Latest News

Monday, July 30, 2018

လေးနိုင်ငံ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲအတွက် မြန်မာ ယူ-၂၃ အသင်းနှင့် အောင်သူ စတင်ပူးပေါင်း

လေးနိုင်ငံ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲအတွက် မြန်မာ ယူ-၂၃ အသင်းနှင့် အောင်သူ စတင်ပူးပေါင်း

မန္တလေး   ဇူလိုင်   ၃ဝ

မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် ကျင်းပမည့် Alpine Cup 2018 ဖိတ်ခေါ်ပြိုင်ပွဲ ယှဉ်ပြိုင်ရန် ထိုင်းနိုင်ငံ၌ သွားရောက် ကစားနေသော အောင်သူမှာ ယနေ့တွင် မြန်မာ ယူ-၂၃  အသင်းနှင့်  စတင်ပူးပေါင်းပြီး ကျန်ပြိုင်ပွဲဝင် အသင်းသုံးသင်း စလုံးသည် ပြိုင်ပွဲကျင်းပမည့်  မန္တလေးမြို့သို့  ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။

မြန်မာ ယူ-၂၃ အသင်းသည် လေးနိုင်ငံ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲအတွက်  ပဏာမ ကစားသမား ၂၆ ဦးရွေးချယ်ပြီး ဇူလိုင် ၂၃ ရက် ကတည်းက မန္တလေးမြို့သို့ ထွက်ခွာကာ လေ့ကျင့်မှုများ စတင်ပြုလုပ်လျက်ရှိသည်။ ယင်းထဲတွင် ထိုင်းကလပ် Police  Tero အသင်း၌    သွားရောက်ကစားနေသော တိုက်စစ်မှူးအောင်သူမှာ   ပါဝင်နိုင်ခဲ့ခြင်း မရှိသေးဘဲ ယနေ့မှသာ ထိုင်းနိုင်ငံမှ  မြန်မာနိုင်ငံသို့ ထွက်ခွာလာပြီး   မြန်မာ ယူ-၂၃ အသင်းနှင့် စတင်ပူး ပေါင်းကာ  လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ပြိုင်ပွဲဝင် အသင်းများဖြစ်သည့် ဘာရိန်း ယူ-၂၃ အသင်းနှင့် ထိုင်း ယူ-၂၃ အသင်းတို့သည်လည်း ယနေ့တွင် မန္တလေးမြို့သို့ ရောက်ရှိလာပြီး  တောင်ကိုရီးယား  ယူ-၁၉ အသင်းမှာ ယမန်နေ့က ရောက်ရှိ ခဲ့ပြီး လေ့ကျင့်မှုများ ပြုလုပ်နေ ပြီဖြစ်ကြောင်း သိရသည်။

ယင်းပြိုင်ပွဲအတွက် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲကို  ဇူလိုင် ၃၁ ရက်တွင်  မန္တလေးမြို့၌  ကျင်းပမည်ဖြစ် သည်။ မြန်မာ ယူ-၂၃ အသင်းသည် Police  Tero ပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် သြဂုတ် ၁ ရက်တွင် တောင်ကိုရီးယား   ယူ-၁၉၊ သြဂုတ်  ၃ ရက်တွင် ဘာရိန်း ယူ-၂၃၊ သြဂုတ် ၅ ရက်တွင် ထိုင်း ယူ-၂၃ အသင်း တို့နှင့် မန္တလာသီရိ အားကစား ကွင်း၌ ယှဉ်ပြိုင် မည်ဖြစ်ကြောင်း သိရသည်။

MWD

No comments:

Post a Comment