Latest News

Tuesday, June 26, 2018

သန်လျင် ရေကြောင်းတက္ကသိုလ်-ထောက်ကြန့် YBS 32 ယာဉ်လိုင်းသစ် စတင်ပြေးဆွဲ

သန်လျင် ရေကြောင်းတက္ကသိုလ်-ထောက်ကြန့်
YBS 32 ယာဉ်လိုင်းသစ် စတင်ပြေးဆွဲ

ရန်ကုန် ဇွန် ၂၆

ခရီးသွားပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူဒေသခံများ သွားလာမှုလွယ်ကူချောမွေ့စေရန် အတွက် သန်လျင်ရေကြောင်း တက္ကသိုလ်မှ ထောက်ကြန့်အထိပြေးဆွဲမည့် လူထုမိတ်ဆွေ အကျိုးပြု စတုတ္ထ မြောက် YBS 32 ယာဉ်လိုင်းသစ်ဖွင့်ပွဲကိုဇွန် ၂၆ ရက် နံနက်ပိုင်းကသန်လျင်ရေကြောင်းတက္ကသိုလ်အတွင်းကျင်းပပြီးသန်လျင်ဘက်တွင် ထားရှိပြေးဆွဲမည့် ယာဉ်အစီးရေ ၂၅ စီးထောက်ကြန့် မြို့ရှောင်လမ်း(ဂိတ်ဖျား)မှ ယာဉ်အစီးရေ ၂၅ စီးစုစုပေါင်းယာဉ်အစီးရေ ၅၀ စီးဖြင့် စတင်ပြေးဆွဲသွားမည်ဖြစ်ကြောင်းလူထုမိတ်ဆွေ အများနှင့်သက် ဆိုင်သောကုမ္ပဏီလီမိတက်မှ သိရသည်။

