ရှစ်လေးလုံးအရေးတော်ပုံ စတင်ခဲ့ ၁၉၈၈ သြဂုတ်လ ၈ ရက်နေ့ နောက်ပိုင်း မှတ်တမ်းတင်ရမည့် လူငယ်၊ ကျောင်းသားတပ်ဦးများ ရန်ကုန်အထွေထွေကုသဆေးရုံကြီးကို အခြေချပြီ ဖွဲ့ စည်းလာခဲ့ကြပုံကလဲ
၁၉၈၈ သြဂုတ်လ ၈ ရက်၊ ၉ ရက်၊ ၁၀ ရက် ၁၁ ရက်၊ ထိုလေးရက်အတွင်း ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှုး ဗိုလ်မှုးချုပ် မျိုးညွန့် လက်အောက်ခံ စစ်ဆင်ရေးကွပ်ရေးတပ်ဖွဲ့ တွေဖြစ်တဲ့  တပ်မ (၂၂)၊ တပ်မ(၃၃)၊ တပ်မ(၄၄)၊ တပ်မ (၇၇)ရဲ့တပ်ရင်တွေဟာ ရန်ကုန်မြို့ ပေါ်က ဆန္ဒပြနေကြတဲ့ ကျောင်းသားပြည်သူတွေကို ပစ်ခတ် သတ်ဖြတ်ခဲ့ကြတာကြောင့် ရဟန်း၊ပြည်သူ၊ ကျောင်းသားတွေ အတော်များများ သေခဲ့ကြရတော့သည်။ လူသေအလောင်းများနဲ့  မသေမရှင် ဒဏ်ရာရ ဖမ်းမီသူတွေကို ကြံန်တော မီးသြ့ဂိုလ်စက်ထဲ ထည့်ပြီး အလောင်းဖျောက်ခဲ့တာတွေက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအစိုးရက ရန်ကုန်တိုင်းစစ်ဌာနချုပ်ကို အမိန့် ပေးစေခိုင့်ခဲ့သည်။ ဒဏ်ရာရှိပြီး ဆန္ဒပြသူတွေရဲ့ လက်ထဲကို ရောက်လာကြသူတွေကို နီစပ်ရာ ဆေးခန်း၊ ဆေးရုံများကို ပို့ ခဲ့ကြရာ ရန်ကုန်ဆေးရုံးကြီးသို့  အတော်များများရောက်သွားခဲ့ကြပြီး ၁၉၈၈ သြဂုတ်လ ၁၀ ရက်နေ့  ရန်ကုန်ဆေးရုံကြီးဝင်းအတွင်း ဒဏ်ရာရ ကျောင်းသားမျာ၊ လူနာပို့ ဆောင်နေခဲ့သော ကျောင်းသားများ၊ ဆေးရုံအတွင်း တာဝန်ကျနေသော သူနာပြုများ၊ ဆရာဝန်များကို စစ်တပ်က ဆေးရုံဝန်းကြီး၏ အပြင်ဖက် ကားလမ်းပေါ်မှ ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် လူနာလာပို့ သူများနှင့် ဆေးရုံကြီးသူနာပြုဝန်ထမ်းများဖြစ်ကြသော မစိန်စိန်ရီ၊ မသောင်ဇင်၊ အထူးသူနာပြုဆရာမ မစန်းစန်းအေး၊ အမျိုးသားသူနာပြု သင်တန်သား မောင်မျိုးသန့် တို့ မှာ သေနတ်ဒဏ်ရာရှိခဲ့ပြီး ဆေးရုံအတွင်းရောက်ရှိနေသော ကျောင်းသား ၂ ဦးလဲ သေနတ်ထိမှန် သေဆုံးခဲ့ရသည်။

ထိုနေ့ နောက်ပိုင်မှာ ရန်ကုန်ဆေးရုံကြီးအတွင်း ရောက်ရှိနေကြသော ကျောင်းသားလူငယ်များက ကြယ်စိမ်းတပ်ဦး ခေါင်းဆောင် ကိုမြင့်သိန်း၊၊ ရွှေဂျိုးဖြူ တပ်ဦး ၊ ကျောင်းသားတပ်ပေါင်းစု ခေါင်ဆောင် ရွှေရောင် တို့ က ဆေးရုံကြီးသပိတ်စခန်းနှင့် ဆေးရုံကြီးအား လုံခြုံရေးယူခဲ့ပေးသော ကျောင်းသား၊ လူငယ်တပ်ဦးများအဖြစ် ပေါ်ပေါက်ခဲ့ပြန်တော့သည်။ ၁၉၈၈ သြဂုတ်လ ၁၂ ရက်နေ့ မှာ သမ္မတ စိန်လွင် နုတ်ထွက်ခဲ့ပြီး ၁၉ ရက်နေ့ မှာ သမ္မတ မောင်မောင် တက်လာခဲ့ပြီး သြဂုတ်လ ၂၂ ရက်နေ့  စစ်အုပ်ချုပ်ရေး ရုပ်သိမ်းကြောင့် ကြေညာသည်။ သြဂုတ်လ ၂၄ ရက် နေ့ မှာ ဒေါ်အောင်ဆန်းစုကြည်က စာရေးဆရာဦးသော်က ၊ဒါရိုက်တာ ဦမိုးသူနှင့် ရုပ်ရှင်မင်းသမီးခင်သီတာထွန်းတိုနှင့်အတူ ရောက်ရှိလာခဲ့ပြီး ဆေးရုံကြီး သပိတ်စခန်း၏ လူနာဆောင် အမှတ်၁၉ ၊ ၂၀ ရှေ့ တွင် ဆောက်လုပ်ထားသော ဆေးရုံကြီးသပိတ်စခမ်း၏ စင်မြင်ပေါ် လာရောက်တရားဟောခဲ့ပြီး သြဂုတ်လ (၂၆) ရက်နေ့ မှာ သူမအနေဖြင့် ရွှေတိဂုံဘုရား အနောက်ဖက်မုဒ်တွင် လူထုထောက်ခံတရားပွဲကျင်ပသွားမည်ဖြစ်ကြောင်း ထည့်ပြောကြားသွားခဲ့တော့သည်။ သြဂုတ်လ (၂၅) ရက်နေ့ မှလဲ ဇူလှိုင်လ ၂၉ ရက်ကတည်က ဖမ်းဆီးထိန်းသိမ်းခံရသော တပ်မတော် ဒုကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်မှုးချုပ်ဟောင်း အောင်ကြီးက အင်းစိန်ထောင်မှ လွတ်လွတ်ခြင်း စမ်းချောင်းမြို့ နယ်အတွင်းက ပဒုမ္မာဘောလုံးကွင်းအတွင်း စိတ်ဓါတ်တက်ကြွနေသော လူထုကို တရားဟောခဲ့သည်။ သူဟောသော လူထုတရားပွဲမိန့် ခွန်းအာ လူထုက မကြိုက်ခဲ့ကြချေ။ စစ်တပ်က ရဟန်ရှင်၊ံပြည်သူ၊ ကျောင်းသားတွေကို ပူပူနွေးနွေး ပစ်သတ်ပြီးကစ အချိန်တွင် သူက စစ်တပ်ကောင်းကြောင်းတရားကို ဟောကြားခဲ့ပြီး စိတ်နဲ့ တောင်မပြစ်မှားကြဖို့  ပြောဆို စည်းရုံးခဲ့သဖြင့်၊ လူငယ်ကျောင်းသားများ ဒေါသထွက် မကျေမနပ်ဖြစ်ခဲ့ကြတော့သည်။ သူ၏အာမခံချက်က ဒီမိုကရေစီမရခဲ့ရင် သူကိုယ်သူ ဓါတ်ဆီလောင်း မီရို့ ပြီး အစိုးရအား ဦးဆောင်ဆန္ဒပြသွားမည်ဖြစ်ကြောင်း အာမခံပြောကြားသွားသေးသည်။ နောက်ပိုင်း ရန်ကုန်မြို့ ထဲတွင် သမဂ္ဂပေါင်း မြောက်များစွာနှင့် ကျောင်းသား၊ လူငယ်တပ်ဦးပေါင်း မြောက်များစွားလဲ ပေါ်လာခဲ့တော့သည်။ (မှတ်ချက်- ဤနေရာတွင် တပ်ဦးလှုပ်ရှားမှုးများကိုသာ ပြောမည်ဖြစ်သဖြင့် အခြား သမဂ္ဂများအကြောင်းများ ပါမည်မဟုတ်ပါ။) ထိုဆေးရုံးကြီး သပိတ်စခန်းထဲတွင်ရှိသော ကျောင်းသား၊ လူငယ်တပ်ဦးများသည် ရန်ကုန်ဆေးရုံးကြီးအား ကာကွယ်ရန်နှင့် သပိတ်စခန်း၏ လုံခြုံရေးကိုသာ အရေးတော်ပုံကာလကြီးအတွင်း ဦးစားပေး လုပ်ဆောင်ခဲ့ကြသော တပ်ဦးများဖြစ်တော့သည်။
