Latest News

Monday, June 25, 2018

အီးယူ နှင့် ကနေဒါ မှ တပ်မတော် အရာရှိကြီး (၇) ဦးအား ဒဏ်ခတ် အရေးယူ မည့် စာရင်းပါသူများ

လူဇင်ဘတ် တွင် အခြေစိုက်သည့် အီးယူ မှ အောက်ပါ တပ်မတော် အရာရှိကြီး (၇) ဦး ၏ ပိုင်ဆိုင်မှုများ နှင့် အီးယူ နိုင်ငံများသို့ ခရီးသွားလာခွင့် ပိတ်ပင်လိုက်သည့်အပြင် မြန်မာတပ်မတော်အား လက်နက်ရောင်းချမှု ပိတ်ပင်ထားခြင်းကို သက်တမ်း တိုးမြှင့်ခြင်း၊ နှင့် လေ့ကျင့်ပညာပေးရေး အပါအ၀င် မည်သို့သော ပူးပေါင်းဆောင်ရွက်မှုမျိုးကို မဆို မပြုလုပ်ရန် တားမြစ်လိုက်ပါတယ်။

အီးယူ မှ အရေးယူသည့် တပ်မတော်အရာရှိ (၇) ဦးမှာ--

(၁) ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ကျော်ဇော်
(အမှတ် ၃ အထူး စစ်ဆင်ရေး ဗျုရို တပ်ရင်းမှုး)
(၂) ဗိုလ်ချုပ် မောင်မောင်စိုး
(အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှုး)
(၃) ဗိုလ်မှုးချုပ် သန်းဦး
(အမှတ် ၉၉ ခြေမြန်တပ်မ တပ်ရင်းမှုး)
(၄) ဗိုလ်မှုးချုပ် အောင်အောင်
(အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ် တပ်ရင်းမှုး)
(၅) ဗိုလ်ချုပ် ခင်မောင်စိုး
(အမှတ် ၁၅ ခြေလျင်တပ်ရင်းမှုး)
(၆) ဗိုလ်မှုးချုပ် သူရ စောလွင်
(နယ်ခြား လုံခြု့ရေး ရဲ တပ်ရင်းမှုး)
(၇) သန့်ဇင်ဦး
(အမှတ် ၈ ရဲ လုံခြုံရေး တပ်ရင်းမှုး) တို့ ဖြစ်တယ်လို့ EU Laws and Publication မှာ ဖေါ်ပြထားပါတယ်။

အဆိုပါ ပြစ်ဒဏ်ခတ်မှုသည် ၂၀၁၂ အတွင်း ဒီမိုကရေစီ သို့ ရွေ့လျားမှု အဖြစ် ကန့်သတ်ထားချက်များ ပြန်လည်ဖြေလျော့ပေးခဲ့မှု ကို ပြန်လည်ထားရှိခဲ့ခြင်း လို့ ပြောလို့ ရပါတယ်။

ကနေဒါကလည်း အဆိုပါ တပ်မတော် အရာရှိကြီး (၇) ဦးအားလည်း ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။

ထိုအမည်စာရင်းတွင် ပါဝင်သူ ဗိုလ်ချုပ် မောင်မောင်စိုးအား အမေရိကန် ပြည်ထောင်စု မှ ပြစ်ဒဏ်ခတ်ပြီးနောက် ရာထူးမှ ရွှေ့ပြောင်းပြီးခဲ့ပြီး တနင်္လာနေ့က စွမ်းဆောင်ရည် ညံ့ဖျင်းသည်ဟု ဆိုကာ ရာထူးမှ ဖယ်ရှားပြစ်လိုက်ပါတယ်။

အလားတူ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ကျော်ဇော အားလည်း တာဝန် ထမ်းဆောင်ရာတွင် ပြစ်ချက် ရှိသည်ဆိုကာ မေလ အတွင်းက ရာထူးမှ နှုတ်ထွက်ခွင့် ပြုခဲ့ပြီး ဖြစ်ပါတယ်။

NLD သတင်း ပြန်ကြားရေး ကော်မီတီဝင် မုံရွာ အောင်ရှင်မှ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မည်သူတဦးတယောက်ကိုမျှ ကာကွယ်ပေးရန် အကြောင်းမရှိ၊ ပြစ်မှု ကျူးလွန်သူများ အား ပြစ်ဒဏ်ပေးလာမည့်အရေး ကို သူမကော ပါတီကပါ စိုးရိမ်မကင်း ဖြစ်နေမှာ မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောကြောင်း ကိုးကား ပြောဆိုသွားခဲ့ပါတယ်။

ထို့အပြင် ကုလသမဂ္ဂ အထူးသံတမန် ရဲ့ ရုံးခန်းကို နေပြည်တော်မှာ ဖွင့်လှစ်ဖို့လည်း အစိုးရက ခွင့်ပြုခဲ့ပါတယ်။

မြန်မာနိုင်ငံ ပြည်သူများ အကြပ်အတည်း ဖြစ်အောင်သာမက ဒုက္ခပင်လယ်ဝေတဲ့အထိ ဖြစ်အောင် ကမ္ဘာလှည့်ပြီး ကြံစည်နေကြတဲ့ ဘင်္ဂလားဒေ့ရှ် အပါအ၀င် မူဆလင်နိုင်ငံ များ အတွက် ကတော့ အမေရိကန်၊ အီးယူ တို့ရဲ့ အရေးယူခဲ့မှုများကို မည်သိုမျှ ကျေနပ်နိုင်ဖွယ် ရှိမှာ မဟုတ်ပါဖူး။

၎င်းတို့ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဂုဏ် အရှိန်အ၀ါကို ကျော်လွှားအောင် တတ်နိုင်ခဲ့ကြခြင်း မရှိသေးတာ သဘောပေါက်နေပြီလည်း ဖြစ်ပါတယ်။
လှစိုးဝေ

No comments:

Post a Comment