ယူနန်ပြည်နယ်တွင် သောကြာနေ့မှ စတင်ပြီး တနင်္လာနေ့ ညနေပိုင်းအထိ သည်းထန်စွာ ရွာသွန်းခဲ့သဖြင့် လူပေါင်း ၉၈ဝဝဝ ခန့်ကို ဘေးဒုက္ခရောက်စေခဲ့သည် ဟု ဒေသဆိုင်ရာ တာဝန်ရှိသူများက ပြောကြားသည်။
လူ ၁၃၁ ဦးကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ကယ်တင်ထားပြီး ကောက်ပဲသီးနှံ စိုက်ခင်း ဟက်တာ ၃၈၈ဝ ကျော်နှင့် လူနေအိမ် ၂ဝဝ နီးပါး ပျက်စီးဆုံးရှုံးခဲ့ရသည်။
ကွမ်ရှီးကျန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင်လည်း လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့ ကတည်းက မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းခဲ့ကာ တနင်္လာနေ့ညနေပိုင်းတွင် လူပေါင်း ၁၂၄ဝဝဝ ကျော် ဘေးဒုက္ခ ရောက်ခဲ့ပြီး လူပေါင်း ၂ဝဝဝ ဘေးလွတ်ရာ သို့ ရွှေ့ပြောင်းပေးခဲ့ရသည်။ ကောက်ပဲသီးနှံ စိုက်ခင်း ဟက်တာ ၅၆၃ဝ ခန့်နှင့် လူနေအိမ် ၁ဝဝဝ ခန့် ပျက်စီးခဲ့ရသည်။
အင်္ဂါနေ့အထိ မိုးသည်းထန်စွာ ရွာသွန်း နိုင်ဖွယ်ရှိသည်ဟု ဒေသဆိုင်ရာ မိုးလေဝသ ဌာနက ထုတ်ပြန်ကြေညာထားသည်။
Mirror
No comments:
Post a Comment