လူထုမိတ်ဆွေ အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်မှ Operation Director ကိုတရုတ်လေးမှ ပြောကြားရာတွင် ပိုမိုကောင်း မွန်သောပို့ဆောင်ရေးစနစ် ဖြစ်ပေါ်လာစေရေးရည်ရွယ်ချက်ဖြင့် ခရီးသွားပြည်သူတွေ အဆင်ပြေချောမွေ့စေရေးနှင့် တက္ကသိုလ်အခြေပြု ယာဉ်လိုင်းတွေကိုဦးစားပေးလုပ်ဆောင်ဘို့ ရည်ရွယ်ချက်တွေ ရှိပါတယ်၊ ယခင်တုန်းကမီနီဘတ်စ်ယာဉ်လေးတွေ ပြေးဆွဲပြီးယာဉ်စီးရေနည်း တာရယ်၊ ၀န်ဆောင်မှုအပိုင်း လိုအပ်ချက်တွေရှိတာကြောင့် ဒီကနေ့မှာ YBS 32ကိုတော့ ယာဉ်အသစ်အနေနဲ့ အစားထိုးပြေးဆွဲခြင်းဖြစ်ကြောင်း ယာဉ်အမျိုးအစားကတော့ ဘတ်စ်ကားတွေဖြစ်ပြီးယာဉ်စီးရေ ၅၀ ဖြင့် ပြေးဆွဲသွားမှာဖြစ်ပါသည်။ ယခင်ကတော့ မထသယာဉ်လိုင်းတွေပေါ့။ ဒီကနေ့မှာတော့ YBS ဆိုတော့ ၀န်ဆောင်မှုအပိုင်းကိုဘဲ ဦးစားပေးလုပ်ပါတယ်။ ကျွန်တော်တို့လက်ရှိဖွင့်ထားတဲ့ ယာဉ်လိုင်း78၊ 93၊ 94 ယာဉ်လိုင်းတွေမှာသက်ကြီးရွယ်အိုများ၊ သံဃာတော်၊ ကျန်းမာရေးမကောင်းသူ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ မသန်စွမ်းသူများ၊ မူလတန်း၊ အလယ်တန်း၊ ကျောင်းသားကျောင်းသူတွေကိုယာဉ်စီးခအခမဲ့ ပေးထားပြီးဒီကနေ့ YBS 32 ယာဉ်လိုင်းသစ် ဖွင့်တဲ့ မင်္ဂလာနေ့ဖြစ်သောကြောင့် ခရီးသွားပြည်သူများကိုလည်း ယာဉ်စီးခအခမဲ့ပေးထားပါကြောင်း၊ ယာဉ်လွတ်စနစ်ကိုတော့ ထောက်ကြန့်ဘက်မှ နံနက် ၅ နာရီမှ စတင်ဂိတ်လွတ်ပြီးသန်လျင် ဘက်မှလည်းနံနက် ၅ နာရီမှ စတင်ဂိတ်လွတ်ကာည ၈ နာရီအထိပြေးဆွဲမည်ဖြစ်ပြီး ခရီးစဉ် ပြေးဆွဲတဲ့အကွာ အဝေးကြာမြင့် ချိန်ကိုမူတည်ပြီးတော့ လိုအပ်ရင် ယာဉ်စီးရေထပ်တိုးပေး ဖို့ရှိကြောင်းလူထုမိတ်ဆွေ အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်မှ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာနည်းပညာကိုရယူပြီးပိုမိုကောင်းမွန်တဲ့ သယ်ယူပို့ဆောင်ရေးစနစ်တွေ ပြုလုပ်သွား မှာဖြစ်ကြောင်းပြောကြားသည်။
 ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းမှ ပြောကြားရာတွင် အစိုးရသစ် လက်ထပ်တွင် အများပြည်သူများ ခရီးသွားလာဖို့ အဆင်ပြေစေရေးအတွက် ယခင် မထသစနစ်မှ YBS စနစ်သို့ ပြောင်းလဲကျင့်သုံးခဲ့တာကြောင့် အဆင်ပြေမှုရှိသလို မပြေမှုလဲရှိကြောင်း၊ အရင်က ယခုယာဉ်လိုင်းတွင် မီနီဘတ်စ်ယာဉ်တွေမှ ရေကြောင်းတက္ကသိုလ်နှင့် အောင်မင်္ဂလာအဝေးပြေးသို့ ပြေးဆွဲပေးလျက်ရှိရာ ခရီးသည်ပို့ဆောင်မှုတွေမှာ အဆင်မပြေမှုတွေရှိကြောင်း၊ အဲ့ဒီအဆင်မပြေမှုတွေမှာ ရေကြောင်းတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူတွေလည်း ပါရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူတွေ ဆိုတာကတော့ အနာဂတ်ရဲ့ ခေါင်းဆောင်သစ်တွေဖြစ်တဲ့အတွက်ကြောင့် သူတို့ရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးပြီး ကျောင်းသား၊ ကျောင်းသူတွေရဲ့ တင်ပြမှုအပေါ်မှာ သက်ဆိုင်ရာတာဝန်ရှိသူတွေက အခုလိုမျိုး