Latest News

Friday, July 27, 2018

ညောင်တုန်း၌ ကရင်စာပေစကား၊ ယဉ်ကျေးမှု နှီးနှောဖလှယ် ဆွေးနွေးပွဲကျင်းပ

ညောင်တုန်း၌ ကရင်စာပေစကား၊  ယဉ်ကျေးမှု နှီးနှောဖလှယ်  ဆွေးနွေးပွဲကျင်းပ

ညောင်တုန်း    ဇူလိုင်     ၂၆

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် များမှ   ကရင်စာပေနှင့်  ယဉ်ကျေးမှု ကော်မတီများတွေ့ဆုံ၍ ကရင်စာပေ၊ စကား၊   ယဉ်ကျေးမှု   နှီးနှောဖလှယ် ဆွေးနွေးပွဲကို   ယမန်နေ့က  ညောင် တုန်းမြို့နယ်  ကျုံတမာကျေးရွာအုပ်စု ဖောင်ရိုးချောင်းကျေးရွာရှိ    ရတနာသိဒ္ဓိ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် ဘုန်းတော်ကြီး   ဟင်နရီ မန်းအိုင်ခလိန်   (ပုသိမ်)က အမှာစကားပြောကြားပြီး တိုင်းဒေသကြီး  ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး   ဂါ့မိုး မြတ်မြတ်သူက   တိုင်းဒေသကြီး အတွင်းရှိ   ကရင်လူမျိုးများစာပေနှင့် ယဉ်ကျေးမှု ထွန်းကားလာစေရေးအတွက် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်းနှင့် မိမိတို့ မြို့နယ်အတွင်းရှိ ကရင်လူမျိုးများ စာပေနှင့်ယဉ်ကျေးမှုများ    တိုးတက် မြင့်မားလာစေရေးအတွက်  အားနည်း ချက်၊ အားသာချက်များကို   တင်ပြကြရန် ပြောကြားသည်။
ဆက်လက်၍    အမှတ်(၂)   တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းက   ကရင်လူမျိုးများ၏  စာပေနှင့် ယဉ်ကျေးမှုကို မိမိတို့လူမျိုးမှ ထိန်းသိမ်းမှသာလျှင်   စာပေနှင့်ယဉ်ကျေး မှုများလည်း တိုးတက်မည်ဖြစ်ကြောင်း၊ လိုအပ်သော  တင်ပြချက်များကိုလည်း တိုင်ပင်ဆွေးနွေးကြရန်နှင့်    ကော်မတီ ၏    လုပ်ပိုင်ခွင့်အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး မန်းဒေးဗစ်က ပိုးကရင်ဘာသာစကားနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။
ထို့နောက် တိုင်းရင်းသားလူမျိုးများ ၏ အခွင့်အရေးနှင့်ပတ်သက်၍ မိမိတို့၏ဘာသာစကား၊ စာပေတို့ကို နိုင်ငံတော်၏ ပညာရေးမူဝါဒအား    ထိခိုက်မှုမရှိစေဘဲ သင်ကြားခွင့်နှင့်  သင်ယူခွင့်၊  ဘာသာ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းနှင့် ကိုးကွယ်သည့်ဘာသာ သာသနာကို လွတ်လပ်စွာဆောင်ရွက်ခွင့်၊ ယဉ်ကျေးမှုဓလေ့ထုံးအရ ဆောင်ရွက် သော  အခမ်းအနားများနှင့်  နေ့ထူး နေ့မြတ်များကို   လွတ်လပ်စွာကျင်းပ နိုင်ရေး၊  ရှေးဟောင်းအမွေအနှစ်များ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး တို့ကို တက်ရောက်လာကြသော ကရင် စာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ များနှင့်  ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးတို့က    အပြန်အလှန်   မေးမြန်း ဆွေးနွေးခဲ့ကြသည်။     
         
ဝဠာနိုင်(ညောင်တုန်း)

No comments:

Post a Comment