Latest News

Friday, June 8, 2018

မန္တလေး -ပုဂံ အစုန်ရထား စက်ခေါင်းလမ်းချော် မှုဖြစ်

မန္တလေး -ပုဂံ အစုန်ရထား စက်ခေါင်းလမ်းချော် မှုဖြစ်

နွားထိုးကြီး            ဇွန်-၈

  မန္တလေးမှ ပုဂံသို့ ထွက်ခွာလာသော၁၂၀  အစုန်
အမြန်ရထားစက်ခါင်းလမ်းချော်ပြီး  ၄၅ ဒီကရီ တိမ်းစောင်းမှုဖြစ်ပွားသည်။

          ဖြစ်စဉ်မှာ ဇွန် ၇ ရက် ည ၈ နာရီ  ၁၅  မိနစ်က မန္တလေးဘူတာမှ စတင် ထွက်ခွာလာသော မန္တလေး-ပုဂံ ၁၂၀
အစုန်  အမြန်ရထားသည်  ဇွန် ၈ ရက် နံနက် ၃ နာရီခွဲ အချိန်
ခန့်တွင် သစ်ထောင့်ဘူတာနှင့် ပုလင်းဘူတာကြားမိုင်တိုင်
အမှတ်  ၃၉၉/၂၄ နှင့်  ၄၀၀ / ၂ ကြားလှည်းလမ်းကူးတွင်
သဲဖုံးနေ၍  စက်ခေါင်းအမှတ်  DD/ ----  သည် လမ်းချော်
ကျပြီး  တိမ်းစောင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

        မိုးရွာထားရာမှ ရထားလမ်း သဲဖုံးနေရာ သံလမ်းမနင်းမိပဲ ဘေးချော်နင်းမိ၍ တိမ်းစောင်းမှု ဖြစ်ရကြောင်း၊   ရထားစက်ခေါင်းတိမ်းစောင်းမှုကြောင့် ခရီးသည်များခရီးနှောင့်နှေးမှု မဖြစ်စေရန် မြန်မာ့မီးရထားမှ ပုဂံဘူတာသို့ကားများနှင့်ပို့ဆောင်ပေးနေကြောင်း၊ကရိန်းအဖွဲ့များလာနေပြီဖြစ်ပြီး  ကရိန်းရောက်မှ မတင် နိုင်မည်ဖြစ်ကြောင်း မြန်မာ့မီးရထား  တိုင်းအမှတ်  ၁၁ စက်မှုဌာန တာဝန်ရှိသူတစ်ဦးက
ပြောသည်။

       ယနေ့ညနေပိုင်းတွင် ပခုက္ကူဘူတာမှ မီးရထားစက်ခေါင်းဖြင့် ခရီးစဉ်မပျက် ပြန်လည်ပြေးဆွဲရာ နွားထိုးကြီးဘူတာ
မှ မန္တလေးသို့ ထွက်ခွာသွားကြောင်း သိရသည်။

ခင်ဇာမွန်မြင့် - ဥပဒေ

No comments:

Post a Comment