Latest News

Thursday, July 12, 2018

ကျနော် တပ်ဦးကျောင်းသား။ --------------------------------------(၁)


ကျနော်တို့ တပ်ဦးကျောင်းသားတွေဆိုတာ သမဂ္ဂကျောင်းသားတွေနဲ့  ဘာကွာလဲလို့  ကျနော်တို့  တပ်ဦးကျောင်းသားလှုပ်ရှားမှုတွေကို လုပ်နေချိန်မှာ မေးလာခဲ့သူတွေ ရှိနေခဲ့ကြသည်။ တပ်ဦးကျောင်းသားတွေဆိုတာလဲ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအစိုးရကို ဆန့် ကျင် ပုန်ကန်နေကြသူတွေပါပဲ။ တပ်ဦးအဖွဲ့ တွေထဲမှာတော့ အများစုက လက်ရှိ ကျောင်းတက်ဆဲ ကျောင်းသားတွေနဲ့  ကျောင်းပြီးလို့ အပြင်ရောက်သွားကြတဲ့ဘွဲ့ ရပြီးသား ကျောင်းသားဟောင်တွေ ပါဝင်နေကြသလို ကျောင်းတပိုင်းတစနဲ့  ပညာရေးကို ဆုံးခန်းတိုင်အောင် မသင်ကြားရပဲ ကျောင်းထွက်ပြီး လုပ်ငန်းခွင်တွေထဲ ရောက်နေကြသူ လူငယ်တွေပါ ပါဝင်ခဲ့ကြသည်။ တပ်ဦကျောင်းသားများ၏ အဓိက ရည်ရွယ်ချက်က ကျောင်းသားသမဂ္ဂ၏ လုပ်ရန်နှင့် လုပ်နိုင်သော မှု၊ ဘောင်တို့ ကို ကျော်လွန်ကာ ပြည်သူနဲ့ ကျောင်းသားထုအပေါ် အကြမ်းဖက်လာသော အစိုးရ၏ အကြမ်းဖက်မှုတွေကို တန်ပြန် အကြမ်းဖက်ကြရန်နှင့် လိုအပ်ပါက လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲကြရန်ဖြစ်သည်။ အဲ့ဒီနေရာမှာ အပိုင်းနှစ်ပိုင်းရှိခဲ့သည်။

