Latest News

Monday, July 30, 2018

စိတ်တိုင်းကျလေ့ကျင့်မှုများပြုလုပ်ပြီးမှ မည်သည့်ပြိုင်ဘက်နှင့်မဆို ယှဉ်ပြိုင်မည်ဟု တူးတူးဖွင့်ဟ

စိတ်တိုင်းကျလေ့ကျင့်မှုများပြုလုပ်ပြီးမှ မည်သည့်ပြိုင်ဘက်နှင့်မဆို  ယှဉ်ပြိုင်မည်ဟု တူးတူးဖွင့်ဟ

ရန်ကုန်  ဇူလိုင်   ၃ဝ

လက်ဝှေ့ လောကမှ  ခေတ္တအနားယူနေ သော တူးတူးသည် မိမိအနေဖြင့် လေ့ကျင့် မှုများကို     စိတ်တိုင်းကျ ပြုလုပ်ပြီးပါက မည်သည့်ပြိုင်ဘက်နှင့်မဆို   ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

တူးတူးသည် ပြီးခဲ့သည့် WLC-4 တွင် ချန်ပီယံခါးပတ်ကာကွယ်ပွဲ  ယှဉ်ပြိုင်ပြီးနောက်  လက်ဝှေ့လောကမှ ခေတ္တ အနားယူ ခဲ့ခြင်းဖြစ်သည်။ တူးတူးသည် လက်ရှိတွင် လေ့ကျင့်မှုများ    ပြန်လည်ပြုလုပ်နေပြီး  ထွန်းထွန်းမင်းနှင့် ယှဉ်ပြိုင်ရန်  စီစဉ်မှုများ ရှိလာပါက ၎င်း၏ သဘောထားကို သိရှိလို၍ မေးမြန်းခဲ့ရာ ''လက်ရှိ အချိန်မှာတော့ လေ့ကျင့် မှုကိုပဲ    အာရုံစိုက်နေပါတယ်။  လေ့ကျင့်မှုပြည့်ဝအောင် အရင်လုပ်နေရ တာပါ။ စိတ်တိုင်းကျ လေ့ကျင့် ပြီးပြီ ဆိုရင်  ဘယ်သူနဲ့ပဲဖြစ်ဖြစ် ကျွန်တော်ယှဉ်ပြိုင်ဖို့ အဆင်သင့် ရှိပါတယ်'' ဟု ပြောသည်။

လက်ရှိတွင် တူးတူးသည် ရန်ကုန်မြို့၌ လေ့ကျင့်လျက်ရှိပြီး  အောက်တိုဘာလတွင် ကြိုးဝိုင်းပေါ် ပြန်တက်လာရန် ရည်ရွယ် ထားကြောင်း သိရသည်။

MWD

No comments:

Post a Comment