Latest News

Tuesday, July 24, 2018

အသံပိုင်းနှင့် ပီယာနိုပိုင်းအတွက် ပြည်ပ၌ သင်တန်း တက်ရောက်မည့် အဆိုတော်ပိုပို

အသံပိုင်းနှင့် ပီယာနိုပိုင်းအတွက် ပြည်ပ၌ သင်တန်း တက်ရောက်မည့် အဆိုတော်ပိုပို

တေးရေးအပိုင်းတွင်သာမက တေးဆိုအပိုင်းမှာပါ ပရိသတ်အားပေးမှု ရရှိထားသည့် တေးသံရှင်ပိုပိုသည် သြဂုတ်လတွင် အသံပိုင်းနှင့်  ပီယာနိုပိုင်းအတွက်  ထိုင်းနိုင်ငံ၌  တစ်လကြာ သင်တန်းတက်ရောက်ရန် ရှိကြောင်း သိရသည်။

''သြဂုတ်လမှာ ထိုင်းနိုင်ငံမှာ သင်တန်းသွားတက်ဖို့ရှိပါတယ်။ အသံပိုင်းနဲ့ ပီယာနိုပိုင်းပါ။ အခွေထွက်ဖို့ ရက်နည်းနည်း ရွှေ့ထားပါတယ်။ နိုင်ငံခြားမှာမသင်ဘဲ မြန်မာနိုင်ငံမှာလည်း သင်လို့ရပေမယ့် ဆရာမကို  အကြောင်းပြ ချက်တွေပေးပြီး  ရက်တွေ ပြန်ပြန်ချိန်း ဖြစ်နေတာကြောင့်  ကိုယ့်ကိုယ်ကိုယ် အားမရဘူး။ ဟိုမှာဆိုရင် အဆိုပိုင်းနဲ့ ပီယာနိုပိုင်းကို တစ်လသီးသန့် အချိန်ပေးပြီး သင်မှာပါ'' ဟု ပိုပိုကပြောသည်။

တေးသံရှင်ပိုပိုသည် သီချင်းအခွေထုတ်ရန် ရက်ရွှေ့ထားသော်လည်း အွန်လိုင်းမှ တစ်ဆင့် တေးသီချင်းများကို တင်ပေးလျက် ရှိကြောင်း သိရသည်။

''အဆိုတော်လုပ်မယ့် သူတွေအနေနဲ့  အဆိုနဲ့ပတ်သက်ပြီး  သင်တန်းတက်ရောက် သင့်တယ်လို့ထင်ပါတယ်။ သီချင်းဆိုတတ်ရုံနဲ့ သီချင်းဆိုနေကြတာက  လွဲနေတယ်လို့ မြင်တယ်။ ဒါကြောင့် အဆိုတော်တစ်ယောက် အနေနဲ့ ရပ်တည်တော့မယ်ဆိုရင် အဆိုပိုင်းကို သေသေချာချာ သင်ယူသင့်တယ်လို့ အကြံပေးချင်ပါတယ်'' ဟု ပိုပိုကပြောသည်။

လတ်တလောအနုပညာ လှုပ်ရှားမှုအနေဖြင့် သူမ၏တေးစီးရီးခွေ အတွက် MTV များ ရိုက်ကူးလျက်ရှိကြောင်း သိရသည်။

MWD

No comments:

Post a Comment