ၊ မိုးရာသီအလွန်၌ ဆက်လက်ဆောင်ရွက်သွားမည့် ရေကာတာ ထိန်းသိမ်းပြုပြင်မှု လုပ်ငန်းများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာ အစိုးရအဖွဲ့ ဝန်ကြီးများက ဆွေးနွေးခဲ့ကြသည်။

ယခုနှစ်မိုးရာသီမတိုင်မီ ပုသိမ်ခရိုင်အတွင်းရှိ ရေကြည်မြို့နယ်နှင့် သာပေါင်းမြို့နယ်များရှိ ငဝန်ရေကာတာတွင် ဘဏ္ဍာနှစ်အလိုက် ပြုပြင်ရန် လိုအပ်လျက်ရှိသော စုစုပေါင်း မိုင်အရှည် ၂၉ မိုင် ၇ ဖာလုံ ပြုပြင်ပြီးစီးခဲ့ သဖြင့် နှစ်စဉ် ပုံမှန်မြစ်ရေကြီးမြင့်မှုများကို ကာကွယ်ပေးသွားနိုင် မည်ဖြစ်ကြောင်း၊ ရေဘေးကြိုတင် ကာကွယ်ရေးနှင့် ရေကာတာ ထိန်းသိမ်းစောင့်ရှောက်မှုလုပ်ငန်းများကိုလည်း အဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ငါးသိုင်းချောင်းမြို့ ငဝန်မြစ်ရေသည် ဇူလိုင်လ ၁ ရက်နေ့တွင် ၂၅ ဒသမ ၃၀ ပေ၊ စိုးရိမ်ရေအမှတ်အောက်သို့ ၂ ပေခန့်ရောက်ရှိနေကြောင်း  သတင်းရရှိသည်။

စိုးမင်းဦး(ပြန်/ဆက်)

No comments:

Post a Comment