ပထမပိုင်က ၁၉၈၈ အရေးတော်ပုံ အကြိုကာလ ပထမပိုင်းနဲ့  အရေးတော်ပုံအတွင်းနှင့် အရေးတော်ပုံနောက်ပိုင်း ဒုတတိယပိုင်းဟု နှစ်ပိုင်းခွဲခြားပြောရတော့မည်။ အရေးတော်ပုံအကြို ကာလ ပထမပိုင်းမှာတော့ ၁၉၈၈ မတ်လ ၁၃ ရက်နေ့ မှ စတင်ပြီး ကိုဖုန်းမော် ကျဆုံးခဲ့သည်အပေါ် အခြေခံပြီး ကျောင်းသားလုပ်ရှားမှု တွေ ဖြစ်လာခဲ့ချိန်မှာပဲ ဗမာပြည်ကွန်မြူနစ်ပါတီက ယင်းတို့  ကြိုးတင် စည်းရုံး လေ့ကျင့်ပေးထားသော ကွန်မြူနစ်ပါတီ မြေအောက် လုပ်ငန်းအဖွဲ့ ဝင်တွေထဲမှ မြန်မာပြည် တက္ကသိုလ်လေးခုမှ ပညာသင်ကြားဆဲ ကျောင်းသား (၄)ကို ကျောင်းသားထုကြားထဲ ထိုးဖောက် လှုပ်ရှာနိုင်ရန်အတွက် အမြူတေအဖြစ် (၄၈၈) လုပ်ငန်းအဖွဲ့ ကိုစတင် ဖွဲ့ စည်းပေးခဲ့သည်။ (၄၈၈) လုပ်ငန်းအဖွဲ့ ဟု အမည်နမ သုံးစွဲခဲ့ရခြင်းအကြောင်းအရင်းမှာ ၁၉၈၈ခုနှစ် ဧပြီလဆန်းပိုင်းတွင် ဖွဲ့ စည်းပေးခဲ့ခြင်းကြောင့်ဖြစ်သည်။ သင်္ကြန်မကျသေးခင်အချိန်နှင့် ၁၉၈၈မတ်လ ၁၃ရက် ဖုန်မော်အရေးအခင်း နှင့် မတ်လ ၁၆(တံတားနီ)၊ မတ်လ(၁၇) ရန်ကုန်တက္ကသိုလ်၊ မတ်လ (၁၈)၊ ရန်ကုန်မြို့ တွင်း အကြမ်းဖက် ဖမ်းဆီးပွဲ၊ အပြီး နောက်သုံပတ်မှာ ကွန်မြူနစ်ပါတီ၏ မြေအောက်လုပ်ငန်အဖွဲ့  ၄၈၂၈ စစ်ဒေသ တာဝန်ခံတွေထဲက A (3 ) ကိုဝေလင်း(ခ) ကိုကျော်မြက (၁)ကိုညီတင့် (မန္တလေးတက္ကသိုလ်)
(၂)ကိုသန့် ဇင်(မန္တလေး ဆေးတက္ကသိုလ်၊ နောက်ပိုင် ၁၉၈၉-၉၀ (ဗကသဥက္ကဌ အထက်ဗမာပြည်)၊ (၃) ကိုအောင်ဂျမ်း(ခ)ကဗျာဆရာ အောင်ဂျမ်းမြိုင်)(ရေဆင်း စိုက်ပျိုရေးတက္ကသိုလ် ၊ (၄) ကိုအောင်ကျော်ဆန်း(ရန်ကုန်တက္ကသိုလ်)တို့ ကို မန္တလေးမြို့  ချမ်းမြသာစည်လေယာဉ်ကွင်း၏အနောက်ဖက်၊ သီတာအေး (၉၀၂) ရပ်ကွပ် အတွင်းရှိ မန္တလေးတက္ကသိုလ် အမ်အေ မြန်မာစာတန်းတက်နေသူ ကဗျာဆရာကိုမြင့် သစ်၏ နှစ်ထပ် အငှားအိမ်းလေး၏ အပေါ်ထပ်တွင် ဖွဲ့ စည်းပေးခဲ့ခြင်း