City Bus ယာဉ်တွေကို အစားထိုးပြီး ပြေးဆွဲတာဖြစ်ပါတယ်။ လူထုမိတ်ဆွေ အများနှင့်သက်ဆိုင်သောကုမ္ပဏီအနေနှင့် City Bus အစီး ၅၀ ဖြင့် စတင်ပြေးဆွဲပေးပြီး ခရီးသည်အနေနဲ့ရော ကျောင်းသား၊ ကျောင်းသူအနေနဲ့ရော မိမိတို့တွေ့ကြုံရတဲ့ အခြေအနေပေါ်မှာ အဆင်ပြေမှု၊ အဆင်မပြေမှုတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေထံကို အကြောင်းကြားပြီး သက်ဆိုင်ရာတာဝန်ရှိသူများကလည်း ဖြေရှင်းပေးသွားမှာဖြစ်တဲ့အတွက် ပြည်သူတွေက ပူးပေါင်းပါဝင်ပေးကြဖို့ လိုကြောင်းပြောကြားသည်။
အဆိုပါ YBS 32 ယာဉ်လိုင်းမှာယာဉ်စီးခခရီးစဉ် အစ/အဆုံး၃၀၀ ကျပ်ဖြစ်ပြီးရေကြောင်းတက္ကသိုလ် ဂိတ်စမှ ရေကြောင်းလမ်းဆုံဖားအောက်၊ ကျိုက်ခေါက်ဘုရား၊ ၁၈ ကုန်းထိပ်၊ အောင်ချမ်းသာ၊ ဆည်မြောင်း၊ သမ၀ါယမကောလိပ်၊ ကျားဘုရား၊ ဆေးရုံအပေါ်ကွေ့၊ အောက်ကွေ့၊ ပဲခူးစု၊ ဖို့မြေ၊ သန်လျင်မြို့မဈေး၊ မြို့မလမ်း၊ ဒါရ်ဂါလမ်းဆုံ၊ ရေနံဂိတ်ဝ၊ အောင်သုခမီးပွိုင့်၊ လက်မှတ်ဂိတ်၊ တံတားထိပ်တို့ဖြစ်ပြီးရန်ကုန်ဘက်ခြမ်းတွင် ဆောက်လုပ်ရေးမှတ်တိုင်၊ ၁၀၈ တောင်ဘုရား၊ သာကေတအ၀ိုင်း၊ ၈ ဂိတ်၊ မြေနီ၊ ကျောင်းကွေ့၊ အနော်မာ၊ ကျောက်တိုင်၊ သုဝဏ္ဏလမ်းဆုံ၊ သုဝဏ္ဏဘော်လုံးကွင်း၊ အသင်းတိုက်၊ ခပ်ချီးယား၊ ဇ၀နလမ်းဆုံ၊ သရက်တော၊ အောင်ရတနာ၊ ၁၄/၁၅ လမ်းဆုံ၊ ပဒေသာ၊ ရုံးရှေ့၊ တောင်ဥက္ကလာစာတိုက်၊ အင်းဝ၊ နန္ဒ၀န်ဈေး၊ တကောင်း၊ ကေတုမာလာကွေ့၊ ပင်းယ၊ တပ်ရင်း ၁၆၊ ၄၃၆ မှတ်တိုင်၊ ၄၃၅ မှတ်တိုင်၊ အုတ်ပုံဆိပ်၊ ကျောင်းလမ်း၊ ၂ ဈေး၊ ကျောင်းကွေ့၊ ဘုန်းကြီးလမ်း/မယ်လမု၊ ကျောက်ရေတွင်း၊ မြောက်ဥက္ကလာပအ၀ိုင်း၊ ဃ ဈေး၊ သန္တာ၊ ၀ဇီယာ၊ သုနန္ဒာ၊ ကုန္ဒာ၊ ဥဇ္ဇနာ၊ ကန်သာယာ၊ ဧရာ၊ ၆ ကွေ့၊ ဓမ္မာရုံ၊ အောင်မင်္ဂလာအဝေးပြေး၊ အမှတ်(၃)လမ်းဆုံ၊ အလယ်ပေါက်၊ တရားရုံး၊ အိုးအမ်၊ ညောင်ပင်၊ သင်္ကန်းကျွန်းကြီး၊ ၁၂ လမ်း၊ ပုလဲအိမ်ရာ၊ ၆ လမ်း၊ ရခိုင်ကျောင်း၊ တံတားဖြူ၊ သုံးသုံးလုံး၊ မှိုရုံ၊ ကျောင်းရှေ့၊ နီလာ၊ ဆိုင်းဘုတ်၊ ဂိတ်ဟောင်း (လန်ဒန်)၊ ရေစက် (ကုန်းတလပေါင်)၊ တပ်ရင် ၉၊ ဆိုဒ်သစ်၊ ဓားဆိုင်၊ နွယ်ခွေ၊ ၄ ရပ်ကွက်၊ ၁ ရပ်ကွက်၊ ကျောင်းရှေ့၊ လမ်းသစ်၊ ပုပ္ပါး၊ ထောက်ကြန့်လမ်းဆုံ၊ အောက်ဂိတ်(အမှတ်(၇)လမ်းမကြီး )၊ မြို့ရှောင်လမ်း(ဂိတ်ဖျား)ထိပြေးဆွဲမည်ဖြစ်ပြီး ယာဉ်စီးခရီးသည်များ အနေဖြင့် တရားဝင်မှတ်တိုင်တွင်သာ ကားစောင့်ပေးပါရန်နှင့် ရှေ့ပေါက်တက်၊ နောက်ပေါက်ဆင်းစနစ်ကိုလိုက်နာပေးပါရန်၊ ယာဉ်စီးခကိုတိကျစွာထည့်ပေးခြင်းဖြင့် ယာဉ်ကူမပါသောကြောင့် အကြွေဆောင်လာပေးပါရန် ယာဉ်ပေါ်သို့ လက်တစ်ဆွဲမှအပ မည်သည့်ပစ္စည်းမှ မယူရန်နှင့် အနံ့ပြင်းသောအရာများ ယူဆောင် မလာပါရန် ယာဉ်ပေါ်တွင် မည်သည့်အစားအစာမှ စားသုံးခြင်းမပြုရန်နှင့် ယာဉ်ပေါ်တွင် အမှိုက်မပြစ်ရန်၊ ဆေးလိပ်၊ ကွမ်းမစားကြရန် မေတ္တာရပ်ခံ ထားကြောင်းသိရသည်။

မြန်​မာ့အလင်း၊သက်ခိုင် (သန်လျင်)

No comments:

Post a Comment