Latest News

Tuesday, July 24, 2018

အိကျူစံ၏ အားသာချက် အားနည်းချက်များကို လေ့လာနေပြီး အလဲထိုး အနိုင်ယူမည်ဟု စိုးလင်းဦး ကြုံးဝါး

အိကျူစံ၏ အားသာချက် အားနည်းချက်များကို လေ့လာနေပြီး အလဲထိုး အနိုင်ယူမည်ဟု စိုးလင်းဦး ကြုံးဝါး

ရန်ကုန်  ဇူလိုင်  ၂၃

မြန်မာ့လက်ဝှေ့ကျော်  စိုးလင်းဦးသည် လက်ရှိတွင်    ထိုင်းဖိုက်လက်ဝှေ့သမား အိကျူစံနှင့်   ပွဲစဉ်အတွက် ပြင်ဆင်လေ့ကျင့်လျက်ရှိပြီး  အားသာချက်၊ အားနည်းချက်များကို လေ့လာကာ အလဲထိုး အနိုင်ယူမည်ဖြစ်ကြောင်း  ကြုံးဝါး ထားကြောင်း  သိရသည်။

စိုးလင်းဦး (မြန်မာ) နှင့် အိကျူစံ (ထိုင်း)တို့၏ ပွဲစဉ်ကို  သြဂုတ်  ၅  ရက်တွင် ရန်ကုန်မြို့ရှိ သိမ်ဖြူလက်ဝှေ့  အားကစားရုံ၌ ကျင်းပမည် ဖြစ်သည်။

''လက်ရှိမှာတော့ အိကျူစံနဲ့ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေပါတယ်။ အဓိကကတော့ သူ့ရဲ့အားသာချက်၊  အားနည်းချက်တွေကို လေ့လာဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ အလဲထိုးနိုင်ဖို့   ကြိုးစားသွားမှာပါ''  ဟု စိုးလင်းဦးကပြောသည်။

စိုးလင်းဦးသည် ဇွန်လပထမပတ်တွင် မန္တလေးမြို့၌ ထိုင်းဖိုက်လက်ဝှေ့သမား ဆန်မန်နီးနှင့် နောက်ဆုံး ယှဉ်ပြိုင်ခဲ့သည်။

ထို့ပြင် အိကျူစံသည် ပြည်တွင်း၌ စောဂေါ်မူဒို၊ ဖျံသွေးတို့နှင့် ယှဉ်ပြိုင်ခဲ့ပြီး တစ်ပွဲသရေ၊ တစ်ပွဲရှုံးနိမ့်ထားသည်။  စိုးလင်းဦးနှင့် အိကျူစံတို့၏ ပွဲစဉ်ကို သြဂုတ် ၅ ရက်တွင် ကျင်းပမည့် Lethwei  Nation Final ပွဲစဉ်၌  ထည့်သွင်း ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

MWD

No comments:

Post a Comment