Latest News

Thursday, June 7, 2018

ပခုက္ကူမြို့တွင်ချောင်းရေကြီး၍ နေအိမ်(၇)လုံးနှင့် ကားတစ်စီးမျောပါ

ပခုက္ကူမြို့တွင်ချောင်းရေကြီး၍ နေအိမ်(၇)လုံးနှင့် ကားတစ်စီးမျောပါ


မကွေး ဇွန် ၇


မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့တွင်ချောင်းရေကြီးခြင်းဖြစ်ပေါ်၍ အမှတ်(၃)ရပ်ကွက်ရွှေကန်သာရပ်မှနေအိမ်(၇)လုံးနှင့်ကားတစ်စီး
မျောပါခဲ့သည်ဟုသိရသည်။

"ရွှေချောင်းအမည်ရှိချောင်းရိုးတွင်ရေကြီးခြင်း မဖြစ်ပေါ်သည်မှာ (၂)နှစ်ခန့်ကြာပါပြီ ၂၀၁၈ခုနှစ် ဇွန်လ ၇ ရက် ယနေ့ ၅နာရီ
အချိန်ခန့်မှာစတင်ကာ မိုးရေများ ရေကြီးမြင့်ခြင်းဖြစ်ပေါ်ခဲ့ပြီး မနက် ၉ နာရီအချိန် ပခုက္ကူမြို့အမှတ်(၃)ရပ်ကွက် ရွှေကန်သာရပ်မှာရှိတဲ့
ရွှေချောင်းသဲသောင်မှာ ကျူးကျော်နေထိုင်နေသည့်နေအိမ်(၇)လုံး မျောပါပျက်စီပြီး ၎င်းသဲသောင်မှာဖွင့်လှစ်ထားရှိ တဲ့ကားဝပ်ရှော့ကအင်ဂျင်ဖြုတ်ထားတဲ့ကားတစ်စီးမျောပါသွားခဲ့ပါတယ်"ဟုပခုက္ကူမြို့နယ်အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်နီနီဝင်းမှပြောသည်။

"လတ်တလောအနေနဲ့စာသင်ဘုန်းတော်ကြီးကျောင်းကိုချောင်းရေဦး
တိုက်နေတဲ့အတွက်အဓိကထားပြီး ရေဦးတိုက်မှလွှတ်မြောက်အောင် ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများပူးပေါင်းကာ  ရွှေ့ပြောင်းလုပ်ဆောင်ပြီးစီးခဲ့ပြီး ဆက်လင်ဌာနဆိုင်ရာများနဲ့ ပြည်သူများပေါင်းစပ်ပြီးကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်လျှက်ရှိ
ပေမယ့်ပခုက္ကူမြို့ဒီချောင်းရိုးရဲ့အထက်ဘက်မှာ မိုးထပ်ရွာနေဦး မယ်ဆိုရင်တော့အရမ်းကိုစိုးရိမ်ရမယ့်အနေအထားတစ်ရပ်ဖြစ်နေပါတယ်"ဟု၎င်းကဆိုသည်။

ဇော်ဇော်( မြို့သစ် )

No comments:

Post a Comment