၁၉၈၈သြဂုတ်လ ၂၈ ရက်နေ့ မှာတော့ အရေးတော်ပုံအကြို လှုပ်ရှားနေခဲ့သော ဗကသ၊ ရကသ ၊ မကဒ ကျောင်းသားတပ်ဦး၊ BYLF ကျောင်းသားတပ်ဦးတို့  ဆွေးနွေးတိုင်ပင်က ဗမာတနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ်(ယာယီ)ဗဟိုကို ရန်ကုန်တက္ကသိုလ်၏ သမဂ္ဂမြက်ခင်းပြင်ပေါ် ဖွဲ့ စည်းခဲ့ကြရာ ကျောင်းသားတပ်ဦး ၂ ခု၏ သဘောထာမှာ တူညီမှုမရှိခဲ့ကြောင်းကို တွေ့ ရသည်။ BYLF မှ ကိုအောင်ဒင်က ထိုဗကသ၏ ဒုဥက္ကဌ(၂)ဖြစ်လာခဲ့ပြီး လက်နက်ကိုင် လူမျိုးစုတိုင်ရင်သားများထံသို့ အကူအညီရယူရန်ရောက်ရှိနေခဲ့သူ အဖွဲ့ ခေါင်းဆောင် ကိုမောင်မောင်ကျော်က ဗကသ
ဗဟိုကော်မတီဝင်(အဝေရောက်) အဖြစ်ပါဝင်ခဲ့ပြီး၊ မကဒ ကျောင်းသားတပ်ဦးက ထိုဗကသ ဖွဲ့ စည်မှုအပေါ် သဘောတူညီမှုမရှိကြသဖြင့် ထိုဗကသ၏ အတွင်းရေးမှုးအဖြစ် ရာထားခြင်းခံရသော ကိုဌေးကြွယ်မှာ မတက်ရောက်ခဲ့ကြချေ။ ထိုအဖွဲ့ ဝင်အားလုံးက မန္တာလေးဆောင်တွင် ရှိနေခဲ့ကြသည်။ ပဲခူးမှ သြဂုတ်လ ၆ရက်နေ့ ကတည်းက မဆလ အစိုးရကို ဆန္ဒပြခဲ့ကြသော ကျောင်းသားတပ်ဦးများ ရောက်လာခဲ့ကြသော်လည်း ထိုကျောင်းသားသမဂ္ဂဖွဲ့ စည်မှုကို မထောက်ခံပဲ (ဦဆောင်းသူ ကိုလှမောင်၊ ဒါရိုက်တာမိုက်တီး)၊တို့ က ကိုက္ကိုင်လမ်း ခြံအမှတ် (၅၄) ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ ထွက်သွားခဲ့ကြတော့သည်။ ထိုအချိန်မှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားလှုပ်ရှားမှုတွေထဲက ကျောင်းသားတပ်ဦးတခု ပေါ်ပေါက်နေခဲ့ပြန်သည်။ ထိုကျောင်းသားတပ်ဦးက NIDFဖြစ်ပြီ ထိုကျောင်းသားတပ်ဦးကို ဆလိုင်ကိုကိုဦး ၊ ယဉ်ထွေး၊ ကျော်ကျော်သက်အောင် တို့ က ဦဆောင်လှုပ်ရှားကာ ရန်ကုန်တက္ကသိုလ် ပုရိဝဏ်အတွင်း စခန်းချ လှုပ်ရှာခဲ့ကြသည်။ ထိုအရေးတော်ပုံ ကာလအတွင်းမှာပဲ BYLF ကျောင်းသားတပ်ဦးနှင့် မကဒ ကျောင်းသားတပ်ဦး နှစ်ခုတို့ က မြန်မာနိုင်ငံ အနှံ မြို့ ကြီးများအထိ ပါဝင်လှုပ်ရှားနိုင်ကြရန် အဖွဲ့ များ သွားရောက်ဖွဲ့ စည်းပေးခြင်း၊ စည်းရုံးရေးဆင်းကာ မိမိတို့ သက်ဆိုင်ရာ ကျောင်းသားတပ်ဦး လှုပ်ရှားမှုတွေကို လုပ်ခဲ့ကြကြောင်း တွေ့ ခဲ့ရသည်။

(ဆက်ရန်)
ထွန်းထွန်း(အရေးတော်ပုံတပ်သား)
၁၂-၀၇-၁၈
No comments:
Post a Comment