ဖြစ်သည်။ ၄င်း(၄၈၈) အဖွဲ့ က အထက်ဗမာပြည် မန္တလေးမြို့ နှင့် အနီအနား မြို့ များကို အခြေပြုလုပ်ရှားခဲ့သည်။ အောက်ဗမာပြည်၊ ရန်ကုန်တက္ကသိုလ်နှင့် ရန်ကုန်မြို့ တွင်လည်း ကိုဌေးသိန်း(ကျောင်းဆရာ ရန်ကုန်တက္ကသိုလ်မြန်မာစာဌာန)၊ ဒေါက်တာဇော်မင်း၊ကိုသီဟလတ်(ကျောင်းဆရာ ရန်ကုန်စက်မှုတက္ကသိုလ်) ကျောင်းသားအသိုင်းအ၀ိုင်းတွင်က ကိုတင်အေး(ခ)ခင်မောင်ရီ၊ ညိုထွန်း(ခ) ဇော်ဇော်အောင် ၊ ဇော်ထွန်း(ဆေးတက္ကသိုလ်) တို့ ကလည်း ရန်ကုန်တက္ကသိုလ်နယ်မြေအတွင်းတွင် ၁၉၈၈ ဇန်န၀ါရီလလောက်က စတင်လှုပ်ရှားနေခဲ့ကြသည်။ ယင်းက ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ဆက်နွယ်ခဲ့သော ကျောင်းသားလှုပ်ရှားမှုများ ဖြစ်ခဲ့ပြီး ကွန်မြူနစ်ပါတီနှင့် ပတ်သတ်မှုမရှိသော တချို့ တက္ကသိုလ်ကျောင်းသားများက ကိုယ်အစုကလေးနှင့်ကိုယ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ(ဗကသ)၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ(ရကသ)ဆိုပြီး အဖွဲ့ ငယ်လေးများကို ၁၉၈၈ ဂျွန်လ ကျောင်းပြန်ဖွင့်ခဲ့အပြီး ဂျွန်လ ရန်ကုန်တက္ကသိုလ် အရေးအခင်း ၁၃ ရက်မှ ၂၀ ရက်အတွင်း ဖြစ်နေချိန်မှာ စတင်ဖွဲ့ စည်းဖို့  ကြိုးစားနေခဲ့ကြသလို့ ၊ ထို ဂျွန်လ ကျောင်းသားအရေးအခင်းကို ဦးဆောင်ခဲ့ကြသူတွေဖြစ်တဲ့ (၁)ကိုမောင်မောင်ကျော်၊ (၂)ကိုအောင်မျိုးတင့်၊ (၃)ကိုသန်းနိုင်၊ (၄)ရဲထွန်းဝင်း (၅) နီထွန်းတို့ က ဂျွန်လ ရန်ကုန်တက္ကသိုလ်ကျောင်းသားအရေးအခင်းအပြီး ကျောင်းတွေပိတ်လိုက်တဲ့အချိန်မှာပဲ တခြားဗကသ၊ ရကသ ကျောင်းသားသမဂ္ဂလှုပ်ရှားမှုတွေ လှုပ်ရှားနေခဲ့ချိန်မှာပဲ ၁၉၈၈ ဇူလိုင်လ ၆ ရက်နေ့ မှာပဲ စမ်းချောင်းမြို့ နယ်၊ ပန်တနော်လမ်း အတွင်းက ကိုသန်နိုင်ရဲ့ တိုက်ခန်းမှာ BYLF ကျောင်းသားတပ်ဦးတခုကို လျှိုဝှတ်ဖွဲ့ စည်းလိုက်တော့သည်။

