တစ်ခေတ်တစ်ခါက ပရိသတ်အားပေးမှုကို အခိုင်အမာရရှိခဲ့သည့် သရုပ်ဆောင် ရတနာခင်သည် အခြေခံလူတန်းစားများ အတွက် ငွေကျပ် ၅ဝဝ ဖြင့် ထမင်းတစ်နပ် စားနိုင်ဖို့ ရွှေအာဟာရစားဖွယ်ဆိုင်ကို ဖွင့်လှစ်ထားပြီး နောက်ပိုင်းတွင် ပရဟိတ ဖောင်ဒေးရှင်းတစ်ခု တည်ထောင်ရန် ရှိကြောင်း သိရသည်။
''အစ်မအနေနဲ့ ပရဟိတလုပ်ရတာ ဝါသနာပါတယ်။ကိုယ်နိုင်သလောက်လည်း လုပ်ဖြစ်တယ်။တကယ်စိတ်ရင်းနဲ့ လှူချင်တယ်။ ဒါကြောင့် အခြေခံ လူတန်းစားတွေအတွက် တစ်ဖက်တစ်လမ်းကနေ ထမင်းတစ်နပ်ကို သက်သက် သာသာနဲ့ စားနိုင်ဖို့ ရွှေအာဟာရဆိုင်ကို ဖွင့်ထားတာပါ။
နောက်ထပ်လည်းဖွင့်ဖို့ရှိတယ်။ အစ်မတို့ ဒီဆိုင်ကို စီးပွားရေးအရ ဖွင့်တာမဟုတ်ပါဘူး။ မကြာခင်မှာလည်း ပရဟိတဖောင်ဒေးရှင်း တစ်ခုတည်ထောင်ဖို့ ရှိပါတယ်'' ဟု ရတနာခင် ကပြောသည်။
ရတနာခင်အနေဖြင့် သရုပ်ဆောင်ပိုင်းကို ပြန်လည်လုပ်ဆောင်ရန် မရှိသော်လည်း အနုပညာနှင့်ပတ်သက်၍ လုပ်ကိုင်ရန်ရှိကြောင်းကို ''အစ်မသူငယ်ချင်းတွေက အနုပညာ လောကထဲမှာ အများကြီးရှိတာကြောင့် သူတို့နဲ့ အဆက်အသွယ် မပြတ်ချင်ဘူး။ ဒါကြောင့် အနုပညာပိုင်းနဲ့ ပတ်သက်တာ တစ်ခုခုတော့ လုပ်ဦးမယ်။ အနုပညာ အလုပ်ကလည်း အချိန်တွေအတော်များများ ပေးရတာဆိုတော့ Music ပဲဖြစ်ဖြစ် တစ်ခုခုတော့ လုပ်ဦးမယ်'' ဟု ရတနာခင် ကပြောသည်။
လက်ရှိတွင် ရတနာခင်သည် အိမ်ထောင်တာဝန်များကို ထမ်းဆောင်နေပြီး ရွှေအာဟာရ ဆိုင်ခွဲများ ထပ်မံဖွင့်လှစ်ရန် စီစဉ်နေကြောင်း သိရသည်။
MWD
No comments:
Post a Comment