ဆိုက်ကယ်သမားသေဆုံး
ရန်ကုန် ဇွန် ၈
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်တွင်ဇွန်(၈)ရက်နံနက် (၈း၃၅)ခန့်ကYBS.အမှတ်(၉)ယာဉ်လိုင်းမီနီဘတ်စ်(5L.------) သည် ဧရာဝဏ်လမ်းအတိုင်းအရှေ့ဘက်မှအနောက်ဘက်သို့ အရှိန်
ဖြင့်မောင်းနှင်လာပြီး(၁၀)မြောက်ရပ်ကွက်န၀ရတ်လမ်းဆုံကွေ့အရောက်တွင် ကားနှစ်စီးအားဆင့်ကဲတိုက်ခြင်းဖြစ်ကာ ဆိုက်ကယ်ကယ်ရီဂိတ်တွင် ခရီးသည်စောင့်ဆိုင်း နေသည့် ဆိုက်ကယ်လေးစီး ကို
ဝင်ရောက် တိုက်မိပြီးနောက် တုံးလုံးလဲ ကျသွားခဲ့သည်။
ဖြစ်စဉ်မှာ ခရီးသည်တင်ဆောင်မောင်းနှင်လာသော YBS.မီနီဘတ်စ် (5L.----)ယာဉ်သည်ဧရာဝဏ်လမ်းအတိုင်းအရှေ့ဘက်မှအနောက်ဘက်သို့အရှန်ဖြင့်မောင်းနှင်လာပြီး န၀ရတ်လမ်းကျယ်ကွေ့ အောင်စည်းစိမ် လက်ဘက်ရည်ဆိုင်ရှေ့အရောက် န၀ရတ်လမ်းအတိုင်း မောင်းနှင်လာသည့်လိုက်ထရက်(HK.-----)ယာဘက်ခေါင်းခြမ်းအားတိုက်မိခဲ့ပြီး လိုက်ထရက်ယာဉ်ကလမ်းဘေးရပ်တန့်
ထားသည့်ပရိုဘောက်(DD.-----)၏ဘယ်ဘက်ခေါင်းဘေးပွတ်တိုက်မိခဲ့သည်။အရှိန်မထိန်းနိုင်သောYBS.အမှတ်(၉)မီနီဘတ်ယာဉ်သည် ဆိုက်ကယ်ကယ်ရီဂိတ်တွင်ခရီးသည်စောင့်ဆိုင်းနေသော ဆိုက်ကယ်လေးစီးအားဝင်ရောက်တိုက်ကာတုံးလုံးလဲသွားခဲ့သည်။
YBS.တိုက်မှုကြောင့် လိုက်ထရက်ယာဉ်မောင်းအနည်းငယ် ထိခိုက်ဒါဏ်ရာရရှိခဲ့ပြီးဆိုင်ကယ်ကယ်ရီသမားတစ်ဦးမှာ YBS.ယာဉ်တိုက်မိပြီး ဆိုက်ကယ်သမားပေါ်သို့တုံးလုံးလဲကျခဲ့ရာ အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့သည်။YBS.ယာဉ်ပေါ်ပါခရီးသည်(၉)ဦးအနည်းငယိဒါဏ်ရာရရှိခဲ့သည်။YBS.ယာဉ်မောင်းမှာဖြစ်ပွားသည့်နေရာမှထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်၍ YBS.ယာဉ်မောင်း ဇော်လွင် အသက်(၃၀)ခန့် အား သာကေတမြို့နယ် မြို့မရဲစခန်းမှ ကနဦးအမှုဖွင့်၍ အမှတ်(၆) ယာဉ်ထိန်းရဲ တပ်ဖွဲမှ ဒုရဲအုပ်စိုးသူ ကစစ်ဆေးဆောင်ရွက်လျှက် ရှိကြောင်းသတင်းရရှိသည်။
မြန်မာ့အလင်း၊ကိုကြီးစိုး(ဆိပ်ကမ်း)
No comments:
Post a Comment