ထိုအချိန်က ရန်ကုန်တမြို့ လုံးရှိ နေရာအတော်များများမှာ ကျောင်းသားလှုပ်ရှားမှုတွေ ဟိုတစု ဒီတစုစီ ရှိနေခဲ့ပြီလဲ ဖြစ်သည်။ သူတို့ အုပ်စုငယ်လေးက တပ်ဦးဖွဲ့ စည်းပြီးလို့  နောက်တနေ့ မှာတော့ ၁၉၈၈ မတ်လ ၁၃ ကိုဖုန်းမော် အရေးအခင်း ၊ မတ်လ ၁၆ ရက် တံတာနီ အရေးအခင်း၊ အရင်ရက်တွေကို အကြောင်းပြုခဲ့ပြီး မတ်လ ၁၇ ရန်ကုန်တက္ကသိုလ်အရေးအခင်း ၊ မတ်လ ၁၈ ရက်နေ့  ရန်ကုန်မြို့ လယ်ခေါင် အရေးအခင်းတွေမှာ ဖမ်းဆီးခံခဲ့ရတဲ့ ကျောင်းသူ၊ ကျောင်းသား ၁၄၁+ အာဗြဲဇော်မင်း( တက္ကသိုလ်ကျောင်းသူ ၂၁ဦ ( ယုယုမော် (နောက်ဆုံးနှစ်ဥပဒေ)
ဒုတိယဥက္ကဌ တိုးတက်သောတက္ကသိုလ်ကျောင်းသားများအဖွဲ့( တတဖ)
ခင်မာဝေ ( ဒုတိယနှစ်သမိုင်း၊ ပြန်ကြားရေး( တတဖ)
သန္တာလှိုင်( ပေါက်စီ အဌမတန်း ကမာရွတ်သရုပ်ဆောင်မင်းသားကြီး ဦးအောင်လွင်၏ သမီ၊) ၊
ဌေးဌေးလှိုင်(ဘဏ္ဏာရေး(တတဖ)၊တို့  အပါအ၀င်ဖြစ်သည်.။ တိုးတက်သောတက္ကသိုလ်ကျောင်းသားများအဖွဲ့ ကို ၁၉၈၈ မတ်လ (၁၇)နေ့  ရန်ကုန်တက္ကသိုလ် ပရ၀ဏ်အတွင်း ဆန္ဒပြနေသော အချိန်နှင့် တပြိုင်တည်း ရန်ကုန်တက္ကသိုလ် အာရ်စီဟောတွင် ဖွဲ့ စည်းခဲ့သည် )တို့ ဟာ ၁၉၈၈ ဇူလိုင်လ ၇ ရက်နေ့ မှာ ရန်ကုန်၊ အင်းစိန်သီးသန့် ထောင်မှာ ထိန်းသိမ်း ဖမ်းဆီး ရုံးတင် ထောင်ချရန် စောင့်နေခဲ့ရာမှ ပြန်လွတ်မြောက်လာခဲ့ကြသည်။ ယင် ၁၄၁ ဦးထဲမှာ ပါဝင်ခဲ့ကြတဲ့ ကျောင်းသားတွေဟာ ထောင်ကပြန်လွတ်လာခဲ့ကြပြီ နောက်ပိုင်း ရန်ကင်း၊ ကျောက်ကုန်းရပ်ကွက်ထဲမှာရှိထဲ မေဋီနီ ဘုန်းကြီးကျောင်း စာသင်တိုက်မှာ ဘုန်းကြီးဝတ်နေကြရင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရေစီလှုပ်ရှားမှု တပ်ဦး မကဒကို ၁၉၈၈ ဇူလိုင်လ ၂၈ ရက်နေ့ မှာ ကျောင်းသား (၅)ဦးနှင့် စတင်ဖွဲ့ စည်ခဲ့ကြတော့သည်။ အရင်ပထမဦးဆုံးစတင်ဖွဲ့ စည်းသူတွေက ကိုအံ့ဘွယ်ကျော်၊ မောင်စောလင်းနှင့် အခြား ၃ ဦးတို့ ဖြစ်ခဲ့ကြပြီး နောက်ပိုင်းမှာ ထောင်ထဲက လွတ်လာခဲ့ကြတဲ့  ၁၄၁ က အတော်များများ ပါဝင်းလာခဲ့ကြအပြင် တက္ကသိုလ်ကျောင်းသားများပါ ပါဝင်လာခဲ့ကြပြန်သည်။ မကဒရဲ့ အဓိက အင်းအားစုတွေက မောင်ကျော်ဒွန်းကိုမင်းဇေယျ ၊(ကိုဝင်းကြွယ်) ၊ကိုဌေးကြွယ်
မျိုးကြီး(ခ) အောင်မျိုးတင့် ၊ ကိုလေး၊ ရဲထွန်း၊ အာနိုး ၊(စည်သူ(ခ) ရဲနိုင်)၊ ကျော်ဌေးဦး၊
(စောလင်း)၊ အာနိုးကြီး ၊ ကိုကြီး ၊ ပေါက်စီ ၊ တတိုင်းမွှေး ၊ ကြွက် ၊(လှမျိုးနောင်) ၊ ------တောင်ဥက္ကလာအုပ်စုတွေနှင့်
စမ်းချောင်းက အမျိုးသမီးအုပ်စုတွေ ၊ကိုကိုအောင်၊ ညီညီအောင်၊ စည်သ ၊ူကိုကိုလွင် ၊ အန်တီဆွေ၊
ဗဟန်းအုပ်စု ကိုသော် ၊ စောသုဝေ ၊ ဥမ္မာ ၊ ဖွေးဖွေး
မိပေါက်၊ ယဉ်မျိုး ၊ ခင်စိုးတင် ၊ မဖြူ ၊ ချယ်ရီ ၊ မမီတို့ညီအမများ ဖြစ်သည်။-------
မကဒ တပ်ဦးရဲ့ လှုပ်ရှာမှု အစမှာပဲ BYLF တပ်ဦးအနေဖြစ် လှုပ်ရှားနေခဲ့တဲ့ အောင်မျိုးတင့်၊ ကိုသန်နိင်တို့ တွေက မကဒ တပ်ဦထဲကို ပြောင်းပြီး လှုပ်ရှားခဲ့ကြတာဖြစ်ပါတော့သည်။ ထိုအတွက်ကြောင့် ၁၉၈၈ ဇူလိုင်လကုန်ပိုင်မှာ ဗကသ၊ ရကသ ၊ မကဒတပ်ဦး၊ BYLF တပ်ဦးတွေဟာ ရန်ကုန်မြို့ ရဲ့ မြို့ နယ် အတော်များများကို ဖြန့် ကျတ် လှုပ်ရှား နိုင်နေပြီးဖြစ်သလို့  ၄င်းတို့ နဲ့  ချိပ်ဆက် ဆက်သွယ်ပြီး တက္ကသိုလ်ကျောင်းတွေပိတ်ထားခဲ့တာကြောင့် နယ်ကျောင်းသားတွေဟာ မိမိတို့ မြို့ တွေကို ပြန်သွားခဲ့ကြပြီးမှ ရန်ကုန်မြို့ ပေါ်က ကျောင်းသား လှုပ်ရှားမှုတွေ လုပ်နေသူတွေနဲ့  ဆက်သွယ်လုပ်ကိုင်နေခဲ့ကြပြီးဖြစ်သည်။

