Latest News

Monday, July 30, 2018

ရန်ကုန်မြို့၌ ယာဉ်ကြောပိတ်ဆို့မှုနည်းသည့် ၃၅ ယာဉ်လိုင်း ခရီးသည်စီးနင်းမှုများပြား

ရန်ကုန်မြို့၌ ယာဉ်ကြောပိတ်ဆို့မှုနည်းသည့် ၃၅ ယာဉ်လိုင်း ခရီးသည်စီးနင်းမှုများပြား

ရန်ကုန်   ဇူလိုင်   ၂၉

မြောက်ဥက္ကလာပမှ  ရန်ကုန်မြို့တွင်းသို့သွားရန် စီးနင်း နေရသော ယာဉ်လိုင်းများတွင် ယာဉ်လိုင်း  ၃၅   သည် အခြားယာဉ်လိုင်းများထက် ယာဉ်ပိတ်ဆို့မှုနည်းသည်ဟု ကျောက်ရေတွင်းမှတ်တိုင်မှ ရန်ကုန်မြို့တွင်းသို့ နေ့စဉ် သွားနေရသူ ကိုဖိုးဇော်က ဆိုသည်။

ကျောက်ရေတွင်းမှ ရန်ကုန်မြို့တွင်းသို့သွားရာတွင် သမိုင်း-ဘုရင့်နောင်လမ်းကြောင်းအတိုင်း သခင်မြပန်းခြံသို့ ယာဉ်လိုင်းတစ်လိုင်း၊  ပြည်လမ်းအတိုင်း   မော်တင်သို့ ယာဉ်လိုင်းတစ်လိုင်း၊ ကမ္ဘာအေးစေတီလမ်းအတိုင်း ဆူးလေ သို့ ယာဉ်လိုင်းတစ်လိုင်း၊ ကမ္ဘာအေးစေတီလမ်း စက်မှု(၁)- တာမွေ-ကျောက်မြောင်း-ပန်းဆိုးတန်းသို့   ယာဉ်လိုင်း တစ်လိုင်း အသီးသီးရှိသည်။

ယင်းယာဉ်ကြောများအနက် ပြည်လမ်းယာဉ်ကြော သည် အခြားယာဉ်ကြောများထက်  နေ့ပိုင်းတွင်  ယာဉ် ပိတ်ဆို့မှုနည်းသည်။  ပြည်လမ်းနှင့် ပါရမီလမ်းဆုံတစ်နေရာ    နှင့် ဟံသာဝတီအဝိုင်းတစ်နေရာတွင်သာ  ယာဉ်ကြော ကျပ်ခြင်းရှိသည်။ သို့သော် ဇူလိုင်  ၂၈  ရက်  နံနက်  ၆  နာရီဝန်းကျင် ယာဉ်ကြောရှင်းချိန်  ကျောက်ရေတွင်းမှ မော်တင်ခရီးစဉ်တွင်  မိနစ် ၂ဝ  သာ ကြာမြင့်သည်။

မြောက်ဥက္ကလာပ မြို့အဝင်ဘုန်းကြီးလမ်းအနီးနှင့် ရန်ကုန်လေဆိပ်သို့   လမ်းလွှဲအသုံးပြုခွင့်ရလာသဖြင့် ယခင်က မြို့တွင်းမှအလာ အဝိုင်းနေရာတွင် ယာဉ်ကွေ့ ရခြင်းမျိုး ယခုမရှိသဖြင့် အဝိုင်းနေရာတွင် ယခင်ထက် ယာဉ်ပိတ်မှုလျော့ကျလာသည်။

မြောက်ဥက္ကလာ-ကျောက်ရေတွင်းမှတ်တိုင်မှ ရန်ကုန် မြို့တွင်းသို့သွားရာတွင်  ပြည်လမ်းအတိုင်း  မော်တင်သို့ ပြေးဆွဲနေသေြာှ့  ၃၅  ယာဉ်လိုင်းစီးသူ ပိုများသည်။ ယာဉ်ကြောပိတ်ချိန်တွင် ယင်းခရီးစဉ်တွင်  ကြာမြင့်ချိန်  တစ်နာရီဝန်းကျင်သာကြာပြီး မြို့တွင်းမော်တင်သို့ တိုက်ရိုက် ရောက်ရှိသည်။

မြို့တွင်းမှ     မြောက်ဥက္ကလာပသို့သွားသော ယာဉ်လိုင်းခရီးစဉ်များတွင်    ရွာမကွေ့၊ သမိုင်းလမ်းဆုံ၊ ကျိုက်ဝိုင်းဘုရားလမ်း၊ ရှစ်မိုင်လမ်းဆုံ၊  ဟံသာဝတီအဝိုင်း၊  ပါရမီ၊  ပြည်လမ်းဆုံ၊ ကမ္ဘာအေးစေတီလမ်း၊  ဆီဒိုးနား၊   ချော်တွင်းကုန်း၊ တာမွေလမ်းကြောင်းတွင် မင်္ဂလာဈေး၊  ယုဇနပလာဇာနှင့်  တာမွေ   စသည့်နေရာအသီးသီးတွင် ယာဉ်ပိတ်ဆို့မှုများ ကြုံတွေ့ရတတ်သည်။ ပုံမှန်ရုံးဖွင့်ရက် များတွင် ယာဉ်ကြောပိတ်ဆို့မှုနည်းသော လမ်းကြောမရှိ သလောက်ဖြစ်သည်။ ယင်းအချိန်တွင်   ပြည်လမ်းအတိုင်း ကျောက်ရေတွင်း၊  မြောက်ဥက္ကလာပ  မယ်လမုဘုရားဘက်မှ ရန်ကုန်မြို့တွင်းသို့သွားသည့်    ၃၅  ယာဉ်လိုင်းသည် ယာဉ်ပိတ်ဆို့ခြင်းနည်းသဖြင့် ခရီးသည်များ အားထားစီးနေ ရသည်ဟု  ဆိုသည်။  ယာဉ်အစီးရေလည်း  များသည်ဟု ခရီးသည်တစ်ဦးက ဆိုသည်။       

မောင်စေအောင်

No comments:

Post a Comment