Latest News

Monday, July 30, 2018

အောင်ရဲထွေး အမှု အပေါ် တရားရုံး၏ ဆုံးဖြတ်ချက်အား အစိုးရ ရှေ့နေချုပ် ပါယ်ချ၊ ဒေါ်အောင်ဆန်းစုကြည်ပင် မေးခွန်းထုတ်လာရသည့်အထိ ဖြစ်လာ


နိုင်ငံ အတွင်းရှိ တရားစီရင်ရေး နှင့် ဥပဒေ စိုးမိုးရေး အား ပြည်သူအများ က ပြင်းထန်စွာ ဝေဖန်ပြစ်တင်မှုများ ထွက်ပေါ်လာခဲ့ပြီးနောက် ဖေ့ဘုတ် လူရွှင်တော် အောင်ရဲထွေးအား အသတ်ခံခဲ့ရမှုအပေါ် သံသယ ရှိသူများ အား ဂွင်းလုံးကျွတ် ပြန်လွှတ်ပေးခဲ့သည့် ရန်ကုန် တရားရုံး၏ ဆုံးဖြတ်ချက်အား ပြည်ထောင်စု ရှေ့နေချုပ် ရုံးမှ ပါယ်ဖျက်လိုက်ပြီ ဖြစ်ပါတယ်။

သံသယ ရှိသူ သုံးဦးအား သေဆုံးသူဖက်မှ ကြေအေးလိုက်သည် ဆိုကာ ရန်ကုန် အရှေ့ပိုင်း တရားရုံးမှ ချွင်းချက်မရှိ ပြန်လွှတ်ပေးခဲ့ပါတယ်။

လူသတ်မှုကို တဖက်မှ ကြေအေး ၍ ပြန်လွှတ်ပေးရသည် ဆိုသော တရားသူကြီးတဦး၏ ဆင်ခြင်ညဏ်အပေါ် တနိုင်ငံလုံးက အံ့အား တသင့် ဖြစ်ပြီး ၎င်းတို့ လုံခြုံရေး အတွက်ပါ စိုးရွံ့လာကြပါတယ်။

အသို့ဆိုက လင်မယား ချင်း ရန်ဖြစ်၍ ယောက်ျားက မိန်းမကို ခြေလွန်လက်လွန် သတ်မိသည့်အထိ ဖြစ်သွားက ယောက္ခမ လုပ်သူက မိမိတို့ မြေးများ မိဘမဲ့ ဖြစ်ကြရရှာမည် ဆိုပြီး ကြေအေး ၍ ဖြစ်နိုင်ပါမည်လော။

တရားသူကြီးသည် ရူးသွပ်နေသူ မဟုတ်က တခုခုတော့ အမှားအယွင်း ဖြစ်နေမည်မှာ ကြိမ်းသေလှသည်။ ပို၍ ဆိုးသည်က အဆိုပါ ဆုံးဖြတ်ချက်အား ရန်ကုန်တိုင်း ရှေ့နေချုပ် ဦးဟန်ထူးကပါ အတည်ပြုပေးလိုက် ပြန်ပါတယ်။

ထို့အတွက် အဆိုပါ ဆုံးဖြတ်ချက်တွင် ပါဝင် ပါတ်သက်နေသူအားလုံးအပေါ် အကျင့်ပျက် ချစားမှု တိုက်ဖျက်ရေး ဥပဒေ ဖြင့် စုံစမ်းစစ်ဆေးပါရန် ရှေ့နေ ဦးဌေးက တောင်းဆိုလိုက်ပါတယ်။

ထို့အပြင် သမ္မတ နှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်မှပင် အဆိုပါ အမှုတွင် ပါဝင်နေသော အရာရှိများ အပေါ် မေးခွန်းထုတ်လာပြီ ဖြစ်သည်ဟု ပြောခွင့်ရ ဦးဇော်ဌေးက ဆိုပါတယ်။

တရားခံများ အဖြစ် သတ်မှတ်ခံထားရသူ သုံးဦးစလုံး ပြည်ပသို့ ထွက်ခွာသွားပြီဆိုသော သတင်းနှင့် ပါတ်သက်ပြီး နိုင်ငံတကာ ရဲအဖွဲ့ အကူအညီ ဖြင့် ပြန်လည် ခေါ်ယူနိုင်ရန် ပြုလုပ်သွားမယ်လို့ ဦးဇော်ဌေး က ပြောကြားလိုက်ပါတယ်။

တနင်္ဂနွေ နေ့က သမ္မတ ဦးဝင်းမြင် နဲ့ ရန်ကုန်တိုင်း အုပ်ချုပ်ရေး၊ ဥပဒေပြုရေး နဲ့ တရားစီရင်ရေး ပိုင်းမှ ပုဂ္ဂိုလ်များနဲ့ တွေ့ဆုံရာမှာ လူအများ အာရုံစိုက်နေတဲ့ အမှုများ စီရင်ရာမှာ နှောင့်နှေးကြန့်ကြာဖြစ်နေရမှု အပေါ် မှန်မှန် နှင့် ဘက်မလိုက်ပဲ အမြန် စီရင်ရန် တိုက်တွန်းလိုက်ပါတယ်။

ဦးကိုနီ အသတ်ခံခဲ့ရတဲ့ အမှုသည် ယခု ဆိုက ၁၈ လ ပင် ကြာမြင့်နေပြီ ဖြစ်သော်လည်း မပြီးပြတ်သေးသည့်အပြင် အဓိက တရားခံက လွတ်မြောက်နေဆဲ ဖြစ်ပြီး ရိုက်တာ သတင်းထောက်အမှု ကလည်း ခြောက်လကြာမျှ အချိန်ယူက တရားစွဲသင့် မစွဲ့သင့် ကို ဆုံးဖြတ်ခဲ့ပြီးမှ အမှု ကို စတင်ကြားနာတဲ့ အဆင့် ရောက်လာခဲ့ရပြန်ပါတယ်။

ဗိုလ်ချုပ် အောင်ဆန်း လုပ်ကြံခံရသည့်အမှု အား စီရင်ရာမှာ လုပ်ကြံခံရပြီး ၅ လ အကြာ ၁၉၄၇ ဒီဇင်ဘာလမှာ ဗြိတိသျှ ဘုရင်ခံချုပ် ဆာ ဟူးဘတ် ရန်စ် ဖွဲ့စည်းပေးခဲ့တဲ့ အထူးခုံရုံးက သေဒဏ် စီရင်ချက် ချနိုင်ခဲ့ပြီး အယူခံ အဆင့်ဆင့် ပါယ်ချခံရကာ ၁၉၄၈ မေလ ၈ ရက်နေ့မှာ ကြိုးပေး ကွပ်မျက်နိုင်ခဲ့ပါတယ်။

ဆိုလိုခြင်သည်က ဗိုလ်ချုပ်သာ ယခုခေတ်တွင် လုပ်ကြံ သတ်ဖြတ်ခံရပါက ဦးစော အား ကြိုးစင်သို့ ပို့နိုင်ကြပါမည်လော ဆိုသည်ပင် ဖြစ်ပါတယ်။
လှစိုးဝေ

ဓါတ်ပုံ နှင့် ကိုးကား ။ ။ ဧရာဝတီ သတင်း

No comments:

Post a Comment