Latest News

Sunday, July 15, 2018

ရွှေဘောလုံး ငါးဆုရှင် စီရော်နယ်ဒို ဂျူဗင်တပ်စ်နှင့် မိတ်ဆက်ပွဲ ကျင်းပမည်

ရွှေဘောလုံး ငါးဆုရှင် စီရော်နယ်ဒို ဂျူဗင်တပ်စ်နှင့် မိတ်ဆက်ပွဲ ကျင်းပမည်

တူရင် ဇူလိုင် ၁၄

ရီးယဲလ်တွင် ကိုးနှစ်ကြာအောင်မြင်စွာ ကစားနိုင်ခဲ့သော ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုသည် ဇူလိုင် ၁၀ ရက်တွင် ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀ဝ ကျော်ဖြင့်ပြောင်းရွှေ့ရန် သဘောတူညီခဲ့ရာ ကမ္ဘာ့ဖလား ဗိုလ်လုပွဲအပြီး နောက်တစ်ရက်ဖြစ်သော ဇူလိုင် ၁၆ ရက်တွင် အသင်းနှင့် တရားဝင် မိတ်ဆက်ပွဲ ကျင်းပမည် ဖြစ်ကြောင်း ဂျူဗင်တပ်စ်အသင်းက တရားဝင် တွစ်တာလူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြခဲ့သည်။

ရွှေဘောလုံး ငါးဆုရှင် စီရော်နယ်ဒိုသည် ဂျူဗင်တပ်စ်တွင်လည်း ၎င်း၏မူပိုင် ကျောနံပါတ်ဖြစ်သော (၇)ကိုသာ ဝတ်ဆင်မည် ဖြစ်ကြောင်းနှင့် ဇူလိုင် ၁၆ ရက်တွင် ပရိသတ်နှင့် မိတ်ဆက်မည့် အကြောင်းကို ဂျူဗင်တပ်စ် အသင်းက ဇူလိုင် ၁၄ ရက်တွင် အတည်ပြု ထုတ်ပြန်ခဲ့သည်။

အသက် ၃၃ နှစ်ရှိပြီဖြစ်သော စီရော်နယ်ဒိုအတွက် ဂျူဗင်တပ်စ်သည် ရီးယဲလ်အား ပေါင် ၈၈ သန်း၊ အေးဂျင့်မန်ဒက်စ်အား ပေါင် ၁၀ ဒသမ ၆ သန်း၊ အသင်းဟောင်းမန်ယူနှင့် စပို့တင်းအသင်းများသို့ ပေါင် ၄ ဒသမ ၄ သန်းပေးခဲ့ ရခြင်းကြောင့် အဆိုပါ အပြောင်းအရွှေ့မှာ ပေါင်သန်း ၁၀ဝ ကျော်တန်ခဲ့သည်။

MWD

No comments:

Post a Comment