Latest News

Thursday, July 26, 2018

တိုင်းပြည်၏ ပို့ကုန် တန်ဖိုး တိုးမြင့်လျက်ရှိ။ လိုငွေ ပြမှု ကျဆင်း


ယခုနှစ် ဧပြီလ ၁ ရက်နေ့မှ ဂျုလိုင်လ ၁၃ ရက်အတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ပို့ကုန် တန်ဖိုးသည် ဒေါ်လာ ၄.၅၂ ဘီလီယံ ရှိပြီး သွင်းကုန်တန်ဖိုးသည် ဒေါ်လာ ၅.၆၄ ဘီလီယံ ရှိ၍ ကုန်သွယ်ရေး လိုငွေ ပြမှုသည် ဒေါ်လာ ၁.၁၂ ဘီလီယံ ရှိသည်ဟု ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ထုတ်ပြန်သော အစီရင်ခံစာအရ သိရသည်။

ထို့အတွက် စုစုပေါင်း ကုန်သွယ်ရေး ပမာဏသည် ဒေါ်လာ ၁၀.၁၆ ဘီလီယံ ရှိပေသည်။ ထိုအထဲတွင် နယ်စပ်ကုန်သွယ်ရေး ပမာဏ သည့် ဒေါ်လ ၂.၂၈ ဘီလီယံ ရှိပြီး ဆိပ်ကမ်းမှ အ၀င်အထွက်သည် ဒေါ်လာ ၇.၉ ဘီလီယံ ရှိသည်ဟုလည်း ဖေါ်ပြထားသည်။ ထို့အတွက် ဆိပ်ကမ်းများမှ ကုန်သွယ်ရေး ပမာဏ၏ စုစုပေါင်း ၈၀% ကို ပြုလုပ်လျက် ရှိနေပေသည်။

ယမန်နှစ် အလားတူ ကာလအပိုင်းအခြားနှင့် နှိုင်းယှဉ်လျင် ပို့ကုန် တန်ဖိုးသည် ဒေါ်လာ သန်း ၉၇၀ ခန့် မြင့်တက်လာခဲ့ပြီ သွင်းကုန်တွင်လည်း ဒေါ်လာ သန်းပေါင်း ၄၇၀ ခန့် မြင့်တက်လာခဲ့သည်ဟု နှိုင်းယှဉ် စာရင်းဇယား များအရ သိရသည်။ ကုန်သွယ်ရေး လိုငွေပြမှု တန်ဖိုးသည် ထိုကာလ က ဒေါ်လာ ၁.၆ ဘီလီယံ ရှိခဲ့သည်ဟု သိရသည်။
လှစိုးဝေ

No comments:

Post a Comment