ဇူလိုင်လ အကုန်အတွင်းမှာပဲ မကဒ တပ်ဦးက ကိုဌေးကြွယ်၊ ကိုဝင်ကြွယ်၊ ကိုကိုလတ်(ခရစ်စတိုဖါ ကိုကိုလတ်)တို့ က မြန်မာနိုင်ငံအတွင်းကို အခြားဗီဇာတခုနဲ့  ၀င်ရောက် သတင်းယူနေခဲ့တဲ့ ဘီဘီစီ သတင်းထောက် ခရစ်စတိုဖာ ဂါနက်ကို ရှေ့ နေတဦးဖြစ်သူ ဦးနေမင်း၏ အကူအညီးနဲ့  စမ်းချောင်းထဲက အိမ်တအိမ်မှာ တွေ့ ခဲ့ကြပြီး ၁၉၈၈ သြဂုတ်လ ၈ ရက်နေမှာ မြန်မာတနိုင်ငံလုံးရှိ မြို့ ကြီးတွေမှာ ဆန္ဒပြမှာဖြစ်ကြောင့်နှင့် ကျောင်းသားများအနေနဲ့  ထိုရက်ကို မဖြစ်မနေ့  လမ်းမတွေပေါ်ထွက်ကြမှာ ဖြစ်ကြောင်း ဘီဘီစီ သတင်းဌာနကြီးနှင့် အကြိမ်ပေါင်းအတော်များများ အင်တာဗျူတွေကို လုပ်ခဲ့ကြတာဖြစ်သည်။ ထိအချိန်က BYLF တပ်ဦးမှ ကိုမောင်မောင်ကျော်က လက်နက်ကိုင် လူမျိုးစုတို၏ အကူအညီရယူရန် ထိုင်-မြန်မာ နယ်စပ်တနေရာသို့  ရောက်ရှိနေခဲ့ပြီးဖြစ်သည်။ ထိုနေ့ ၁၉၈၈ သြဂုတ်လ ၈ ရက်နေ့ မှာ တနိုင်ငံလုံးအတိုင်းအတာ ဆန္ဒပြဖို့  ဆုံးဖြတ်ခဲ့ကြတဲ့ အဖွဲအစည်းတွေဟာ ဗကသ၊ ရကသ၊ BYLF တပ်ဦး၊ မကဒ တပ်ဦးက လူတွေစုဆုံ ဆွေးနွေးဆုံးဖြတ်ခဲ့ကြတာက ရန်ကင်၊ အခန်( ၁၃ ) ၊ တိုက်အမှတ် (၂၅၇) ကိုအံ့ဘွယ်ကျော် တိုက်ခန်းမှာ ဖြစ်သည်။ ကိုကိုကြီး၊ သက်ထွန်း၊ မိုးဟိန်း၊ မိုးသီးဇွန်၊ ကျော်သိုက်၊ ခင်ဥမ္မာ၊ ကိုမင်းဇေယျ၊ လှမျိုးနောင်၊ ကိုဌေးကြွယ်၊ ကိုဝင်မိုး၊ ကိုအာင်နိုင်၊၊ ကိုသက်ထွန်း၊ ကိုဘွယ်ကြီး မောင်စောလင်း၊ မိုးမောင်မောင်၊ အောင်မျိုးတင့်၊ ဇော်မင်းနှင့် အခြားကျောင်းသားခေါင်ဆောင်မျာက တွေ့ ဆုံဆွေးနွေးဆုံးဖြတ်ချက်ချခဲ့ကြပြီး နောက်တစုကတော့ ကြည့်မြင်တိုင် အိုးဘိုရပ်ကွပ်၊ ပွဲစာလမ်း၊ အမှတ်( ၂၉ ) ဘူမိဗေဒက ဆယ်ပြာစေ့  ကျော်ကျော် အိမ်မှာပဲ ကျော်ကျော်၊ ကိုမိုးသီးဇွန်၊ ကိုကျော်သိုက်၊ ကိုဆန်နီး(၇၄) ၊ ကိုသုတ၊ မွှေးမွှေး(ပန်အိစံ) တို့ ကလဲ သြဂုတ်လ (၃)ရက်နေမှာ တွေ့ ဆုံခဲ့အပြီး ၁၉၈၈ သြဂုတ်လ ၈ ရက်နေ့ မှာ ရန်ကုန်မြို့ ထဲထွက်ဆန္ဒပြဖို့  ဆုံးဖြတ်ခဲ့ကြသေးသည်။

