Latest News

Thursday, June 7, 2018

ဝိတ်တန်းအလိုက် ချန်ပီယံများထပ်မံထွက်ပေါ်လာမည့် WLC ပြိုင်ပွဲလေးပွဲ ကျင်းပရန်စီစဉ်

ဝိတ်တန်းအလိုက် ချန်ပီယံများထပ်မံထွက်ပေါ်လာမည့် WLC  ပြိုင်ပွဲလေးပွဲ ကျင်းပရန်စီစဉ်

ရန်ကုန်   ဇွန်   ၆

မြန်မာ လက်ခမောင်း ကုမ္ပဏီက တာဝန်ယူကျင်းပလျက်ရှိသည့်  WLC လက်ဝှေ့ပွဲစဉ်များကို  ၂ဝ၁၈ခုနှစ်အတွင်း  ထပ်မံ ကျင်းပရန် စီစဉ်ထားပြီး  ဝိတ်တန်းအလိုက်  ချန်ပီယံများ ထွက်လာ ဦးမည်ဖြစ်ကြောင်း WLC ပြိုင်ပွဲများ၏  သတင်း ထုတ်ပြန်ရေး တာဝန်ခံ ကိုအောင်သူထံမှ သိရသည်။

မြန်မာလက်ခမောင်း ကုမ္ပဏီသည် ယခုနှစ်အတွင်း WLC ပြိုင်ပွဲနှစ်ပွဲကို ကျင်းပခဲ့ပြီး နောက်ထပ်ပြိုင်ပွဲ နှစ်ပွဲ  ထပ်မံကျင်းပရန် ပြင်ဆင်နေကြောင်း သိရသည်။ ''WLC ပြိုင်ပွဲတွေကို တစ်နှစ်မှာ လေးပွဲ၊ သုံးလတစ်ကြိမ် ပြုလုပ်ဖို့  စီစဉ်ထားတာပါ။ လက်ရှိမှာ နှစ်ပွဲပြီးပြီဆိုတော့ နောက်နှစ်ပွဲကို ကျင်းပဖို့ ဆက်လုပ်သွားမယ်။  ခါးပတ်လုပွဲတွေ ထပ်ပါနေဦးမှာ ဖြစ်လို့ ဝိတ်တန်းအလိုက် ချန်ပီယံ တွေ ထပ်ပြီး ပေါ်ထွက် လာဦးမှာပါ'' ဟု ကိုအောင်သူက ပြောသည်။

မြန်မာလက်ခမောင်း ကုမ္ပဏီသည်   WLC-6 နှင့် WLC-7 တို့ကို နေပြည်တော်၌ ဆက်လက် ကျင်းပရန် စီစဉ် ထားပြီး   WLC-6 ကို စက်တင်ဘာလ  သို့မဟုတ် အောက်တိုဘာလတွင် လည်းကောင်း၊ WLC-7 ကို ဒီဇင်ဘာ လတွင် လည်းကောင်း ကျင်းပရန် စီစဉ်ထားသည်။

WLC ပြိုင်ပွဲမှ  လက်ရှိ အချိန်ထိ မစ်ဒယ်ဝိတ်တန်း ချန်ပီယံ ဆုကို တူးတူး၊ လိုက်မစ်ဒယ်ဝိတ်တန်း ချန်ပီယံဆုကို ဆာလာဒိုက် (ပိုလန်) နှင့် လိုက်ဝယ်တာ ဝိတ်တန်း ချန်ပီယံဆုကို ကျော်ဇင်လတ်တို့က ရရှိထားသည်။

MWD

No comments:

Post a Comment