မကဒတပ်ဦး၊ ဗကသ၊ ရကသ အုပ်စုက ထိုဆုံဖြတ်ချက်ချပြီးနောက်မှာ ၁၉၈၈ သြဂုတ်လ ၈ ရက်နေ့ မတိုင်ခင်မှာ တချို့  ကျောင်းသားခေါင်းဆောင်တွေဟာ မိမိတို့  ဦဆောင်စည်းရုံးနိုင်မည်ဟု ကြိမ်းသေတွက်ထားကြတဲ့ မြို့ တွေ ၊ ဒါမှမဟုတ် မိမိတို့ နေထိုင်ခဲ့တဲ့ မြို့ တွေကို ထွက်ခွာခဲ့ကြတဲ့အတွက် ၁၉၈၈ သြဂုတ်လ ၈ ရက်နေ့  ရန်ကုန်မြို့ ပေါ်က သိန်းဂဏန်နီပါးထွက်လာခဲ့ကြတဲ့ ရန်ကုန်မြို့  လမ်းမကြီးတွေနဲ့ ရန်ကုန်ဆူလေးတ၀ိုက် ၊ရန်ကုန် မြို့ တော်ခန်းမရှေ့ သပိတ်စခန်းတွေကို မရောက်လာနိုင်ခဲ့ကြပါ။ ထိုနေ့ က တင်္နနွေနေ့ ဖြစ်ပြီး ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်များ ဖြစ်နေခဲ့သော်လည်။ မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရ လက်ထပ် အထွေထွေ အကြပ်တည်တို့ ကို ရင်ဆိုင်နေခဲ့ရသော ပြည်သူများ၊ ကျောင်းသားများက ၁၉၈၈ မတ်လအတွင်းဖြစ်ခဲ့သော ကျောင်းသားအရေးအခင်းများ၏ လှုံဆော်မှု၊ စီပွားရေးကြပ်တည်မှု၊ သတင်းဌာနများမှတဆင့် ဖမ်းဆီးခံကျောင်းသားများ၏ လှုပ်ဆော် စည်းရုံးမှုတွေကြောင့် မိမိတို့ မြို့ နယ်အလိုက် တူရာတူရာ လူအုပ်စုအလိုက် ၁၉၈၈ သြဂုတ်လ ၈ ရက်နေ့  နေ့ လည် ၁၁နာရီခွဲ အချိန်က စတင်ပြီး တဖွဲ့ ချင်း၊ တစုချင်း ရောက်လာခဲ့ကြတော့သည်။ ထိုကြောင့် ထိုအချိန်မှာ ရှိခဲ့သော ဗကသ၊ ရကသ၊ BYLF ကျောင်းသားတပ်ဦး၊ မကဒ ကျောင်းသားတပ်ဦး များ၏ ဖြောင်ဖွင့်တိုက် စည်းရုံဆော်သြော် လှုပ်ရှားမှု တိုက်ကွက်တို့ အား မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရ ကျဆုံးသွားသည့်တိုင် အရေးနိမ့်သွားခဲ့ရတော့သည်။

(ဆက်ရန်)
(မှတ်ချက်-- BYLF၏ အလံနှင့် တိကျသော အချက်အလတ်တို့ အား ကိုမောင်မောင်ကျော်မှ ရရှိပါသည်။)

ထွန်းထွန်း (အရေးတော်ပုံတပ်သား)

၁၁-၀၇-၁၈

No comments:

Post a Comment